Tuesday, July 31, 2007

We Blog Cartoons

ကဗျာတွေကို ဘလော့ဂ်တယ်။ ခံစားချက်တွေကို ဘလော့ဂ်တယ်။ အတွေးအမြင်တွေ၊ နည်းပညာတွေ၊ အိုင်ဒီယာတွေ၊ အတွေ့အကြုံတွေကို ကျွန်တော်တို့ ဘလော့ဂ်ကြပါတယ်။ weblogcartoons.com တဲ့။ သူတို့ကတော့ ကာတွန်းတွေကို ဘလော့ဂ်ကြပါတယ်။ အဲဒီထဲကမှ ဘလော့ဂ်နဲ့ပတ်သတ်ပြီး သဘောကျမိတာတချို့ ....





Funny

How to tie a tie

Mandalay Funny News

MDY007 ဂျာနယ် မနေ့က ဖတ်ရတယ်။ ဖတ်ပြီးသဘောကျနေတယ်။ ရီရလို့။ ဒါတောင် လူမကုန်သေးဘူး။ မန်းလေး ဘလော့ဂ်ဂါအကုန်မပါသေးဘူး။ ပျော်ရုံသက်သက်ပါ။ ထိခိုက်နစ်နာစေတဲ့ ဆန္ဒမပါပါဘူး။ ယုံကြည်ပါတယ်။ ဖတ်ကြည့်ပါ။
ဒီမှာ ဒေါင်းလုဒ်ချပါ။
မန်းလေး၀၀၇

Monday, July 30, 2007

.PNG Image File Format

FileInfo.net
File Extension of the Day : .PNG


Friday, July 27, 2007

ဘလော့ဂ် ရပ်ဝန်း

` အထက်တန်းကျတဲ့ ဘလော့ဂ်ဂါ´ဆိုတဲ့ ကဗျာရှည်ကြီးကို စည်းအပြင်က ကိုဖြိုးက နိဒါန်းပျိုးပြီး ဘလော့ဂ်ဂါများက စုပေါင်းရေးသားနေကြပါတယ်။ ကဗျာချစ်သူ ကဗျာဝါသနာပါသူမည်သူမဆို ပါဝင်ရေးသားနိုင်ပါတယ်။ ဘလော့ဂ်အပေါ်ထင်မြင်ချက် ဘလော့ဂ်အပေါ်ခံစားချက်တွေကို စိတ်ကူးပေါက်သလောက် သွန်ချမိသမျှ .....

ခံစားချက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
ယုံကြည်ချက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
တိုင်းပြည်အတွက် စေတနာတွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
တွဲလက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
အတွေ့အကြုံ
ပျော်ရွှင်မှု
ဝေမျှမှု
စည်းလုံးမှုနဲ့
ချစ်ကြည်ရင်းနှီးမှုတွေ
သံယောဇဉ်တွေ
...............
........
ကျွန်တော်တို့ ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်။

ဒီမှာ မိတ်ဆွေ..... ဟေ့လူ
ဘာကို မကျေနပ်ပါသလဲ
ကျွန်တော်တို့ ဘလော့ဂ်ရပ်ဝန်းမှာ နေတယ်။

ခွန်မောင်

Laptop vs DecTop

ဒေါ်လာ ၁၀၀ တန်Laptopများကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားတွေသုံးနိုင်အောင် ထုတ်မယ်ဆိုတာလည်း ၃နှစ်ကျော်လောက်ရှိပါပြီ။ အဲဒီစီမံကိန်းကြီးက။ အခု Desktop+Laptop=DecTop ဆိုတာကို DataEvolutions က ထုတ်ပါတယ်။ ၉၉ ဒေါ်လာပါတဲ့။ WebBrowsing နဲ့ General Computing အတွက် လုံလောက်တဲ့ Hardware တွေ ထည့်သွင်းထားပါတယ်လို့ဆိုပါတယ်။ Hardware Specifications တွေကို ကြည့်နိုင်ပါတယ်။ USB ports ၄ ပေါက် ပါပါတယ်။ အရွယ်အစားအားဖြင့် 5.5 x 8.5 x 2.5″ရှိပြီးတော့ 3ပေါင်ပဲလေးပါတယ်တဲ့။ OS အနေနဲ့က Microsoft® Windows® CE and Linux တင်လို့ရပါတယ်တဲ့။ သူ့ဝက်ဆိုဒ်မှာ သွားကြည့်နိုင်ပါတယ်။ DataEvolutions , DecTop
decTOPTM Specifications
- Memory - 128MB SDRAM
- 10GB HDD
- Power - AC adapter
- Connectivity - V.92 modem , Ethernet (via USB module)
- Input Devices - Mouse , Keyboard
- Ports - 4 USB 1.1
- VGA Video Out (up 1600x1200)
- Audio - Microphone In
- Dimensions - 5.5x 8.5 x 2.5 inches
- Weight - 3 lbs
- Model Design - Mini Desktop

အဲဒါနဲ့တဆက်တည်း ဖတ်ပါ့ မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာ ဒေါ်လာ၁၀၀တန်Laptopတွေနဲ့ ပတ်သတ်ပြီး ရေးထားတာလေး တစ်ခု ဖတ်လိုက်မိတာပါ။ အောက်ကပုံမှာတော့ လက်ပ်တော့ကိုယ်စီနဲ့ ကလေးတွေ အားရဖွယ်ပဲ။ :)

Site Speed

Site Speed Testing
အပေါ်ပုံက Site Speed Test မှာ ကျွန်တော့် ဘလော့ဂ်ရဲ့ Page Download Speed ကို စမ်းထားတာပါ။ ဆိုဒ်တစ်ခုကို မြန်မြန်ဆန်ဆန် ကြည့်လို့ရအောင် Page Download မြန်အောင် လုပ်ဖို့က အလွယ်ဆုံးနည်း တာဝန်အမဲ့ဆုံး ပြောလို့ရတာက မြန်နှုန်းမြင့်အင်တာနက်ကို သုံးပါပေါ့။ ဒါပေမယ့် နေရာဒေသတိုင်းမှာ မဖြစ်နိုင်ဘူးလေ။ အဲဒါကြောင့်မို့ Site Speed Optimization ဟာလည်း အရေးကြီးပါတယ်။ အဲဒါနဲ့ပတ်သတ်ပြီး ဖတ်ဖူးသမျှတွေကို တစ်ချိန်မှာ ရေးပါဦးမယ်။ အောက်ကလင့်ခ်လေးတွေမှာ လည်းဖတ်ကြည့်ပါ။


How to optimize or speed up your site
1. How to optimize images
2. Image Formats
3. Optimize your CSS
4. Use a slash on your links
5. Use height and width tags to your image
6. Reduce HTTP Request

Wednesday, July 25, 2007

File Hosting

MediaFire ကဒေါင်းလုဒ်ချရတာတွေ အခုတလော အဆင်မပြေဘူး။ ဒေါင်းလုဒ် ၉၉%ကျော်ကျော်လောက်ဆိုရင် ရပ်သွားတယ်။ Transfer Rate ကလည်း 0kbs ဖြစ်ဖြစ်သွားတယ်။ ဖိုင်ရှဲမယ်ဆိုရင် တခြား File Hosting တွေမှာ တင်ရင်ကောင်းမယ် ထင်ပါတယ်။ Direct Link . Hot Link လည်း ဖြစ်မယ့်ဆိုဒ်မျိုးမှာပေါ့။ ပြီးတော့ Media Fire က သူ့ဆိုဒ်ကို သွားပြီးမှ ဒေါင်းလုဒ်လင့်ခ်ကို နှိပ်ပြီး ဒေါင်းလုဒ်ချမှရတယ်။ Hot Link မဖြစ်ဘူး။ ကျွန်တော် အသုံးများတာကတော့ Fileden ကို အသုံးများပါတယ်။ အခုနောက်ပိုင်း Media Fire ကို မသုံးတော့ဘူး။

Myanmar Blogosphere

ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး။ ဟုတ်ပါတယ်။ ချမ်းမြစိုး ပြောသလိုပါပဲ။ ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး ၊ ခွေးဟောင်တိုင်း တောင်မရွေ့ပါဘူး။ မြန်မာဘလော့ဂ်ဂါတချို့ရဲ့ စီဘောက်စ်မှာ သေးသိမ်တဲ့စိတ်ဓာတ်နဲ့ အဆင့်အတန်းမရှိစွာ ပြောသွားတာတွေ ၊ တချို့သော အမျိုးသမီးဘလော့ဂ်တွေမှာ နှမချင်းမစာနာ ပြောသွားတာတွေ တွေ့နေရပါတယ်။ မန္တလေးဘလော့ဂ်ဂါတချို့ရဲ့ ဘလော့ဂ်တွေမှာဆိုရင် ခြိမ်းခြောက်တဲ့ သဘောမျိုးရေးသွားတာတွေတွေ့နေရပါတယ်။ နောက်တစ်ခုက ဆဲလားဆိုလားလုပ်တဲ့ ကိစ္စ ၊ တခြားဘလော့ဂ်ဂါတွေရဲ့ လိပ်စာကိုသုံးပြီး စီဘောက်စ်တွေမှာ ၀င်ရောက်ပြောဆိုနေတာတွေ။ ခံရသူဘလော့ဂ်ပိုင်ရှင်အနေနဲ့ တော်တော်ဒေါသဖြစ်ရမယ့် ကိစ္စပါ။ ကိုယ်ချင်းစာပါတယ်။
တချို့သောသူများ သူများကောင်းကျိုးမလိုလားတတ်ကြသေးဘူး။ ချက်တက်တယ် ၊ အွန်လိုင်းမိတ်ဆွေရှာတယ်(အွန်လိုင်းရည်စားရှာတယ်) ၊ အင်တာနက်ပေါ်တင်ထားတဲ့ အသက်၁၈နှစ်အထက်အတွက် ကန့်သတ်ထားတဲ့ ၀က်ဘ်ဆိုဒ်တွေကို ကြည့်တယ်။ အင်တာနက်သုံးတဲ့ ရည်ရွယ်ချက်က အဲလိုမျိုးရည်ရွယ်ချက်မျိုးပဲ များမယ်ထင်ပါတယ်။

တခြားနိုင်ငံခြားသားဘလော့ဂ်တွေနဲ့ မြန်မာဘလော့ဂ်တွေကို ယှဉ်ကြည့်ရင် မြန်မာဘလော့ဂ်တွေမှာ စီဘောက်စ်ကို ပိုသုံးပါတယ်။ ဘလော့ဂ်တစ်ခုလုပ်ပြီဆိုရင် စီဘောက်စ်ဆိုတာ မပါမပြီးလိုပါပဲ။ တကယ်တမ်းတော့ စီဘောက်စ်မှာ လာရောက်လည်ပတ်သူတွေရဲ့ ဘလော့ဂ်အပေါ် အတွေးအထင်ကို ရေးသားနိုင်သလို မိမိလာရောက်လည်ပတ်တာကို ဘလော့ဂ်ရှင်ကို အသိပေးတဲ့သဘောမျိုး နှုတ်ခွန်းဆက်သွားကြောင်း သိစေနိုင်တဲ့နေရာလေးတစ်ခုပါပဲ။ မိမိဘလော့ဂ်ကတဆင့် ခင်မင်ရင်းနှီးသူတွေ တွေ့ဆုံရာနေရာလေးပါ။ မိတ်ဆွေတိုးပွားရာနေရာလေးပါ။ ကွန်မန့်မှာလည်း မိမိအတွေးအထင် ဝေဖန်ချက်တွေကို ရေးနိုင်ပါတယ်။ဒါပေမယ့် မိမိဘလော့ဂ်ကို ဖွင့်လိုက်တာနဲ့ စီဘောက်စ်မှာ ပြောထားတာတွေကို ဖတ်လို့ရတယ်မဟုတ်လား။ ကွန်နက်ရှင်နှေးတဲ့ နေရာမျိုးမှာ ကွန်မန့်တွေကို ဖတ်ဖို့ အတွက် နောက်ထပ်စာမျက်နှာတစ်ခု ထပ်ဖွင့်နေရဦးမယ်လေ။ အဲဒါကတော့ အဓိကမဟုတ်ဘူးပေါ့လေ။ ကွန်မန့်လည်း လိုသလို စီဘောက်စ်လည်း လိုအပ်လို့ သုံးနေကြတာပါ။

ဘလော့ဂ်ဂါတစ်ယောက်က ကျွန်တော့်ကို ပြောဖူးပါတယ်။ သူ့စီဘောက်စ်မှာ လာပြီးပြောချင်ရာပြော ရေးချင်ရာရေးနေတာတွေကို။ အဲဒီလူ ဘယ်သူဆိုတာ သူလည်း သိတယ်။ အဲဒီလူမှာ ကိုယ်ပိုင်ဘလော့လည်း ရှိတယ်။ အဲဒီလူရေးတာတွေကို ဖတ်ကြည့်သလောက် သူ့အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတာတွေကို ရေးတာ။ သူက သူများစီဘောက်စ်မှာလာပြီး ပြောချင်ရာပြောတယ်။ ကျွန်တော့်ကို ပြောတဲ့ ဘလော့ဂ်ဂါသူငယ်ချင်းစီဘောက်စ်မှာဆိုရင် အဲဒီ အနှောင့်အယှက်လူရဲ့ စကားတွေကပဲ နေရာယူထားသလို ဖြစ်နေတယ်။ သူ့ဘလော့ဂ်မှာ သူ့ဖာသာသူရေးလည်း ရပါတယ်။ သူ့ခံစားချက်တွေကို။ ဝေဖန်အကြံပေးလို့ရပါတယ်။ အနှောင့်အယှက် မဖြစ်ရင် တော်ပြီလေ။

ဘာပဲပြောပြော.....ကျွန်တော်ကတော့ မြန်မာဘလော့ဂ်ဂါအသိုင်းအ၀ိုင်းမှာ ဖြစ်နေတဲ့ အနှောင့်အယှက်ဖြစ်နေတဲ့ မိမဆုံးမ ဖမဆုံးမများ အားလုံးကို လုံးဝ ရှုံ့ချပါတယ်။

ခွေးဘယ်လောက်ဟောင်ဟောင် လမင်းကတော့ သာဆဲပါ။

Life Cycle of a Domain Name

ကိုယ်တိုင် ဒိုမိန်းနိမ်းတစ်ခု လုပ်မယ်စိတ်ကူးနေတုန်းမှာ ဖတ်လိုက်မိတဲ့ ဆောင်းပါးတစ်ခုပေါ့ဗျာ။ Source Link ကိုတော့ မမှတ်မိတော့ဘူးဗျ ။ ဒိုမိန်းတစ်ခုလုပ်ချင်နေတယ်။ ပိုက်ပိုက်တော့ မတတ်နိုင်သေးဘူးပေါ့ဗျာ ။ SubDomain အနေနဲ့ အလကား FOC လုပ်လို့ရတဲ့ Hosting တချို့တော့ တွေ့ဖူးတယ်။ Loading ကြာတယ်လို့ထင်တယ်။ နောက်တစ်ခုက သူ့ဆိုဒ်ရဲ့ ကြော်ငြာတွေ များတယ်။ ကျွန်တော်သိတဲ့ ဆိုဒ်တချို့ကို ပြောတာပါ။ Domain Name Life Cycle နဲ့ ပတ်သတ်ပြီး ကျွန်တော်ဖတ်လိုက်ရတာကို မိတ်ဆွေတို့လည်း ဖတ်ကြည့်ပါဦး ။


How Domains Expire
In the early days of the Internet when a domain name expired it was already available for other people to register it. Nowadays the process is more complex; the ICANN (Internet Corporation for Assigned Names and Numbers) created what is called “Grace Period” to protect the registrants.

The Daily Domainer blog has an interesting article titled “Expired – But Not Gone” describing the process in detail. Basically once a domain expires it enters into the “Auto Renew Grace Period”. This period usually lasts 30 days and the owner of the domain is able to renew anytime during that time frame. Should the owner fail to renew the domain it will enter into the Redemption period.

The registrar becomes the owner of the domain on this period, and it will try to sell the domain through auctions or retain it in the case it generates PPC revenues. Finally if the domain is not sold through an auction and if it is also not generating revenues the registrar will release it.

Latest of Latest Updates of ProjectW

အခုလေးတင် တင်လိုက်တဲ့ပို့စ်ကို Update လုပ်ပါရစေဗျာ။ ProjectW ကြီး ဒေါင်းသွား ကတည်းက မ၀င်တာလည်း ကြာပါပြီ ။ ပြန်ပြီး အလုပ်လုပ်မလုပ် ဆိုတာကို မ၀င်ကြည့်တာလည်း ကြာပါပြီ။ WarezWS.com official ProjectW.org Moderators တွေဆီက အီးမေးလ်ရောက်ပြီးတော့မှ ProjectW.org ကို ပြန်ဝင်ကြည့်မိပါတယ်။ ပြန်ရနေပါပြီဗျာ ။ ၀မ်းသာတယ်။ ProjectW မှာ ၀င်မွှေနေကျ သူငယ်ချင်းတွေ အားလုံး ပြန်ဝင်ကြည့်ပါ။ ပြန်ပြီးအလုပ်လုပ်နေပါပြီ ။ အရင်တုန်းက သုံးခဲ့တဲ့ User Name , Password တွေနဲ့ အလုပ်လုပ်ပါတယ်။ အဘန်းမခံထားရဘူးဆိုရင်ပေါ့။ ဟဲဟဲ...နောက်တာပါဗျာ။ ပျော်ရွှင်ပါစေ။

http://projectw.org/

From ProjectW To WarezWS

ProjectW.org ကို ၀ယ်မယ့်သူ မပေါ်သေးဘူးထင်ပါတယ်။ ဒီနေ့ ကျွန်တော့်ဆီကို အီးမေးလ်တစ်စောင်ရောက်ပါတယ်။ ProjectW Members တွေကို WarezWS.com ကို ဖိတ်ခေါ်တာပါ။ ProjectW Moderators များက ယခင် ProjectWအဖွဲ့သားတွေကို စုစည်းတဲ့သဘောလို့ ယူဆလို့ ရပါတယ်။ WarezWS.com ဆိုတာလည်း တကယ်နာမည်ကြီး အင်အားစုကြီးပဲနော့ ။ ကြည့်ရတာ ProjectW Moderators တချို့က WarezWs မှာ သွားပေါင်းတယ် ထင်ရပါတယ်။ သွားရောက်လည်ပတ်ကြပါဦး။

Virus Security

ကျွန်တော် အရင်က စွဲစွဲမြဲမြဲသုံးခဲ့တဲ့ AntiVirus Software ဖြစ်တဲ့ AVIRA or AntiVir Software ကို သုံးကြည့်စေချင်ပါတယ်။ Personal Classic Edition က Free Ware ဖြစ်ပါတယ်။ Premium ဆော့ဝဲလ်က အလကားမရဘူးဗျ။ ၀ယ်ရတယ်။ ဒါပေမယ့်ဗျာ။ သိတဲ့အတိုင်းပဲ။ P2P Software တွေကတဆင့် လိုချင်တာတော်တော်များများကို ရှာလို့ရနေတာပဲ။ Premium Edition ကိုလည်း ဒေါင်းလုဒ်ချပြီးသုံးဖူးပါတယ်။ Personal Classic နဲ့ Premium Edition က ကွာသလားဆိုတော့ အများကြီးကွာပါတယ်။ Premium Edition မှာ Mail Guard , Personal Firewall အပြင် Rootkit Detection လည်းပါပါတယ်။ Hackers , Crackers တွေလက်စွမ်းမပြနိုင်အောင် လုံခြုံမှုပေးပါတယ်။

NOD32 အနေနဲ့ကတော့ လောလောဆယ် Resource Utilization နည်းတာရယ် Scanning Time ပိုမြန်တာရယ်ကြောင့် တချို့အားသာချက်တွေကြောင့် သုံးမိနေတုန်းပဲ။ ကျွန်တော် အကြိုက်ဆုံး ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲလ် သုံးမျိုးရှိပါတယ် ။ NOD32, AntiVir (Avira Premium) နဲ့ Kaspersky တို့ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ AntiVir Premium Edition ကို ဒီနေရာ[ 4Vista] [ 4XP]ကနေ ဒေါင်းလုဒ် ချနိုင်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားပါတယ်။ ဇစ်ဖိုင်ကို ဖြည်ပြီး အင်စတောလုပ်နိုင်ပါတယ်။ License Key ပါပါတယ်။ License Key တောင်းတဲ့အခါ ဇစ်ဖြည်ထားတဲ့ ဖိုဒါကနေပြီးတော့ License Key ကိုထည့်ပါ။ အဆင်ပြေပါစေ။

AntiVir Premium for Windows Vista
AntiVir Premium for Windows XP

Security

Flash Drive ပြဿနာတွေ အများကြီးတွေ့နေရတယ်ဗျာ ။ အဆောင်က ကွန်ပျူတာတော်တော်များများမှာ ဖိုဒါဖွင့်မရတာတို့ Partition တစ်ခုလုံးကို Double Click နဲ့ ဖွင့်မရတာတို့။ Flash Drive တွေက ပါလာတဲ့ Malicious things တွေက ဒုက္ခပေးတယ်ထင်တာပဲ ။ ကျွန်တော့်စက်မှာတော့ မဖြစ်ဖူးပါဘူး။ ဗိုင်းရပ်စ် နဲ့ Spyware , Adware ကာကွယ်ဖို့အတွက် ကျွန်တော်က NOD32 နဲ့ Super AntiSpyware Professional ကိုသုံးပါတယ်။ အဲဒါနဲ့ အဲဒီစက်တွေကို AntiSpyware နဲ့ Scan တော့ Spyware , Adware တော်တော်များများထွက်လာတယ်။ လစ်ပေတော့ ၊ ဂျောင်း ။ အဲဒီကောင်တွေကို Delete လုပ်ပစ်လိုက်တယ် ။ Quarantine တောင်မလုပ်တော့ဘူး။ အဲဒါအကုန်စစ်ပြီးတော့ ဖိုဒါတွေအကုန်ပြန်ရတယ်။ Partitions တွေအကုန်ပြန်ရတယ်။

တကယ်တော့ NOD32တင်ထားတဲ့ ကွန်ပျူတာမှာ Flashy Fix ထပ်ပြီး Runလိုက်ရင် တချို့စက်တွေတော့ အဆင်ပြေတယ်။ ဒါပေမယ့် တချို့စက်တွေကတော့ မရဘူးဗျ။ အဲဒါနဲ့ AntiSpyware ပါထပ်တင်ထားရတယ်။ကျွန်တော်အခုသုံးနေတဲ့ နောက်ဆုံးဗားရှင်း AntiSpyware Professional Full Version ကို ဒီမှာ ဒေါင်းလုဒ်လုပ်နိုင်ပါတယ် ။ သုံးကြည့်ပါ။ သူက AntiVirus Program နဲ့ တွဲ အလုပ်လုပ်လို့ရပါတယ်။ ကွန်ပျူတာသုံးနေ အင်တာနက်သုံးနေတဲ့သူအနေနဲ့ Virus Definiton Update , Spyware Definition Update မရှိရင် မဖြစ်တာ အမှန်ပါ။ကိုယ့်စက်မှာ ဘာဗိုင်းရပ်စ် စပိုင်ဝဲလ်မှ မရှိဘူးဆိုရင်တောင် Flash Drive လေးနဲ့ သူများစက်ကနေ ဖိုင်ကူးလားပြီး ကိုယ့်စက်မှာ လာတပ်လိုက်ရင် ကိုယ့်ဆီမှာလည်း မဖိတ်ခေါ်တဲ့ ဧည့်သည်ရောက်လာနိုင်တာပဲနော့ ။

SUPERAntiSpyware.Professional.v3.9.0.1008-HERiTAGE.rar Download

Tuesday, July 24, 2007

Idle since .... but back now

ဘလော့ဂ်ကို မရောက်တာ ပို့စ်အသစ်မတင်တာ ကြာပါပြီ။ ခရီးတွေများနေလို့ပါ။ အခု ကျွန်တော်ပြန်ရောက်လာပါပြီ။ လာလည်တဲ့သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP