Thursday, April 26, 2007

Shrek vs Vasiliy Shandibin

Shrek vs Vasiliy Shandibin

အတုအယောင်လား တကယ်လား ဖိုတိုရှော့လား ...DreamWorks က ရုစကီး ကွန်မြူနစ်ပါတီခေါင်းဆောင် Vasiliy Shandibin နှင့်တူတဲ့ Shrek ကို ဖန်တီးမှု အတွက် Shandibin က DreamWorks ကို တရားစွဲမှာတဲ့ ...သူ့ရုံးခန်းမှာ Shrek ပုံကိုချိတ်ထားပြီး လူလာတိုင်း ပြတယ်ဆိုပဲ ...Hollywood က DreamWorks ရဲ့ Privacy ချိုးဖောက်မှု အကြောင်းကို ဧည့်သည်တွေကို ပြပါတယ်တဲ့ ...အင်တာနက်သတင်းတစ်ခုပါ ...တကယ့်ပုံလား ...ဖိုတိုရှော့လားဆိုတာ ဝေဖန်ပေးကြပါဦး ...

Tuesday, April 24, 2007

Today's Quote

Quotation to follow

  • Do It .
  • Do It Right .
  • Do It Right Now .

မြန်မာဗွီဒီယို ရုပ်ရှင်

ဝေဖန်ရေး လေကန်ရေးတစ်ခုပေါ့ဗျာ ...မြန်မာဗွီဒီယို ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ...မကြိုက်လို့လား ...ဟုတ်တယ်ဗျ ...တချို့သောဇာတ်ကားတွေ ...အများစုပါ ...တော်တော်ဆိုးတယ် ...မကြိုက်ဘူး ...ကျွန်တော်မကြိုက်တာက အသံတွေ ...နောက်ခံတေးဂီတသံတွေ တော်တော်ဆိုးတယ် ...ဇာတ်ဆောင်တွေ ဘာပြောလို့ပြောနေလဲ မသိအောင်ကို ဖျက်သလို ဖြစ်နေတယ် ...မြန်မာတစ်ယောက်အနေနဲ့ မြန်မာစကားပြောဘာပြောနေလဲ ဆိုတာတောင် တော်တော်နားထောင်ရတယ် ...ဘယ်လောက်ကောင်းတဲ့ ဇာတ်ကားမှာပဲ ဖြစ်ဖြစ် နောက်ခံတေးဂီတ အသံနဲ့ မတူဘူး ...ဒိုင်ယာလော့ဂ်တွေကပဲ နောက်ခံစကားပြောတွေလို ဖြစ်နေတယ် ...သရုပ်ဆောင်တစ်ယောက်ရဲ့ လှုပ်ရှားမှုကို ခံစားမှုကို မပေါ်ပေါ်အောင် တီးလုံးတွေနဲ့ အတင်းတွန်းပို့နေသလိုပဲ ...အခု ဗွီဒီယိုဇာတ်ကားတချို့ ကိုးရီးယား ဒရမ်မာကားတချို့ကို ပြန်လည်ခံစားမှု လုပ်ကြတယ် ...ကူးချတယ်ပေါ့ဗျာ ...ဒါပေမယ့် တခြားစီပဲဗျ ...နောက်တစ်ခုရှိတာက ဆူညံသံတွေ ...ဇာတ်ဆောင်၂ ယောက်လောက် သရုပ်ဆောင်ခန်းတွေ မသိသာဘူးဗျ ...၃ ၄ ယောက်ပိုများလာတဲ့ အခါ စကားပြောခန်းက ရန်ဖြစ်နေသလားထင်ရတယ် ...အသံဖမ်း အသံထပ်တွေပဲလိုတာလား ...အသံတည်းဖြတ်မှုတွေမှာလိုတာလား ...ကျွန်တော်ထင်တာတွေပါ ...တချို့ဇာတ်ကားတွေမှာ အသံအတိုးအကျယ် ခဏခဏလုပ်ရတယ် ...တိုးလာလိုက် ကျယ်လာလိုက် တီးလုံးသံကြီးက အူပြီးထွက်လာလိုက် မြန်မာလိုပြောတာကို အားစိုက်ပြီးနားထောင်ရလိုက်နဲ့ ...မြန်မာကားတွေ မြန်မာသရုပ်ဆောင်တွေ မြန်မာဂီတတွေကို မကြိုက်ဘူးလား ...ကြိုက်ပါတယ် ကြည့်ပါတယ် ...အဲဒါနဲ့ပဲ အဲလို အဆင်မပြေမှုတွေ တွေ့နေရတာပါ ...

Wi-Fi Networking

UK ကကျောင်းတချို့ Wi-Fi မသုံးရ ဖြစ်သွားပြီတဲ့ဗျာ ...ကျောင်းသားမိဘတွေ အစိုးရိမ်လွန်တာလဲ ပါမှာပေါ့ ...Wireless Networking က ကျန်းမာရေးဆိုးကျိုးဖြစ်စေနိုင်တယ်လို့ သက်သေအထောက်အထားမရှိသေးပါဘူး ...အဲဒါအတွက် Professional Association of Teachers က Evidences တွေရှာဖို့ စပြီးလုပ်နေကြပါပြီတဲ့ ...အဲဒီအဖွဲ့က Wi-Fi ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖော်ထုတ်ဖို့ကြိုးစားကြမှာ ဖြစ်ပါတယ် ...ဘာတွေလဲတော့ မသိဘူးဗျာ ...သုတေသနလုပ်ကြတာတော့ ကောင်းပါတယ် ...Radio Frequency Emission Hazards တွေမှာ Wi-Fi နဲ့ပတ်သတ်တာတွေကို ထပ်သိရတာပေါ့ ...

ဒီမှာ ဖတ်ကြည့်ပါ
Wi-Fi NetNews

PC နဲ့မတူသော PCများ

PC နဲ့မတူသော PCများ
စပီကာ အော်လံကြီးလားပေါ့နော် ...ရုတ်တရက်ကြည့်ရင် ...ဒါပေမယ့် အဲဒါ PC ပါတဲ့ဗျာ ...PC Design Contest 2007 Korea ကပုံတွေပါ ...အဲဒီဲပြိုင်ပွဲမှာ ဆုချိတ်တဲ့ ဒီဇိုင်း ၆မျိုးအနက် Challenger Category အတွက် ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ် ...ရုတ်တရက်ကြည့်ရင် မော်နီတာမှ မပါတာ PC ပါလို့ ဘယ်ထင်မလဲဗျ နော် ...မော်နီတာကို မသုံးပါဘူးတဲ့ ...Built-in Projector ကို အသုံးပြုထားတာပါတဲ့ ...


PCs that barely resemble PCs တွေကို ကြည့်ချင်ရင် ဒီမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ် ...

Tuesday, April 10, 2007

The Picture I Like

Funny HTML Picture
ဤပုံကို ကြည့်ပါ ... အဝေးကပင် မြင်နိုင်ပါသည် ...
KezNews မှာ တွေ့တဲ့ ပုံလေးကို ကြိုက်လို့ပါ....

Friday, April 06, 2007

Windows Vista Activation

Windows Vista Pirated ကို Activate လုပ်ဖို့ Software ပါ။Time Freezer , Timer Lock SetUp တွေက Activate လုပ်ဖို့ကို အချိန်အတိုင်းအတာ တစ်ခုလောက်အထိပဲ ဆွဲထားနိုင်ပါတယ်။ကျွန်တော် အခု သုံးထားတဲ့ Software က Vista Activator ပါ။Vista BIOS Emulation Crack Software ကို ကျွန်တော်သုံးပါတယ်။ကောင်းကောင်းအလုပ်လုပ်ပါတယ်။Download လုပ်နိုင်ဖို့ ကျွန်တော် Link Share ထားပါတယ်။
အောက်ပါအတိုင်း ပြုလုပ်ပါ။

၁. အရင်ဆုံး Vista BIOS Emulation Crack ကို ဒီမှာ [ Link1] or [ Link2] ဒေါင်းလုဒ်လုပ်ပါ။
၂. Windows Vista ကို Install လုပ်တဲ့ အခါမှာ Product Key မသုံးပဲ Install လုပ်ပါ။
(Product Key သုံးပြီး Install လုပ်ထားပြီးသား Vista မှာလည်း ဒီSoftware က အလုပ်လုပ်ပါတယ်)
၃. Windows Installation ပြီးတဲ့ အခါမှာ ... Download လုပ်ထားတဲ့ Zip File ကို ဖြေပါ။
(Vista Activator ဆိုတဲ့ Software ကို တွေ့ရမှာ ဖြစ်ပါတယ်)
၎. Vista Activator ကို Run ပါ။
(It may take several minutes လို့ပြောပါတယ်။ဒါပေမယ့် သိပ်မကြာပါဘူး)
(If Windows ask you , select "Allow")
၅. Installing ဆိုတဲ့ Message Box တစ်ခုပေါ်လာပါမယ်။Wait one minute ပါတဲ့။
၆. ပြီးရင် Restart ချပါ။Reboot ပြန်လုပ်တဲ့ အခါမှာ Windows Activated ဖြစ်ပါပြီ။
(Control panel >System and Maintainance>System မှာ Check လို့ရပါတယ်)



Original Article

Vista Embedded Softwares တွေလား

Vista Pirated Versions တွေထွက်ခါစတုန်းက ကျွန်တော်တို့ဆီမှာ DVD ၁ချပ်ကို ၄၀၀ရူဘယ်လောက် ပေးပြီးဝယ်ရတယ်။အဲဒီမှာ ဘာတွေပါလဲဆိုတော့ Software အပိုတွေပါတယ်။တကယ်တော့ Pirated Version ထုတ်လိုက်တဲ့သူတွေက DVD အခွေမှာ အပိုဆားဒါးတွေပါ ထည့်လိုက်တဲ့ သဘောပါ။Vista အစစ်ခွေမှာ ပါတာမဟုတ်ဘူးလေ။Vista ရဲ့ Default Programs တွေမှာ ပါတာမဟုတ်ဘူး။အဲဒီတော့ အပိုဆားဒါး Applications တွေနဲ့ Pirate က 4.5 Gb လောက်နဲ့။DVD တစ်ချပ်မပြည့်ရုံပါပဲ။ကျွန်တော်ကတော့ အဲဒီအခွေကို မ၀ယ်ပါဘူး။Vista ကို Torrent ကနေ Download ချပါတယ်။အဲဒီမှာပါတဲ့ Softwares တွေကတော့ Audio Editors တချို့ နဲ့ Video Editors တချို့ကို Crack Files တွေနဲ့ ထည့်ထားတာပါ။

Audio Editors
1. 4U WMA MP3 Converter v5.6.0
2. 123 Sound Recorder v1.60
3. Absolute Sound Recorder v3.3.8
4. Audio Edit Magic v9.0
5. Audio Editor Express v3.3
6. Cakewalk Music Creator v3.0
7. Cowon JetAudio v6.26
8. Steinberg Cubase SE v1.0.7 Hybrid
9. Steinberg WaveLab v5.01b

Video Editors
1. Adobe After Effects v7.00
2. Blaze Video Magic v2.0.1.1
3. Color7 Video Studio v7.0
4. Sony Vegas 7.0a
5. Ulead VideoStudio v10.0

Download ~ ဒေါင်းလုဒ်

ကျွန်တော့ ဘလော့ကိုလာကြည့်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောတယ် ... Download ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ဘာလို့ အင်္ဂလိပ်လိုအတိုင်း မရေးပဲနဲ့ မြန်မာအသံထွက်နဲ့ ဒေါင်းလုဒ်လို့ ရေးတာလဲတဲ့ ... ကြည့်ရတာ အရုပ်ဆိုးတယ်တဲ့ :) ဟုတ်လား ? သူပြောတာ ဒေါင်းလုဒ်ဆိုတဲ့ စကားလုံးမှာ ဒဒွေး အက္ခရာကို ရုပ်ဆိုးတယ်ထင်တာ ဖြစ်မယ်ဗျ :) Download ကို Download လို့ပဲရေးပါလားတဲ့ ... ရုပ်ဆိုးတယ်လို့ ထင်စရာ ဒဒွေးက ၂လုံးတောင်ပါတယ် :)

ကျွန်တော့ဖိုင်းယားဖောက်စ်က ဆော့ဝဲလ်သေးသေးလေးတွေ

1. Del.icio.us -Keep , share and discover all your favourite things, integrates your browser with del.icio.us (http://del.icio.us/), the leading social bookmarking service on the Web
2. Greasemonkey -A user script Manager for FireFox, Allows you to customize the way a webpage displays using small bits of JavaScript
3. FotoFox -Upload pictures to your preferred photo sharing services
4. IE Tab -Enables you to use the embedded IE engines within Mozilla/FireFox
5. IDM CC -Internet Download Manager Integration for Mozilla
6. VideoDownloader -Download videos from goggle, youtube, Metacafe, iFilm, DailyMotion, ...and other 60+ video sites. And all embedded objects on a webpage(movies, mp3, flash, quicktime, etc
7. Download Helper -Download videos and images from many sites
8. Fast Video Download -Allows to save videos from sites such as YouTube and most of embedded objects on any other pages
9. Download Embedded -Downloads all embedded objects on a webpage
10. ImageShack Toolbar -It integrates with both Internet Explorer 6.0 and WindowsXP and has drag-and-drop, right-click-upload, and many other feathers
11. Ook?Video Ook? -Downloads embedded videos from several sites
12. PDF Download -Allows to choose what do you want to do with PDF file: download it , view it with external viewer or view it as HTML!
13. POW -Personal Web Server(Plain Old Webserver which adds a server to your browser)
14. Server Spy -Indicates what brand of HTTP server runs on the visited site
15. Anglais -Provides proverbs and jokes to better learn english
16. Addblock Plus - If annoyed by all those ads and banners on the internet that often take longer to download than everything else on the page

Morning Coffee

FireFox မှာသုံးဖို့ add-on အသစ်တစ်ခုပါ။အင်တာနက်သုံးသူတစ်ယောက်က နေ့စဉ်ဝင်ရောက်ကြည့်ရှုနေကျ ၀က်ဆိုဒ်တွေကို ဒီ Morning Coffee Extension အသစ်က တပြိုင်တည်း Multiple tabs တွေနဲ့ ဖွင့်ပေးနိုင်ပါတယ်။ဝက်ဘ်ဆိုဒ်တစ်ခုချင်းကို ဖွင့်နေစရာ မလိုတော့ပါဘူးတဲ့။လူပျင်းတွေအတွက်လား ???

ဟဲဟဲ....ဒါပေမယ့် မလိုပါဘူးဗျာ။FireFox ရဲ့ Bookmark Function ကကောင်းပြီးသားပဲ။ကိုယ်ဖွင့်နေကျ ဆိုဒ်တွေ။ဝင်ရောက်လည်ပတ်နေကျ ဘလော့တွေကို Tab တစ်ခုချင်းမှာဖွင့် ... ပြီးတော့ Bookmark Menu ရဲ့ Scroll down List မှာ Bookmark All Tabs (Ctrl+Shift+D) လုပ်လိုက်လည်းရတာပဲ ...နော ... ဘယ်မှာ Bookmark လုပ်မှာလဲ ဆိုတာတော့ New Folder တစ်ခုတည်ဆောက်ပြီးတော့ Daily Visited Sites ဆိုပြီးတော့ နာမည်ပေးလိုက်လည်း ရတာပဲ။
အဲလိုလုပ်ပြီးသွားရင် Bookmarks Menu ထဲက Daily Visited Sites ကို Right Click နဲ့ Open All in Tabs ဆိုရင်အကုန်လုံး တပြိုင်တည်း ကြည့်နိုင်ပါတယ်။Add-on အသစ်တစ်ခု မလိုပါဘူး။
အဲလိုမှ မဟုတ်ဘူး။ကော်ဖီခွက်လေးကို Click လုပ်ပြီးမှ ကြည့်ချင်လည်းရပါတယ်။


ဒီမှာ ..... မောနင်းကော်ဖီ

Tuesday, April 03, 2007

ပိတောက်ဖူး

ပိတောက်ဖူးတွေ

ပိတောက်ဖူးတွေပုံဗျာ ... ရှားရှားပါးပါး ...ပိတောက်ပွင့်ပုံတွေပဲတွေ့တာ များပါတယ် ... အခု မဟာသင်္ကြန်ဘလော့မှာ တွေ့လို့ Copy ကူးပြီး တင်ပါတယ် ... သင်္ကြန်နီးလာပြီနော် ....

USB Cable for PC-to-PC Data Transfer

PC2PC via USB Cable




PC အချင်းချင်း Data Transfer အတွက် USB Cable ပါတဲ့ .... အရင်တုန်းက Home Network တည်ဆောက်ပြီး Data Transfer လုပ်ကြပါတယ် ... အခုတော့ အဲဒီ ကေဘယ်လ်နဲ့ လုပ်လို့ရပါပြီတဲ့ ... Belkin International, Vivanco Group AG and Bafo Technologies တွေရဲ့ ဖန်တီးမှုဖြစ်ပါတယ် .... ကေဘယ်လ်မှာပါတဲ့ Special Chip တစ်ခုနဲ့ အလုပ်လုပ်ပါတယ် ... အဲဒီအတွက် Cable Installation CD ကို Install လုပ်ပြီးရင် သုံးလို့ရပါပြီတဲ့ ... BAFO Direct LinQ USB 1.1 Data Transfer Cable ရဲ့ ရောင်းဈေးကတော့ 8.99 ဒေါ်လာဖြစ်ပါတယ် ....



New Myanmar Forum

ဖိုရမ် အသစ်တစ်ခုပါ ....မြန်မာဂရပ်ဖစ်ချစ်သူဖိုရမ်တဲ့ ... လောလောဆယ် ဖိုရမ် Member သိပ်မရှိသေးဘူး .. ၃ . ၄ ယောက်ပဲ ရှိသေးတယ် .....2D Graphics , 3D Graphics , Web Tools နဲ့ အခြား Computer ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ဖလှယ်ဖို့ ဖိုရမ် ၁ ခုပါ .... ကျွန်တော်က ကြော်ငြာပေးနေတာပါ ... အခုလောလောဆယ်တော့ ဖိုရမ်ခေါင်းစဉ်တွေရယ် Member ၃ . ၄ ယောက်ရယ်ပဲရှိသေးတယ် ... စိတ်ဝင်စားသူများ ၀င်ရောက်ပြီးပွား နိုင်အောင်လို့ပါ.....

http://www.myanmargraphiclover.net.tc/

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP