Wednesday, May 23, 2007

ခိုဂိုငါပစ်ဒယ်ဝေ့.....ရေးချမဟုတ်ဘူး

မြန်မာစာနဲ့ပတ်သတ်ပြီး သတ်ပုံနဲ့ပတ်သတ်ပြီး အငြင်းပွားခဲ့တဲ့ ကွန်မန့်တွေ အများကြီးတက်ခဲ့တဲ့ ဘလော့ဂ်တစ်ခုပါ။ ဒီမှာဖတ်ကြည့်ပါ။ မိတ်ဆွေမှာလည်း ကိုယ်ပိုင်အယူအဆ သင်ကြားလေ့လာခဲ့မှုတွေ ရှိမှာပါ။သွားရောက်ဖတ်ရှုစေချင်ပါတယ်။ ကျွန်တော့ အမြင်အရ ခံယူချက်အရတော့ မြန်မာတွေဖတ်တာပဲ ဆိုပြီး ဖြစ်သလိုရေးသား နားလည်ရင်ပြီးရော ရေးတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ စာလုံးပေါင်းသတ်ပုံ အရေးမကြီးဘူးလို့ ထင်ပါသလား။ ဂရုစိုက်တာကောင်းပါတယ်။ မြန်မာစာကိုလည်း အလေးထားစေချင်ပါတယ်။

Link to My Blog Roll yourself

ကျွန်တော့ ဘလော့ဂ်ကို လာရောက်လည်ပတ်တဲ့ ဘလော့ဂါတွေရော ဘလော့မဂါတာတွေရော အားလုံးကို ကျေးဇူးတင်။ကျွန်တော်ပို့စ်မတင်ဖြစ်တာတောင် ကြာပါပြီ။ လုပ်ချင်တာတွေလည်း ကိုယ့်ကိုယ်ကို ရက်ချိန်းတွေပေး တွေးငေးနေတာနဲ့ မလုပ်ဖြစ်သေးပါ။ အခုတလော လုပ်မယ်စိတ်ကူးထားတာက ... သွားလည်နေကျ ဘလော့တွေကို ကိုယ့်ဘလော့ကနေပဲ တစုတစည်းထဲ ဖြစ်အောင် လင့်ခ်တွေ ထည့်ဖို့ ။ အဲဒါလည်း မလုပ်ဖြစ်သေးဘူး ။ ပျင်းနေလို့ ။ပျင်းလက်စနဲ့ ဆက်ပျင်းလိုက်ဦးမယ်။ ကျွန်တော့ ဘလော့ဂ်လေးကို လင့်ခ်ချိတ်ချင်တဲ့ ဘလော့ဂါအားလုံး လင့်ခ်ချိတ်နိုင်ပါတယ်။ စီဘောက်စ်လေးမှာပဲ ပြောခဲ့ပါ ။အဲဒီအတွက် အသုံးဝင်တဲ့ ၀က်ဘ်ဆိုဒ်တစ်ခုကို ရှာတွေ့ထားပါတယ် ။BlogRolling Tool ပါ။ဒီအဆင့်တွေအတိုင်းလုပ်နိုင်ပါတယ်။

၁. Open this link , which will lead you to the login page.
၂. Use (linktoblogroll@gmail.com) as your username.
၃. Use ( linkyourself ) as your password.
၎. Click 'add a link'
၅. Add URL of your blog.
** Please do not abuse that account.

Saturday, May 12, 2007

ကျွန်တော်နှင့် အနေအထိုင်မတတ်မှုများ


ကျွန်တော့်ရဲ့ တော်ရုံတန်ရုံ အဓိပ္ပာယ်

သစ်ပင်တွေငြိမ်သက်

လေကလဲငြိမ်သက်
ငါ့မှာသာ စက္ကူငှက်တစ်ကောင်လို ဂဏှာမငြိမ်
စာကလေးတွေရဲ့ ခွန်းတုန့်သံကိုကြားမှ
အတ္တဘ၀မှန်ကို အောက်မေ့ဆင်ခြင်မိရဲ့။

ငယ်ငယ်တုန်းကမှားခဲ့တယ်
ကြီးလာတော့လွဲခဲ့တယ်
သေခါနီးတော့ ဘာလုပ်ရမှန်းမသိ
ဝိမုတ္တိကောင်းကင်မှာပျံသန်းဖို့
အတောင်အလက်ကမစုံ
ချစ်ခြင်းမေတ္တာကိုယုံခဲ့တယ်
ဒုက္ခသစ္စာကိုယုံခဲ့တယ်
ငွေကိုတော့ မယုံတစ်ဝက် ယုံတစ်ဝက်။

သံသရာက ညှီစော်နံနေပြီ
အဲဒီပန်းပုကို ဘယ်ဟင်းလင်းပြင်မှာထားမလဲ
ပန်းပုမှာကိုက ဟင်းလင်းပြင်ရှိပြီးသားပါ။

ရူးချင်ယောင်ဆောင်နေလို့ရတယ်
အိပ်ချင်ယောင်ဆောင်လို့ရတယ်
ဒါပေမယ့် သေချင်ယောင်ဆောင်လို့မရဘူး
ငါ့ရဲ့ဖြစ်တည်မှုကို သတ်မှတ်ဖို့
နိုင်ငံသားကဒ်ပြားတစ်ခုပဲရှိတယ်
ခုချိန်ထိ မိသားစုသန်းခေါင်စာရင်းထဲက
ရုန်းမထွက်နိုင်သေး။

ငါ့ရဲ့ရွှေ့ပြောင်းပုံစံ
ဘယ်နေ့များ ဘယ်သူ့ထံရောက်မှာလဲ။

ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ။

တစ်နေ့ ထမင်းနှစ်နပ်စားဖို့လိုသလို
တစ်နေ့ ကဗျာနှစ်ပုဒ်ဖတ်ဖို့ မလိုအပ်ဘူးလား
ခေတ်ကြီးတစ်ခုလုံး အကျောပေးထားလိုက်ချင်တယ်
သတင်းနဲ့ နည်းပညာခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ။ (လှသန်း)


လက်
လက်ဝတ်ရတနာတွေနဲ့ ဘာမှမဆိုင်တဲ့လက်
လက္ခဏာပညာရှင်တွေနဲ့ ဘယ်လိုမှ မပတ်သတ်တဲ့လက်
ခုချိန်ထိ ဘာကိုမှ မိမိရရ မဆုပ်ကိုင်မိသေးတဲ့လက်
လက်ရေးလှလှ ရေးတတ်ခဲ့ပေမယ့် လက်ညှိုးညွှန်ရာ ရေမဖြစ်ခဲ့တဲ့လက်
အသားမာတက်နေပေမယ့် လက်ခမောင်းမခတ်နိုင်သေးတဲ့လက်
သဲအိတ်ထိုးရမှာ ၀န်လေးနေတဲ့လက်
မြွေတွင်းကိုမှ နှိုက်ချင်နေတဲ့လက်
အဲဒီလက်က အဲ့ဒီလက်ကို လက်တို့ပြီးသတိပေးနေတယ်
အဲဒီလက်က အဲ့ဒီလက်ကို လက်ဖျားခါလိုက်တယ်

တစ်နေ့လက်ချည်းပဲ ပြန်ရမယ်ဆိုတာ သေချာနေတဲ့လက်
အဲဒီလက်က အဲ့ဒီလက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ (လှသန်း)


အနေအထိုင် မတတ်မှုများ
ကြယ်တွေ မရိုးမရွ

ကောင်းကင်ကျိုးကျတော့မယ်
မြေကြီးကို ရွှေ့ထားရရင် ကောင်းမလား၊၊

ခေါင်းတိုင်က မီးခိုးလို
ပါးစပ်အဟောင်းတွေထဲက
အသံအဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ၊၊

လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ့်သူ့ကို စွဲချက်တင်ရမလဲ
မျိုးဆက်တစ်ခုလုံး ချကျွေးခဲ့တာတောင်မှ
ရှေ့ရေးက မကောင်းနိုင်သေးဘူး၊၊

မာယာများတဲ့ မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ ကြိုးစားမိသူ ဂေါက်ရိုက်သမား
ဒါဟာ အပြစ်လို့ခေါ်လို့ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူးချွန်ဖို့ပဲ လိုအပ်တယ်။ (လှသန်း)


ကဗျာတွေပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူး

Software Wars

Software Wars
OpenSource အင်အားစုများနဲ့ Microsoft တို့ရဲ့ တိုက်ပွဲမြေပုံ

ဒီမှာကြည့်ပါ... :)

ကျွန်တော်နဲ့ ကီးဘုတ်

ပျင်းတယ် ... ဘလော့ကိုစိမ်းကားထားတာ ကြာပြီ ...ကီးဘုတ်ကလည်း စပေ့ဘားပျက်နေတယ် ...ရေနွေးမှောက်ထားတာ ...အဲဒါလည်း ကလိရဦးမယ် ...စပေ့ဘားမရလို့ osk နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး ...မြန်မာလိုရိုက်တာက တော်သေးတယ် ...စပေ့ဘားမခြားချင်ရင် ပုဒ်စုခွဲတာတွေ နေရာမကျရုံပဲ ရှိမယ် ...ဘယ်သူမဆိုနားလည်နိုင်တာပဲ မဟုတ်လား ...ဘိုလိုရိုက်ရင်ဖြစ်ဖြစ် ... ဘားဂလိရှ်ရိုက်ရင်ဖြစ်ဖြစ် စပေ့ဘားက လိုလာပြီ ...အဲဒါမို့လို့ ဂျီးတော်တော့ခ်လည်း မဖွင့်ဘူး ...စာရိုက်ရမှာစိတ်မပါဘူး ...ကီးဘုတ်ကလည်း ရေနွေးမှောက်လိုက် ကော်ဖီမှောက်လိုက်ပါပဲ ...အမှတ်ကိုမရှိဘူး ...အရင်လက်ပ်တော့ပ်တုန်းကလည်း ကော်ဖီတိုက်ဖူးတာပဲ ...ကော်ကော်မှောက်တာ ...ပါဝါကြိုးဖြုတ် ...သန့်ရှင်းရေးလုပ် ...ချက်ချင်းလုပ်တာပဲ ...ဒါပေမယ့် ကီးတွေမှာ စေးကပ်ကုန်တယ် ...ctrl တစ်ခု အလုပ်မလုပ်ဘူး ...စေးကပ်နေလို့ ...အဲဒါ အဲဒီကီး တစ်ခုပဲ ဖြုတ်ပြီး အရက်ပြန်နဲ့ဆေး ...ပြန်တပ်... ချွေးပြန်အောင်တပ်လိုက်ရတယ် ...လက်ပ်တော့ပ်ကီးပတ်ဒ်က ကီးလေးတစ်လုံးကို ...နာရီဝက်လောက်ကြာအောင်ပဲ ...ကီးပတ်ဒ်တစ်ခုလုံး မဖြုတ်ပဲ ကီးလေးတစ်လုံးပဲ ဖြုတ်တာဆိုတော့လည်း တော်တော်လက်ဝင်တယ် ... အခု ကီးဘုတ်လေးကိုလည်း ခန္ဓာဗေဒလေ့လာရဦးမယ် ...

ကွန်ပြူတာသုံးတဲ့သူတိုင်း ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်တတ်တာ Enter Key ပဲထင်ပါရဲ့ ... ကွန်ပျူတာဖွင့်လို့ login မှာ password ရိုက်ပြီးရင် ....ဂျောင်းခနဲ ခေါက်လိုက်ကြတာ အဲဒီ Enter key ပါပဲ ...သူငယ်ချင်းတစ်ယောက် ဂိမ်းဆော့တာ ဖီဖာ 2007 ကို ဂိုးသွင်းရင် ကီးဘုတ်ကို လက်သီးနဲ့ ထုပြီးသွင်းတာ တွေ့ဖူးတယ် ...အားရပါးရပဲ ...ပြီးရင် ဂိုးဝင်သွားရင် ပျော်နေရော ...လက်ပ်တော့ပ်မှာဆိုရင် ကီးပတ်ဒ်ကို လက်သီးနဲ့ထုရင် ကြည့်ကောင်းဦးမယ် ...

ကီးဘုတ်မှာ အသုံးများတဲ့ ကီးတွေကို poll လုပ်ထားတာတွေ့လိုက်တယ် ... PerlMonks မှာ ...ကီးဘုတ်ပျက်လို့ ဟိုကလစ်ဒီကလစ်နဲ့ တွေ့လိုက်တာ ... ကီးဘုတ်မှာ စပေ့ဘားက ဒုတိယ အသုံးများကြတယ်တဲ့ ... ကိုယ်ဖာသာဘာကီးတွေ အများဆုံးသုံးမိလည်းတော့ မသိတော့ပါဘူး ...သူတို့ ပြောမှ စဉ်းစားမိတာက ... အခုလောလောဆယ် စပေ့ဘား မကောင်းလို့ osk လေးနဲ့ ပို့စ်ရေးရတာ အဆင်မပြေတာတော့ အမှန်ပဲ ...စပေ့ဘားသုံးချင်ရင် ... osk က စပေ့ဘားကို ကလစ်နေရတယ် ...


ဒီမှာ poll လုပ်ချင်လုပ်လိုက်ကြပါဦး ...ကွန်ပျူတာနဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာတွေလည်းရှိပါတယ် ...

Thursday, May 03, 2007

စစ်ကြီးပြီးဆုံးတဲ့အခါ


Трофим - Когда окончится война (When the War Ends)

စစ်ကြီးပြီးဆုံးတဲ့အခါ
ကောင်လေးတစ်ယောက် ပေါင်မုန့်ယူရန် ပြေးထွက်လာမယ်
ကမ္ဘာကြီးကတော့နားလည်ရခက်တဲ့ကောင်းကင်ကြီးလို တိတ်ဆိတ်ငြိမ်သက်လျှက်ပါ
မတည်မြဲတဲ့ ငြိမ်းချမ်းမှုလေးမှာ ဆိတ်ငြိမ်လျှက်ပေါ့
ကံကြမာ အချိန်ယန္တရား
ဘုရားသခင်က စီမံသွားပါလိမ့်မယ်
ဟိုးအမြင့်က ကြယ်တာရာတွေတိတ်ဆိတ်နေတဲ့ အချိန်မှာ
တစ်စုံတစ်ယောက်ရဲ့ အသံဟာ တိုးတိုးလေးထွက်လာပါတယ်
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ

စစ်ကြီးပြီးဆုံးတဲ့ အခါ
ကျွန်တော်တို့ ရဲဘော်ရဲဖက်တွေဟာ ဒဏ်ရာတွေကို ကုသကြမယ်
အသစ်ပြန်လည် ဖွံဖြိုးလာတဲ့ နိုင်ငံလေးဟာ အင်အားပြန်လည်တောင့်တင်းလာလိမ့်မယ်
တကယ့်ကို အရေးပါတဲ့ ဘ၀လေးတစ်ခုလဲ အဓိပ္ပယ်ရှိစွာဖြစ်လာမှာပါ
ပျက်စီးဆုံးရှုံးမှုတွေကို ကျော်ဖြတ်ပြီး ကိုယ့်ဘ၀ကိုကိုယ် လွတ်လပ်စွာ ရပ်တည်လာနိုင်တော့မှာပါ
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ

စစ်ကြီးပြီးဆုံးတဲ့ အခါ
ကိုးကွယ်ယုံကြည်မှုအားလုံးမှာ တူညီတဲ့
တစ်ခုတည်းသော ခံယူချက်ကတော့ အကြင်နာတရားပါပဲ
ဒီကမ္ဘာငယ်လေးမှာ ရာစုနှစ်ပေါင်းများစွာ အကြင်နာတရား ကင်းမဲ့ခဲ့တယ်
ကျွန်တော်တို့ဟာ ရန်သူတွေ မဟုတ်ကြပါဘူး
ကျွန်တော်တို့ဟာ အစွန့်ပစ်ခံ ကလေးငယ်တွေပါ
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ


Tuesday, May 01, 2007

ဤသို့ထင်မြင်မိပါသည်

ထိုထိုသောအကြောင်းအရာများကို ရေးသား၍ ကျွန်တော့ကို Tag ထားသော Potato နှင့် မြန်မာဘလော့ဂါတို့၏ တက်လောကကြီးကို ရည်စူး၍ ရေးသားပါသည် ...10 Weird Things about Me တဲ့ ...လူသည် ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်သည် ဆိုပေမယ့် တကယ်တမ်း စဉ်းစားတော့ တော်တော်ခေါင်းပူအောင် စဉ်းစားရတယ် ... ၁၀ ချက်တော့ ပြည့်အောင် ရေးထားပါတယ် ...
(အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည် :P)

၁.အရေးတကြီးလုပ်စရာမလိုဟု ယူဆသောအလုပ်များကို အချိန်ဆွဲတတ်သည် ...ရက်ချိန်းပေးတတ်သည် ...ကိုယ့်ကိုယ်ကိုလည်း ခဏခဏ ရက်ချိန်းပေးတတ်သည် (နောက်မှလုပ်လည်းရပါတယ် ...ဆိုပြီး)
၂.သီချင်းနားထောင်နေရင်း ...ဂျီတော့ကနေပြီးတော့ စကားပြောဖို့ ခေါ်ရင် တအားစိတ်ဆိုးသည် ...မည်သူနဲ့မှ ပြန်မပြောပါ(ကြိုပြောထားတာ....ဟီး)
၃.ကွန်ပျူတာရှေ့ တစ်နေကုန်နှင့်တစ်ညလုံးထိုင်နိုင်သည် ...စာဖတ်တော့မယ်ဆိုရင် ...၁၀မိနစ်လောက်ဖတ်ပြီး ...ငါ့မျက်စိတွေသိပ်မကောင်းတော့ဘူး ...စာသိပ်မဖတ်နိုင်တော့ဘူး..လို့ ညည်းတတ်သည်.
၎.ကိုယ်တိုင်က ပုဆိုးချက်ပြုတ် ၀တ်တတ်သော်လည်း တခြား ပုဆိုးချက်ပြုတ်ဝတ်ထားသူတွေဆို ... ကြည့်လို့မရဘူး ...Cross ပဲ မျက်စိထဲမှာ ...
၅.သိပ်မရင်နှီးသောသူများနဲ့ဆို တကယ့်ကိုရုပ်တည်ကြီးနေတတ်သည် ...နောက်တော့ပေါတောတောကြီး
၆.သေရည်သောက်၍ နည်းနည်းလေးမူးလာရင် စကားသိပ်မပြောတော့ဘူး ...ခံစားချက်တစ်ခုခုကို အစဖော်စဉ်းစားတတ်တယ် ...ဒီထက် နည်းနည်းလေးပိုမူးရင် မှောက်သွားရော ...
၇.ဂျီတော့ custom message တချို့ မျက်စိထဲ cross ဖြစ်တယ်...ဘယ်သူ့ကိုရည်စူးထားတဲ့ စာသားတွေလည်းမသိဘူး...ခံစားချက်ကြော်ငြာတွေကို ပြောတာပါ(ဒါပေမယ့်သူလည်းသူ့ Privacy နဲ့သူပဲ)
၈.ပိုးဟပ်အကောင်သေးသေးလေးတွေ တွေ့ပြီးနောက်ပိုင်း ရွံကြောက်သွားသည်.
၉.ခေါင်းအလွန်မာသည် (သက်သေတော့ပြတော့ပါဘူး ...ဟီး)
၁၀.ငပိရည်ကောင်းကောင်း တို့စရာကောင်းကောင်းကြိုက်သည် ...(Weird ဖြစ်တယ်မထင်ဘူးလားဗျ)(၀ိုင်းသြဘာပေးတော့မှာပဲ)

ဘာတွေလျှောက်ရေးထားလဲမသိဘူး :P

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP