Wednesday, May 23, 2007
Link to My Blog Roll yourself
၁. Open this link , which will lead you to the login page.
၂. Use (linktoblogroll@gmail.com) as your username.
၃. Use ( linkyourself ) as your password.
၎. Click 'add a link'
၅. Add URL of your blog.
** Please do not abuse that account.
Published by KhunMoung 3 comments
Labels: WebTools
Saturday, May 12, 2007
ကျွန်တော်နှင့် အနေအထိုင်မတတ်မှုများ
ကျွန်တော့်ရဲ့ တော်ရုံတန်ရုံ အဓိပ္ပာယ်
သစ်ပင်တွေငြိမ်သက်
ငါ့မှာသာ စက္ကူငှက်တစ်ကောင်လို ဂဏှာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုန့်သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့။
ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေခါနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက် ယုံတစ်ဝက်။
သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ။
ရူးချင်ယောင်ဆောင်နေလို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမယ့် သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်စာရင်းထဲက
ရုန်းမထွက်နိုင်သေး။
ငါ့ရဲ့ရွှေ့ပြောင်းပုံစံ
ဘယ်နေ့များ ဘယ်သူ့ထံရောက်မှာလဲ။
ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ။
တစ်နေ့ ထမင်းနှစ်နပ်စားဖို့လိုသလို
တစ်နေ့ ကဗျာနှစ်ပုဒ်ဖတ်ဖို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံး အကျောပေးထားလိုက်ချင်တယ်
သတင်းနဲ့ နည်းပညာခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ (လှသန်း)
်လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှ မပတ်သတ်တဲ့လက်
ခုချိန်ထိ ဘာကိုမှ မိမိရရ မဆုပ်ကိုင်မိသေးတဲ့လက်
လက်ရေးလှလှ ရေးတတ်ခဲ့ပေမယ့် လက်ညှိုးညွှန်ရာ ရေမဖြစ်ခဲ့တဲ့လက်
အသားမာတက်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးနေတဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်က အဲ့ဒီလက်ကို လက်တို့ပြီးသတိပေးနေတယ်
အဲဒီလက်က အဲ့ဒီလက်ကို လက်ဖျားခါလိုက်တယ်
တစ်နေ့လက်ချည်းပဲ ပြန်ရမယ်ဆိုတာ သေချာနေတဲ့လက်
အဲဒီလက်က အဲ့ဒီလက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ (လှသန်း)
အနေအထိုင် မတတ်မှုများ
ကြယ်တွေ မရိုးမရွ
ကောင်းကင်ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရရင် ကောင်းမလား၊၊
ခေါင်းတိုင်က မီးခိုးလို
ပါးစပ်အဟောင်းတွေထဲက
အသံအဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ၊၊
လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ့်သူ့ကို စွဲချက်တင်ရမလဲ
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင်မှ
ရှေ့ရေးက မကောင်းနိုင်သေးဘူး၊၊
မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို့ခေါ်လို့ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူးချွန်ဖို့ပဲ လိုအပ်တယ်။ (လှသန်း)
ကဗျာတွေပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူး
Published by KhunMoung 0 comments
Labels: Poems
Software Wars
Software Wars
OpenSource အင်အားစုများနဲ့ Microsoft တို့ရဲ့ တိုက်ပွဲမြေပုံ
ဒီမှာကြည့်ပါ... :)
Published by KhunMoung 0 comments
ကျွန်တော်နဲ့ ကီးဘုတ်
Published by KhunMoung 0 comments
Thursday, May 03, 2007
စစ်ကြီးပြီးဆုံးတဲ့အခါ
Трофим - Когда окончится война (When the War Ends)
စစ်ကြီးပြီးဆုံးတဲ့အခါ
ကောင်လေးတစ်ယောက် ပေါင်မုန့်ယူရန် ပြေးထွက်လာမယ်
ကမ္ဘာကြီးကတော့နားလည်ရခက်တဲ့ကောင်းကင်ကြီးလို တိတ်ဆိတ်ငြိမ်သက်လျှက်ပါ
မတည်မြဲတဲ့ ငြိမ်းချမ်းမှုလေးမှာ ဆိတ်ငြိမ်လျှက်ပေါ့
ကံကြမာ အချိန်ယန္တရား
ဘုရားသခင်က စီမံသွားပါလိမ့်မယ်
ဟိုးအမြင့်က ကြယ်တာရာတွေတိတ်ဆိတ်နေတဲ့ အချိန်မှာ
တစ်စုံတစ်ယောက်ရဲ့ အသံဟာ တိုးတိုးလေးထွက်လာပါတယ်
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
ကျွန်တော်တို့ ရဲဘော်ရဲဖက်တွေဟာ ဒဏ်ရာတွေကို ကုသကြမယ်
အသစ်ပြန်လည် ဖွံဖြိုးလာတဲ့ နိုင်ငံလေးဟာ အင်အားပြန်လည်တောင့်တင်းလာလိမ့်မယ်
တကယ့်ကို အရေးပါတဲ့ ဘ၀လေးတစ်ခုလဲ အဓိပ္ပယ်ရှိစွာဖြစ်လာမှာပါ
ပျက်စီးဆုံးရှုံးမှုတွေကို ကျော်ဖြတ်ပြီး ကိုယ့်ဘ၀ကိုကိုယ် လွတ်လပ်စွာ ရပ်တည်လာနိုင်တော့မှာပါ
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
ကိုးကွယ်ယုံကြည်မှုအားလုံးမှာ တူညီတဲ့
တစ်ခုတည်းသော ခံယူချက်ကတော့ အကြင်နာတရားပါပဲ
ဒီကမ္ဘာငယ်လေးမှာ ရာစုနှစ်ပေါင်းများစွာ အကြင်နာတရား ကင်းမဲ့ခဲ့တယ်
ကျွန်တော်တို့ဟာ ရန်သူတွေ မဟုတ်ကြပါဘူး
ကျွန်တော်တို့ဟာ အစွန့်ပစ်ခံ ကလေးငယ်တွေပါ
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
Published by KhunMoung 0 comments
Tuesday, May 01, 2007
ဤသို့ထင်မြင်မိပါသည်
ထိုထိုသောအကြောင်းအရာများကို ရေးသား၍ ကျွန်တော့ကို Tag ထားသော Potato နှင့် မြန်မာဘလော့ဂါတို့၏ တက်လောကကြီးကို ရည်စူး၍ ရေးသားပါသည် ...10 Weird Things about Me တဲ့ ...လူသည် ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်သည် ဆိုပေမယ့် တကယ်တမ်း စဉ်းစားတော့ တော်တော်ခေါင်းပူအောင် စဉ်းစားရတယ် ... ၁၀ ချက်တော့ ပြည့်အောင် ရေးထားပါတယ် ...
(အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် :P)
၁.အရေးတကြီးလုပ်စရာမလိုဟု ယူဆသောအလုပ်များကို အချိန်ဆွဲတတ်သည် ...ရက်ချိန်းပေးတတ်သည် ...ကိုယ့်ကိုယ်ကိုလည်း ခဏခဏ ရက်ချိန်းပေးတတ်သည် (နောက်မှလုပ်လည်းရပါတယ် ...ဆိုပြီး)
၂.သီချင်းနားထောင်နေရင်း ...ဂျီတော့ကနေပြီးတော့ စကားပြောဖို့ ခေါ်ရင် တအားစိတ်ဆိုးသည် ...မည်သူနဲ့မှ ပြန်မပြောပါ(ကြိုပြောထားတာ....ဟီး)
၃.ကွန်ပျူတာရှေ့ တစ်နေကုန်နှင့်တစ်ညလုံးထိုင်နိုင်သည် ...စာဖတ်တော့မယ်ဆိုရင် ...၁၀မိနစ်လောက်ဖတ်ပြီး ...ငါ့မျက်စိတွေသိပ်မကောင်းတော့ဘူး ...စာသိပ်မဖတ်နိုင်တော့ဘူး..လို့ ညည်းတတ်သည်.
၎.ကိုယ်တိုင်က ပုဆိုးချက်ပြုတ် ၀တ်တတ်သော်လည်း တခြား ပုဆိုးချက်ပြုတ်ဝတ်ထားသူတွေဆို ... ကြည့်လို့မရဘူး ...Cross ပဲ မျက်စိထဲမှာ ...
၅.သိပ်မရင်နှီးသောသူများနဲ့ဆို တကယ့်ကိုရုပ်တည်ကြီးနေတတ်သည် ...နောက်တော့ပေါတောတောကြီး
၆.သေရည်သောက်၍ နည်းနည်းလေးမူးလာရင် စကားသိပ်မပြောတော့ဘူး ...ခံစားချက်တစ်ခုခုကို အစဖော်စဉ်းစားတတ်တယ် ...ဒီထက် နည်းနည်းလေးပိုမူးရင် မှောက်သွားရော ...
၇.ဂျီတော့ custom message တချို့ မျက်စိထဲ cross ဖြစ်တယ်...ဘယ်သူ့ကိုရည်စူးထားတဲ့ စာသားတွေလည်းမသိဘူး...ခံစားချက်ကြော်ငြာတွေကို ပြောတာပါ(ဒါပေမယ့်သူလည်းသူ့ Privacy နဲ့သူပဲ)
၈.ပိုးဟပ်အကောင်သေးသေးလေးတွေ တွေ့ပြီးနောက်ပိုင်း ရွံကြောက်သွားသည်.
၉.ခေါင်းအလွန်မာသည် (သက်သေတော့ပြတော့ပါဘူး ...ဟီး)
၁၀.ငပိရည်ကောင်းကောင်း တို့စရာကောင်းကောင်းကြိုက်သည် ...(Weird ဖြစ်တယ်မထင်ဘူးလားဗျ)(၀ိုင်းသြဘာပေးတော့မှာပဲ)
ဘာတွေလျှောက်ရေးထားလဲမသိဘူး :P
Published by KhunMoung 0 comments