Thursday, August 30, 2007

2007 Summer

ကျောင်းတွေပြန်ဖွင့်တော့မယ်။ ကျောင်းပြန်တက်ရတော့မယ်။ နွေရာသီ၂လက ဘယ်လိုဘယ်လို ကုန်သွားမှန်းတောင်မသိလိုက်ပါဘူး။ ဒီနွေရာသီမှာ စိန့်ပီတာစဘတ် သွားဖြစ်တယ်။ ဇူကော့စကီးမှာ လုပ်တဲ့ နိုင်ငံတကာလေကြောင်းပြပွဲ သွားဖြစ်တယ်။ ပြီးတော့ မြစ်ကမ်းနံဘေး နေစာလှုံပြပွဲတွေ သွားဖြစ်တယ်။ မရောက်ဖူးသေးတဲ့ မြို့ထဲ ပတ်ဝန်းကျင်တွေ သွားဖြစ်တယ်။ ကျန်တဲ့ အချိန်တွေမှာတော့ အိပ်လိုက်စားလိုက်ပါပဲ။ နေ့ဘက်အချိန်တွေမှာ အိပ်တယ်။ ညနေမှ ထတယ်။ ဘာမှစားစရာမရှိရင် ဈေးသွားတယ်။ ပြီးတော့ ချက်ပြုတ်စားသောက်တယ်။ အချိန်တွေ ကုန်မှန်းမသိ ကုန်သွားတယ်။ ဒီလိုနဲ့ပဲ အခုကျောင်းပြန်ဖွင့်တော့မယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ BBC Documentaries တွေ ကြည့်ဖြစ်တယ်။ အများကြီးပဲ။ တောရန့်က ဒေါင်းလုဒ်ချတယ်။ ကြည့်တယ်။ မသိတာတွေကို ဂူဂယ်တယ်။ လိုက်ဖတ်တယ်။ တချို့စိတ်ဝင်စားစရာ WebPage တွေကို mht ဖိုင်အနေနဲ့ သိမ်းထားလိုက်တယ်။ အင်တာနက်ဆိုတာကြီးက အစိုးရတာ မဟုတ်ဘူး။ ပိုက်ဆံမသွင်းနိုင်ရင်လည်း သုံးလို့မရဘူး။ နေရာတိုင်းမှာလည်း မရနိုင်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့ အချက်အလက်တွေ ၀က်ဘ်ပေ့ခ်ျတွေကို ကျွန်တော်တော့ သိမ်းထားလိုက်တယ်။ အင်တာနက်မသုံးနိုင်တဲ့ ကာလံ ဒေသံမှာ ကိုယ့်ဒေတာတွေ မပျက်စီးသေးရင် ပြန်သုံးလို့ရသေးတယ်။ Hard Disk တစ်လုံးထပ်ဝယ်ဖြစ်တယ်။ Data Backup အတွက်။ ကျွန်တော့်အတွက် အဓိကလိုအပ်တဲ့ စာအုပ်တွေ ကျူတိုရီယယ်ဖိုင်တွေ ဘလော့ဂ်နဲ့ပတ်သတ်တဲ့ ဒေတာတွေ Driver Files တွေ အကုန်ကော်ပီလုပ်ထားလိုက်တယ်။ ဗွီဒီယိုဖိုင်တော့ သိပ်မမက်မောပါဘူး။ Documentaries တွေတော့ သိမ်းထားဖြစ်တယ်။

Del.icio.us မှာ ရှုပ်ပွနေတဲ့ Tag တွေကို ကဏ္ဍတွေ သေသေချာချာပြန်ခွဲတယ်။ အရင် HDD မှာရှိတဲ့ ဆော့ဝဲလ်တွေထဲက keyGen တွေကို ရှင်းထုတ်လိုက်တယ်။ Pirate Software တွေသုံးရတာ လည်း တခါတလေ စိတ်ကုန်ဖို့ကောင်းပါတယ်။ Windows Security ကရော AntiVirus ကရော လက်မခံတဲ့ keyGen တွေ အကုန်လုံးကို ထုတ်ပစ်လိုက်တယ်။ Key တွေတော့ သိမ်းထားလိုက်တယ်။ Vista Ultimate မှာဆို ပိုတောင်ဆိုးသေးတယ်။ အဲဒီ ဖိုဒါကို ဖွင့်လိုက်ရင်ကို Warning က တက်လာတယ်။ AntiVirus က လည်း ထအော်ပါလေရော။ ဒါပေမယ့်လည်း Pirate တွေကို မသုံးလို့လည်း မဖြစ်...။ Freeware ကောင်းကောင်းတွေကိုတော့ သဘောကျပါတယ်။

အခုလောလောဆယ် ကျောင်းတက်ဖို့အတွက် ပြင်ဆင်စရာတွေ လုပ်ရမယ်။ စာတွေ ပြန်နွှေးရမယ်။ နေ့အိပ်ညပျော်လုပ်လို့ မရတော့ဘူး။ Biological Clock ကို ပုံမှန်ပြန်ပြီး အလုပ်လုပ်ခိုင်းရတော့မယ်။ ကျောင်းတက် စာဖတ် ဘလော့ဂ်မှာရေးစရာ ရှိတာရေး အင်တာနက်မှာမွှေ အိပ်ချိန်တန်အိပ် ... ဒီလိုနဲ့ပဲ ...

Thursday, August 23, 2007

ဘ၀ခရီးအတွက်

အကြိုက်ဆုံးပို့စ် ငါးခုရေးလိုက်ဦးမယ်။ ဘ၀ခရီးTagထားတာကို။ ကိုယ်ရေး၍ ကိုယ်ကြိုက်သောစာစုများ ၄ခုပဲတွေ့လို့ အဲဒါတွေပဲ တင်လိုက်ပါတယ်။ ဆော့ဝဲလ် အကြောင်းတွေချည်းပါပဲ။

၁. Virus Security
၂. Security
၃. NOD 32 ပရိုဂရမ်
၎. NOD32 of ESET

ပို့စ်ရဲ့ခေါင်းစဉ်ကတော့ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ :P

Tuesday, August 21, 2007

So This Is Goodbye

Junior Boys - So This Is Goodbye

So this is goodbye
No need to lie;
This creature of pain
Has found me again.
So this is goodbye,
So this is farewell,
The fight's final bell
And I fall where I stand
So give your last hand
'cause this is goodbye.
Tonight it's goodbye
Now I know why
Our love's lost in the rough
And I've had enough,
So this is goodbye

ဘာကိုမှ ဂွတ်ဒ်ဘိုင်မလုပ်ကြောင်းပါ။:( ကျွန်တော်ကြိုက်တဲ့ သီချင်းလေးပါ။:)
So This Is Goodbye

Blog , Blogger , Blogging

MyanmarISP မှာတွေ့တဲ့ ဆရာကျော်ဝင်းရဲ့ ဆိုက်ဘာဓလေ့ အကောက်အယူများဆိုတဲ့ စာအုပ်က ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ဆရာကျော်ရင်မြင့်အကြံပေးတဲ့ ဘလော့ဂ်ဂါအက်သစ်များအကြောင်းကို ရတနာချိုဆီမှာ ဖတ်မိပြီး ဘလော့ဂ်အကြောင်းဖတ်ဖူးတာကို ဇော်ဂျီဖောင့်နဲ့ စာပြန်စီထားတာပါ။ ဆိုက်ဘာဓလေ့ အကောက်အယူများဆိုတဲ့ စာအုပ်က ၂၀၀၆ နိုဝင်ဘာလမှာ ထုတ်တဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ကျွန်တော် အခုတင်တဲ့ ဘလော့ဂ်အကြောင်း အပြင် Community အကြောင်း ၊ Community Memory ၊ Community Networks ၊ Community Informatics(CI) ၊ Community Technology Center အကြောင်းများ ၊ Cyberlibertarianism ၊ Cyberspace ၊ Cybercrime အကြောင်းများ ၊ Information Society ၊ Network Organizations ၊ Netiquitte/Netizen ၊ National Information Infrastructure ၊ Information ၊ Hacker/Hacking/Hactivist ၊ Globalization နဲ့ Free Software Movement တွေ အကြောင်းကို ရေးသားထားတဲ့ ဆောင်းပါးတွေပါပါတယ်။ ဘလော့ဂ်ရေးတဲ့သူတွေ ဘလော့ဂ်ဖတ်နေကျသူတွေ အနေနဲ့ ဘလော့ဂ်ဆိုတာ ဘာလဲဆိုတာ အကျွမ်းတ၀င်ဖြစ်နေပြီးသားပါ။ ဘလော့ဂ်ဆိုတာဘာလဲ မေးဖူးတဲ့သူတွေကို အဓိက ရည်ညွှန်းပါတယ်။ ဘာကြောင့် ဘလော့ဂ်ရေးသလဲဆိုတာကို တချို့ဘလော့ဂ်ဂါတွေ ရေးဖူးကြပါတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ ရေးကြတဲ့ ဘလော့ဂ်တော်တော်များများကို ရှိပါတယ်။ ကိုယ့်ဘလော့ဂ်လာဖတ်တဲ့ သူတွေ ဘလော့ဂ်ကနေပြီး နည်းပညာအသစ်အဆန်းတစ်ခုခု ၊ အတွေးအမြင်တစ်ခုခု ၊ ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုခု ၊ အတွေ့အကြုံအသစ်တစ်ခုခု ရသွားစေချင်တဲ့ စေတနာနဲ့ ဖြစ်စေ ၊ ကိုယ်ပိုင်မှတ်တမ်း တစ်ခု ခံစားချက်စုစည်းရာသဘောမျိုးဖြစ်စေ ရေးကြတာကိုလည်း တွေ့နိုင်ပါတယ်။

ဘလော့ ၊ ဘလော့ဂါ ၊ ဘလော့ဂင်း
၁၉၉၇ ခုနှစ်က ရိုးဘော့ဝစ် စဒမ့်ကွမ် ၀က်ဘ်ဆိုဒ်မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်ရာကနေတွင်ကျယ်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့မလွယ်တာမို့ `ဘလော့´လို့ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပာယ်က ကွန်ပျူတာကီးဘုတ် ဒါမှမဟုတ် ဆဲလ်ဖုန်းသုံးပြီး ကိုယ်ပြောချင် ရေးချင်တာ ချရေးလို့ ရတဲ့ ၀က်ဘ်ဆိုဒ်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် နိစ္စဓူဝကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ အင်တာနက် ဒိုင်ယာရီလို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေတင်ပြီး ကိုယ်ပိုင် `ဘလော့´တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တပြားမှ ပေးစရာမလိုဘဲ ဖရီးဝင်ရေးလို့ရတဲ့ ၀က်ဘ်ဆိုဒ်တွေလည်း အများကြီး ရှိပါတယ်။ အခု www.MyanmarISP.com ဟာလည်း open library အသေးစားနဲ့ တွဲထားတဲ့ Blog ၀က်ဘ်ဆိုဒ် တစ်မျိုးလို့ ပြောလို့ ရပါတယ်။

ဘလော့ဂါ Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက် ဂျာနယ်လစ်လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို `ဘလော့ဂင်း´Blogging လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါတွေစုပြီး အကြောင်းအရာ တစ်ခုခုကို `တည်´ဆွေးနွေးတာမျိုးကိုလည်း `ဘလော့ဂင်း´လို့သုံးလာကြတယ်။

`ဘလော့လှုပ်ရှားမှု´ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှပါဘူး။ ရေးကြပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ `မာမီကပြောတယ်၊ ဒီနေ့ မိုးရွာမယ်´ဆိုတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ လုပ်လာကြတယ်။ ဘလော့ဂါအချင်းချင်းလည်း အပြန်အလှန် ဆွေးနွေးကြတာ ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း အင်တာနက် ဂျာနယ်လစ်လို့ ခေါ်လာကြတာ ဖြစ်မယ် ထင်ပါရဲ့။

ဘလော့ လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိန်းအချုပ်မှ မရှိတာ။ ဥပဒေနဲ့ ကန့်တာ ထိန်းတာ မပြောနဲ့ ၊ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင် ၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့ လူတွေဘက်ကလည်း အရေးယူလို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာ ဖြစ်တာမျိုး ရှိသလောက်ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသား အခွင့်အရေး(Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ်(Citizen Journalist)လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။

မီဒီယာလောကအနေနဲ့ ဘလော့ဂါတွေကို အလေးထားရတဲ့ ကိစ္စကတော့ သူတို့ရဲ့ ခရာမှုတ်သူ(Whistle Blower) အခန်းကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျမီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ် မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့ သတင်းဦး ၊ သတင်းထူးတွေ ပေးနိုင်တာမို့ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ `တံခါးဖွင့်စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမတွေ´ (Open-Source Newsrooms) တွေ အွန်လိုင်းပေါ်မှာ အပြိုင်းအရိုင်း ပေါ်လာတော့ ဘလော့ဂါတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်စရာ ရှိပါတယ်။

အီရတ်စစ်ပွဲ အကြိုကာလလောက်က စပြီး မီဒီယာလောကသာမက နိုင်ငံရေးလောကကပါ ဘလော့ဂါတွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ ဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင်ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ ကျင့်သုံးနေကြတဲ့ ပထမဆုံး`ခရူဆိတ်တာ´တွေလို့တောင် အမွှန်းတင်ကြတယ်။

ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀က်ဘ်ဆိုဒ်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာကိုပဲ ဘလော့ဂါပရိသတ်(၃၂)သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ်`တောမတ်ဖရီးမင်း´ကတော့ ဘလော့လှုပ်ရှားမှုကို `တံခါးမရှိ ဓားမရှိ စူးစမ်းလေ့လာရေး´(Open-Source)လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့လည်း ဆိုပါတယ်။

Monday, August 20, 2007

3-Columned Template

ဒီရက်ပိုင်း ပို့စ်အသစ်မတင်ဖြစ်ပါ။ တမ်းပလိတ်ကိုပဲ ကလိဖြစ်နေပါတယ်။ ကာလာကုဒ်တွေကို ကလိတယ်။ တမ်းပလိတ် အကျဉ်းအကျယ်ပြင်တယ်။ တမ်းပလိတ်ပြောင်းတာ ဒါသုံးခုမြောက်ပါ။ ဒီတစ်ခုတော့ သဘောကျတယ်။ ဒါပဲဆက်သုံးဖြစ်နေဦးမှာပါ။ ပို့စ်မတင်ပေမယ့် လာလည်သူများကို အထူးကျေးဇူးပါ။
ကျွန်တော့် 3-Columned Template ကို ဒီက ယူပါတယ်။

Thursday, August 16, 2007

B,C Comics

B.C Comics





လောင်စာဆီများ ရုတ်တရက်ဈေးတက်ခြင်း

ဓာတ်ဆီ ဒီဇာယ်ဆီ ယခင်ထက် ၂ ဆ ဈေးတက်
စီအင်ဂျီ ယခင်ထက် ၅ဆ ဈေးတက်

ဒီမှာ အကျယ်ရှုပါ။

ဝက်ဘ်ဆိုဒ် အညွှန်း

ဒီအပတ်သူငယ်ချင်းတစ်ယောက် ပြောလို့ ၀က်ဘ်ဆိုဒ်တစ်ခု သွားကြည့်ကြည့်တယ်။ e-Book ဆိုဒ်တစ်ခုပါ။ e-Library (an online library system for Myanmar) တဲ့။ Organized by USDA Youth တဲ့။ USDA Youth ဆိုတာ www.usda.org.mm နဲ့ ဆက်စပ်မှုရှိမယ် ထင်ပါတယ်။ တံဆိပ်တော့ မတွေ့ပါဘူး။ တော်တော်စုံပါတယ်။ စာအုပ်စာရင်း တော်တော်စုံပါတယ်။ E-Book , ပြဌာန်းစာအုပ် , ဂျာနယ် , သတင်းစာ , ပေ ပုရပိုက် , ပန်းချီ , ဓာတ်ပုံ , သုတေသနစာတမ်း , စွယ်စုံကျမ်း ကဏ္ဍတစ်ခုချင်းအလိုက် စာအုပ်တွေ များစွာ ရှိပါတယ်။ Ask a librarian မှာ သိလိုတာ မေးလို့ရမယ့် အွန်လိုင်း စာကြည့်တိုက်မှုး ရှိပါတယ်။ တိပိဋက Search ဆိုတာတောင် ပါပါသေးတယ်။ စာအုပ်စာတမ်း တော်တော်များများကတော့ တက္ကသိုလ်များဗဟိုစာကြည့်တိုက်က စာအုပ်တွေကို E-Books ပြန်လုပ်ထားတာလို့ ယူဆရပါတယ်။ စာအုပ်တွေကို Member Registration မလိုပဲ အခုလောလောဆယ် အထိတော့ ဒေါင်းလုဒ်ချလို့ ရပါတယ်။ ဒီဆိုဒ်ကို ကျွန်တော်တွေ့တာ အခုမှ တွေ့ဖြစ်တာလားတော့ မသိပါဘူး။ လောလောဆယ် အကုန် မမွှေကြည့်ရသေးဘူး။ ကောင်းပါတယ်။ စာအုပ်သမားတွေ အတွက်တော့ စာဖတ်ဝါသနာပါသူတွေ အတွက်တော့ ၀င်မွှေသင့်သော ဆိုဒ်တစ်ခုပါ။
http://www.myanmarelibrary.com/index.php

နောက်ဆက်တွဲ
ဒီပို့စ်ရေးပြီးမှ ထပ်ဖတ်မိတာတွေ
အီး-စာကြည့်တိုက်အကြောင်းတဲ့ ... အွန်လိုင်း-စာကြည့်တိုက်ဆိုရင် ပိုမကောင်းဘူးလားဆိုတာကို သတိရတယ်။ :)
ရေးထားတာက ... ဒီလို

ဤအွန်လိုင်းစာကြည့်တိုက်စနစ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးအသင်းကြီး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနနှင့် ပညာဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ၂၀၀၇ခုနှစ်၊ ဇန်န၀ါရီလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသားအဆင့် အွန်လိုင်းစာကြည့်တိုက်စနစ်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တက္ကသိုလ်နှင့်ဒီဂရီကောလိပ် (၃၈)ခုရှိ စာကြည့်တိုက်များမှ ရှားပါးလှသော စာအုပ်ဟောင်းများ၊ သတင်းစာများ၊ ဂျာနယ်များ၊ ရှေးဟောင်းပေ၊ ပုရပိုဒ်များ၊ နိုင်ငံတကာမှစာအုပ်များ၊ ကျောင်းသင်ရိုးညွှန်းတမ်း ဖတ်စာအုပ်များ၊ စွယ်စုံကျမ်းများ စသည်တို့အားလုံးကို အီလက်ထရောနစ် ပုံစံပြောင်းလဲပြီး၊ ထည့်သွင်းဖော်ပြထားပါသည်။

ထို့အပြင် အခြားသော စာကြည့်တိုက် Site များနှင့် ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ အသစ်ထွက်ရှိသော စာအုပ်များ၊ သမိုင်းဝင်စာအုပ်များ နှင့် ဗဟုသုတနှင့် သတင်းအချက် အလက်များကို တစ်နေရာတည်း၊ အချိန်နှင့်တပြေးညီ လေ့လာဆည်းပူးနိုင်မည်ဖြစ်သည်။

အကျိုးကျေးဇူးများ

အွန်လိုင်းစာကြည့်တိုက်စနစ်ဖြစ်သောကြောင့် လူကိုယ်တိုင်စာကြည့်တိုက်သို့ သွားရန်မလိုပဲ အင်တာနက်
အသုံးပြုနိုင်သောနေရာတိုင်းတွင် တကမ္ဘာလုံးမှ နေ့ညအချိန်မရွေး အသုံးပြုနိုင်ပြီး၊ စာအုပ်တစ်အုပ်တည်းကို လူအမြောက်အများ တပြိုင်နက်ဖတ်ရှုနိုင်ကာ အသုံးပြုလို၊ မှီငြမ်းလိုသော ခေါင်းစဉ်ကဏ္ဍလွယ်ကူစွာ ရှာဖွေဖတ်ရှုနိုင်ခြင်းကြောင့် အားသာချက်များစွာရယူနိုင်မည့် စနစ်တစ်ခုဖြစ်ပါသည်။

ဤအွန်လိုင်းစာကြည့်တိုက်စနစ်တွင် မြန်မာစာဖြင့် ရှာဖွေကြည့်ရှုနိုင်ရန် ကွန်ပျူတာသုံး မြန်မာစာစနစ် ဖြစ်သော Unicode System ကိုအသုံးပြုထားပါသည်။ အသုံးပြုရာတွင်လည်း ၀က်ဘ်ဆိုက် တစ်ခုကို ကြည့်ရှုသကဲ့သို့ လွယ်ကူစွာသုံးစွဲနိုင်ပြီး၊ စာအုပ်ဆိုင်ရာအချက်အလက်များကို XML နှင့် ထုတ်ပေးနိုင်သဖြင့် အခြားစနစ်များမှ ရယူသုံးစွဲနိုင်ပါသည်။ အခြား အသုံးပြုများသည့် အချက်အလက်များကို RSS Feed များဖြင့် ထုတ်လွှင့်ပေးထားပါသည်။ အွန်လိုင်းစာကြည့်တိုက်စနစ်တွင် ထည့်သွင်းနိုင်သည့် စာအုပ်နှင့်ဖိုင်များ၏ အရေအတွက်ကိုလည်းကန့်သတ်ထားခြင်းမရှိပါ။

အသုံးပြုပုံများ

အွန်လိုင်းစာကြည့်တိုက်စနစ်ကို ၀င်ရောက်ဖတ်ရှုလေ့လာနိုင်ရန်အတွက် မှတ်ပုံတင်ရန် မဖြစ်မနေ လိုအပ်ပါသည်။ အွန်လိုင်းစာကြည့်တိုက်စနစ်ကို ၀င်ရောက်ကြည့်ရှုခွင့်ရရှိသော အသင်းဝင်များ၏ ကိုယ်ရေးအချက်အလက်များကိုလည်း တစ်နေရာတည်းတွင် စုစည်းဖော်ပြထားသဖြင့် အသင်းဝင် အချင်းချင်း သိရှိနိုင်ပါသည်။

မိမိဖတ်ရှုလိုသောစာအုပ်ကိုရှာဖွေရာတွင် စာအုပ်အမည်၊ စာရေးဆရာအမည်၊ ထုတ်ဝေသူ၊ ပုံနှိပ်ထုတ်ဝေသည့်ုခုနှစ် စသည် တို့ကိုအသုံးပြုပြီး စာအုပ်များကို တိကျမြန်ဆန်စွာ ရယူဖတ်ရှုနိုင်မည်။

ရှာဖွေမှု ရလဒ်မှတ်တမ်းများအတွက် စာအုပ်အမည်၊ စာရေးသူ၊ ထုတ်ဝေသူနှင့် ပုံနှိပ်ထုတ်ဝေသည့်ခုနှစ်ကို သာမက ရရှိုနိုင်သောနေရာကိုပါ ဖော်ပြထားပါသည်။ စာအုပ်စာရင်းများအားလုံးကို အမျိုးအစားခွဲခြား၍ ဖော်ပြထားပြီး စာအုပ်စာရင်းတစ်ခုချင်းစီ၏ စာစုစာရင်းအတိအကျကိုလည်း MARC Standard ဖြင့် ဖော်ပြထားပါသည်။

အသင်းဝင်တစ်ယောက်ချင်းစီ၏ ရှာဖွေဖတ်ရှုခဲ့သောစာအုပ်များ၏ အသေးစိတ် ရာဇ၀င်ကို မှတ်တမ်းပြုထားသဖြင့် စာဖတ်သူတို့သည် မိမိတို့စိတ်ကြိုက် စာအုပ်စာတမ်းများကို နောက်တစ်ကြိမ် အသုံးပြုရာတွင် ထပ်မံရှာဖွေရန်မလိုအပ်ပဲ၊ အလွယ်တကူ ဖတ်ရှုနိုင်ပါသည်။ အသင်းဝင်တစ်ဦးချင်းစီ၏ အမြဲဖတ်လေ့ရှိသော စာအမျိုးအစားကို မှတ်သားထားပြီး စာဖတ်သူ၏ စိတ်ကူးကိုယ်ပိုင်စာအုပ်စင်ကို ဖန်တည်းတည်ဆောက်နိုင်ပါသည်။

ကျောင်းသင်ခန်းစာ ဖတ်စာအုပ်များကို အီလက်ထရောနစ်ပုံစံ ပြောင်းလဲထည့်သွင်းထားသဖြင့် ပညာသင်ကြားရေးအတွက် များစွာအထောက်အကူဖြစ်စေပါသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင်ရှိသော တက္ကသိုလ်နှင့် ဒီဂရီကောလိပ် (၃၈)ခု၏ စာကြည့်တိုက်များမှ စာအုပ်စာတမ်းများအပြင် အမျိုးသားစာကြည့်တိုက်၊ အခြားသော အွန်လိုင်းစာကြည့်တိုက်တို့မှ အရင်းအမြစ်များကို စုစည်းကာ ပထမအဆင့်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဤအွန်လိုင်းစာကြည့်တိုက်စနစ်ကြီး ထုတ်လုပ်ဖြန့်ချိခြင်းအခမ်းအနားကို ၂၀၀၇ခုနှစ်၊ မတ်လ (၁၁)ရက်နေ့တွင် ဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ပျင်းရိနေခြင်း

လာလည်တဲ့သူတွေ အားလုံးကို အားနာပါတယ်။ ခရီးကပြန်ရောက်တာ ၁ ပတ်ပြည့်တော့မယ်။ ဘာပို့စ်မှ မတင်ဖြစ်သေးပါ။ တမ်းပလိတ်ပဲ ကလိဖြစ်နေပါတယ်။ ဒီရက်ပိုင်း တမ်းပလိတ်ပြောင်းတာ ၂ ခါရှိပါပြီ။ ကန်စွန်းဥကတော့ လာလာအော်တယ်။ မယ်လိုဒီမောင် လာချောင်းတယ်။း) ။ တခြားဘလော့ဂ်တွေကို ရောက်ဖြစ်ပေမယ့် ကိုယ့်ဘလော့မှာ ဘာမှ မတင်ဖြစ်ဘူး။ ပျင်းနေတာလည်း ပါတယ်။ ဒီရက်ပိုင်း နည်းနည်းလည်း ဘီးဇီးနေလို့။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP