Tuesday, September 25, 2007

Premature Ageing

ဝရံတာရှိ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသော အဖိုးအိုတစ်ဦးထံသို့ အမျိုးသမီးတစ်ဦး ရောက်လာပြီး မေးသည်။
“အဖိုးကို ဒီလိုပျော်ပျော်ရွှင်ရွှင်နဲ့ တွေ့ရတာ ကျွန်မသတိမပြုဘဲ မနေနိုင်အောင်ပါပဲ ... အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ အဖိုးရဲ့ လျှို့ဝှက်ချက်က ဘာပါလဲရှင် ... ”
“ကျွန်တော်က တစ်နေ့ကို စီးကရက် သုံးဗူးလောက် သောက်တယ်။ တစ်ပါတ်ကို ၀ီစကီ တစ်ဖာလောက်ကုန်တယ်။ အဆီအဆိမ့်တွေ ကြိုက်တယ်ဗျ။ ပြီးတော့ လေ့ကျင့်ခန်းလည်း လုပ်လေ့မရှိဘူး ... ”
“အံသြစရာ ပါပဲ အဖိုးရယ်။ အခုအသက်ဘယ်လောက်ရှိပြီလဲရှင့် ... ”
“ ၂၆ နှစ်ပါ ”
Source: ရီးဒါးစ်ဒိုင်ဂျက် စက်တင်ဘာ ၂၀၀၇

Friday, September 21, 2007

Prader-Willi Syndrome

Prader-Willi ရောဂါလက္ခဏာစုး အရပ်ပု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအားနည်းခြင်း၊ ခန္ဓာကိုယ်ကြွက်သားများ အားနည်းခြင်း၊ မျိုးပွားအင်္ဂါများ ဖွံ့ဖြိုးမှုအားနည်းခြင်း၊ မထိန်းနိုင်မသိမ်းနိုင် အစားအသောက်လွန်ကဲခြင်း၊ အ၀လွန်ကဲခြင်း
အလွန်ရှားပါးသော မျိုးရိုးဗီဇ ချို့ယွင်းသောရောဂါ
found by Andrea Prader and Heinrich Willi , Swiss pediatricians

အိမ်ပြင်မထွက်ရသည်မှာ လေးနှစ်ကြာပြီဖြစ်သော ပေါင် ၉၀၀ အလေးချိန်ရှိ အထက်ပါရောဂါရှင် ပုဂ္ဂိုလ်အား မီးသတ်သမားများက အိမ်ကို အပေါက်ဖောက်၍ သယ်ထုတ်ပြီး ဆေးရုံပို့ရခြင်း
နေရာ - Lansing , Capital city of Michigan State











Source - CNN , wpxi

The Magician and the Parrot

A young magician started to work on a cruise ship with his pet parrot. The parrot would always ruin his act by saying things like, “He has a card up his sleeve” or “He has a dove in his pocket.”

One day the ship sank and the magician and the parrot found themselves alone on a lifeboat. For a couple of days, they just sat there looking at each other. Finally, the parrot broke the silence and said, “Okay, I give up. What did you do with the ship?”
Source- Comedycentral

Thursday, September 13, 2007

လေးဖြူ - နောက်ထပ်

Firefox inside Firefox

ဟိုရှာဒီရှာနဲ့ တွေ့လာတာလေးတစ်ခု ... Firefox ထဲမှာ နောက်ထပ် Firefox တစ်ခုကို ထပ်ဖွင့်တာပါ။ အဲဒီထဲမှာ Tab တွေလည်း အသစ်ထပ်ဖွင့်လို့ ရပါတယ်။ အောက်ကလင့်ခ်ကနေ တဆင့် သွားတာပါ။
chrome://browser/content/browser.xul
Have fun for Firefox fun !

Sunday, September 09, 2007

Ko 4's Original Songs Collection

http://rapidshare.com/files/51491706/Gandarya_Lamin__original_.rar
http://rapidshare.com/files/51592685/Pinlel_Aww_Than__original_.rar
http://rapidshare.com/files/51638708/Gita_Myintzuri__original_.rar
http://rapidshare.com/files/51656045/Power__original_.rar
http://rapidshare.com/files/51663765/Ayay_Pyaw_Chin_and_A_Kha_Mae__original_.rar
http://rapidshare.com/files/51686018/Kyain_Sar__original_.rar
http://rapidshare.com/files/51698456/Yarzu_Thit__original_.rar
http://rapidshare.com/files/51818216/Eain_Mat_Kabyar_2001__original_.rar
http://rapidshare.com/files/51841213/LMN__original_.rar

ကျွန်တော့်သူငယ်ချင်း ရော့ခ်ခရေဇီတစ်ယောက် တင်ထားတဲ့ လေးဖြူသီချင်းများရဲ့ မူရင်းသီချင်းများကို ပြန်လည်ဝေမျှထားပါတယ်။ အငဲ၊မျိုးကြီး သီချင်းတွေကို စုစည်းပြီးရင် ထပ်တင်ပေးပါ့မယ်။ ကျွန်တော်လည်း အခုတင်ထားတဲ့ လင့်ခ်တွေကနေ ဒေါင်းလုဒ် ပြန်ဆွဲနေတုန်းပဲ။ ရော့ခ်ခရေဇီများ အတွက်ပါ။ Rock Never Dies. Have Fun ! :)

လောလောဆယ် Rapid Premium Account တစ်ခုလိုချင်နေတယ်။ :P

Kaspersky 2007 v 7.0

Anti-Virus new features
· Advanced damage clean-up (against Spyware)
· Check new and changed files option
· HTTP, IMAP and NNTP traffic check
· ODS Scan suspend technology (when user-activity is detected)
· Startup Scan with updateable database
· Differential update (further reduction of the AV database update size)
· Script-Checker with Internet Explorer GUI plug-in
· New scan scope: Scan Critical Areas task
· Scan Startup Objects – full control of the task execution
· TheBat! plugin
· Ban-list of blocked computers by IDS subsystem (with un-block feature)


New technologies
· Proactive Defense module with history and roll-back option
· Anti-Rootkit technology
· Registry monitor with preinstalled database
· Tracking of an application’s component structure; runtime module intrusion detection
· E-Mail event notification option
· Enhanced notification settings
· GUI Skin technology


Download here, FileDEN or zSHARE
(File Size 20.8 Mb Key Included)

psi

Connect Google Talk to AIM, MSN, & Yahoo ဆိုတာတွေ့လို့ သွားဖတ်ပါတယ်။ Jabber Client ဖြစ်တဲ့ psi နဲ့ တွဲခိုင်းတာ ဖြစ်နေတယ်။ ကျွန်တော်မှတ်မိသလောက် psi အကြောင်းကို အခွံ(ခွန်မိုးကျော်) ရေးဖူးပါတယ်။ ခက်တာက အခွံ့ ဘလော့ဂ်ကို လင့်ခ်ပေးဖို့ကို Page Not Found ဖြစ်နေတယ်။ အဲဒီတော့ psi အကြောင်း အသေးစိတ်ကြည့်ဖို့ ဒီဆိုဒ်မှာ ကြည့်နိုင်ပါတယ်။

Autoplay Option in Right Click Menu of HDD

ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ “နှာခေါင်းမီးလောင်လို့...အဲ မဟုတ်ပါဘူး။ ကျွန်တော့် ကွန်ပျူတာက Cတို့ Dတို့ Eတို့ ဖွင့်လို့မရလို့။ Double Click နဲ့ ဖွင့်တာမရဘူး။ Right Click ထိပ်ဆုံးမှာ Autoplay ဆိုပြီးပေါ်နေတယ်။ Open or Explore နဲ့မှ ရတယ်။” သြော်...

ဘာလုပ်ရမလဲတော့ သိတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ Trojan Horse ကြောင့်လို့တော့ ထင်တယ်။ အရင်တစ်ခါ ကြုံဖူးတာမှာ AntiVirus AntiSpyware သွင်းပြီး Update လုပ် Scan ပြီး ရှင်းထုတ်လိုက်တာတော့ အကုန်ပြန်ရတယ်။ ဘာမှထပ်မဖြစ်တော့ဘူး။ အခုကွန်ပျူတာမှာက Scan ဖတ်ပြီး အကုန်အဆင်ပြေတယ်။ ဘာမှ မပြဘူး။ နည်းနည်းထပ်ပြီး ကလိပါတယ်။

. Folder Options ကို ဖွင့်ပါ။ (In Vista ... Alt နှိပ်ပြီး Tools မှတဆင့် -သို့မဟုတ်- Control Panel မှတဆင့်)
In View Menu > Choose Show Hidden Files and Folders
Uncheck Hide extensions for known file types
Uncheck Hide protected operating system files
Ok.
. Drive တစ်ခုချင်းကို Open or Explore လုပ်ပါ။ အောက်ပါဖိုင်များကို တွေ့ပါက ဖျက်ထုတ်ပစ်ပါ။
autorun.inf
MS32DLL.dll.vbs or MS32DLL.dll
. C:\Windows ကို Open or Explore လုပ်ပါ။ အောက်ပါဖိုင်ကို တွေ့ပါက ဖျက်ထုတ်ပစ်ပါ။
MS32DLL.dll.vbs or MS32DLL.dll
. Registry Tweaks
Run > Regedit
HKEY_LOCAL_MACHINE > SOFTWARE > MICROSOFT > Windows > Current Version > Run
MS32DLL ကိုတွေ့ပါက ဖျက်ထုတ်ပါ။
. Group Policy Editor Tweaks
Run > gpedit.msc
User Configuration > Administrative Templates > Windows Components > AutoPlay Policies> Turn off Autoplay
Turn off Autoplay ကို Double Click နှင့်ဖွင့်ပါ။ အောက်ပါတို့ကို ဆောင်ရွက်ပါ။
- Select Enabled
- Select All Drives
- Click Apply , then Ok.
. System Configuration
Run > msconfig
Start Up Tab ကို သွား၍ MS32DLL ကို Uncheck လုပ်ပါ။ Ok ။ Don't restart now.
. Folder Options Setting ကို နဂို အတိုင်းပြန်ထားပါ။
. Recycle Bin ကို Empty လုပ်ပါ။
. Restart now.Have Fun!

Wednesday, September 05, 2007

Alternative

If can't access to My Blog , please try this http://www.pkblogs.com/khunmoung

If can't access to My CBox , please try this http://khunmoung.cbox.ws/

Me and Google Products

ကျွန်တော်တို့ တစ်နေ့တစ်နေ့ Google ကို တော်တော်သုံးဖြစ်ကြတာပဲလို့ စဉ်းစားမိတယ်။ Gtalk,GMail မှသည် ကိုယ်ပိုင် ဘလော့ဂ်ဖန်တီးသည်အထိ Google Products တွေကိုသုံးပါတယ်။ ရှာစရာ ဖွေစရာ Google Engine ကို သုံးတယ်။ iGoogle မှာ Google Reader,Mail,Weather,News ကိုယ်လိုတာတွေ တွဲထားပြီး သုံးတယ်။ Feeds တွေကို Google Reader နဲ့ ကြည့်တယ်။ သွားနေကျ ဆိုဒ်တွေ Google Reader နဲ့ ဖတ်တယ်။ Page Creator,Picasa အစ YouTube အဆုံး Google နဲ့ မကင်း။ Docs n Spreadsheets,Notebook တွေတော့ မသုံးဖူးပါဘူး။ အသုံးဖြစ်ဆုံးက Reader နဲ့ Mail ကို ကျွန်တော် အဓိကထားပြီးတွဲထားတဲ့ iGoogle ပဲ ဖြစ်ပါတယ်။

တခြား Products တွေကို သိချင်ရင် Wiki မှာ သွားကြည့်နိုင်ပါတယ်။

Tuesday, September 04, 2007

Free Blog Gateway

ဘလော့ဂ်တွေကို Access လုပ်လို့ မရသူတွေ အတွက် ဆိုဒ်တစ်ခုပါ။
http://www.pkblogs.com/
ဒီကနေ၀င်ပါ။

pkblogs.com

ဒါမှမဟုတ်
http://www.pkblogs.com/BlogName နဲ့ တိုက်ရိုက်ဝင်ပါ။
My Address http://www.pkblogs.com/khunmoung

Monday, September 03, 2007

Autumn 2007

သြဂုတ်လ ၃၁ ရက် နေ့။ နွေရာသီကာလကုန်ပြီ။ စက်တင်ဘာလ ၁ ရက်နေ့။ ဆောင်းဦးပေါက်ရာသီစပြီပေါ့။ ပညာသင်နှစ်တစ်နှစ် အစပြုတာလည်း စက်တင်ဘာလ ၁ရက်နေ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဒီမြို့တော်ရဲ့ City Day က ဒီနှစ် စက်တင်ဘာ ၁ ရက်နေ့။ စက်တင်ဘာလရဲ့ ပထမဆုံး စနေကို City Day အနေနဲ့ သတ်မှတ်ထားတာဖြစ်တယ်။ မြို့တော်ရဲ့ နှစ်၈၆၀ပြည့် မွေးနေ့။ အရင်ရက်တွေက မိုးတွေညိုလို့။ အရင်အပတ်တွေက မိုးတွေတောင်ရွာသေး။ ပွဲတော်ကို ကျင်းပဖို့ အားလုံး စီမံထားပြီးခါမှ မိုးရွာရင် မခက်လား။ မြို့တော်ကို အလှဆင်မယ့် အခမ်းအနားတွေလုပ်မှာလေ။ ဒါပေမယ့် ကြိုတင်စီမံမှုတွေ လုပ်ထားပြီးသားပါတဲ့။ မိုးသားတွေကို မြို့တော်ပေါ်မှာ မရွာအောင် လုပ်ပေးမယ့် နည်းပညာတွေ ရှိပြီးသားလေ။ Cloud Seeding လုပ်ဖို့ လေယာဉ်တွေ နေရာယူပြီးသား။ တကယ်ပဲ ဒီရက်ပိုင်း မိုးသားတွေ ကင်းသွားတယ်။ နေသာလာတယ်။ ၁ရက်နေ့ နဲ့ ၂ရက်နေ့ ပွဲတော်တွေ ဆက်တိုက် ကျင်းပတယ်။ အကြောင်းကြောင်းကြောင့် မသွားဖြစ်ပါ။ တနင်္လာ မနက်ဖြန် စက်တင်ဘာ ၃ရက် ကျောင်းဌာန အသီးသီး တရားဝင်ဖွင့်တော့မည်။ နေရောင်အောက် အလင်းရောင်တောက်တောက် နွေရာသီအားလပ်ရက်များမှ နေထွက်နောက်ကျ နေ၀င်စောသော ဆောင်းရာသီ စာသင်ရက်များကို ကြုံဆုံဖြတ်ကျော်ရဦးမည်။ မကြာမီကျတော့မည့် နှင်းတွေအောက်မှာ တစုံတခုကို တမ်းတလွမ်းမောမိနေဦးမည်မှာလည်း သေချာသည်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဆိုတာအတွက် အခုအချိန်မှာ ကျွန်တော် ပြင်ဆင်ရဦးမည်။

Sunday, September 02, 2007

နိုင်ငံတကာလေကြောင်းပြပွဲ ၂၀၀၇

နိုင်ငံတကာလေကြောင်းပြပွဲ ၂၀၀၇ (သြဂုတ် ၂၁ မှ ၂၆)
နေရာ - ဇူကော့စကီး၊ မော်စကို






  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP