Monday, March 10, 2008

Running Stuffs in My PC

ရေးချင်တာများ လုပ်ချင်တာများပြီး ဘာမှမရေးဖြစ်တာ ကြာပြီ။ လုပ်ချင်တာတွေလည်း မပြီးသေး။ စာတမ်းကိစ္စ လုပ်စရာတွေနဲ့ MS Word နဲ့ပဲ နပန်းလုံးနေရ။ စာဖတ်နေရပါတယ်။ ဖိုးချမ်းရေးထားတာဖတ်ပြီး ကျွန်တော်လည်း ကျွန်တော်သုံးနေတဲ့ OS n Soft တွေ အကြောင်း Share တဲ့ သဘော ရေးဦးမယ် စိတ်ကူးရလာတယ်။ စိတ်ကူးအတိုင်း အကောင်ထည် ဖော်လိုက်ပါတယ်။

OS
Windows Vista 32-bit OS ( Ultimate ) as my main operating system
Ubuntu 7.10 Gusty Gibbon to tamper s/t

MS Office
2007 ကိုသုံးပါတယ်။ Pirate Version ပါပဲ။ ဝယ်မသုံးနိုင်ပါဘူး။ Office XP, 2003 သုံးလာပြီး 2007 ကို စသုံးခါစမှာ မျက်စိနောက်လောက်အောင် ရှာဖွေမွှေနှောက်ရပါတယ်။ အခုတော့ အဆင်ပြေပါတယ်။ GUI တွေလည်း သဘောကျပါတယ်။ ပန်းသီးမှာတော့ ဒီထက်ပိုလှ ပိုကြွတဲ့ interface တွေနဲ့ ထုတ်လိုက်တယ် ဖတ်ဖူးပါတယ်။ ပန်းသီး မသုံးဖူးပါဘူး။ အခြေအနေပေးရင် MacBookPro လေးဖြစ်ဖြစ် သုံးခွင့်ရချင်ပါတယ်။ Steve Jobs ကိုလည်း အားပေးချင်ပါတယ်။

Kaspersky Antivirus

7.0 ထွက်ခါစမှာ စမ်းသုံးဖူးပေမယ့် ကီးတွေက Blacklist ခဏခဏ ပြတာနဲ့ အရင် 6.0 အဟောင်းလေးကိုပဲ ဖုန်သုတ်ပြီး ပြန်သုံးနေတယ်။ Antivirus မှာ Free Version လည်း ရတဲ့ Antivir Classic ကိုတော့ သဘောအကျဆုံးပါပဲ။ Key အတွက် ဘာမှ ဒုက္ခများမနေတော့ဘူး။ သုံးရတာလည်း ပေါ့ပါးပြီး Security လည်း ကောင်းပါတယ်။ ကျွန်တော်နဲ့ အဆင်မပြေတာက…Virus Scan ဖတ်ရင် သူ့ချည်းပဲ လွှတ်ထားလို့ မရတာပဲ။ တစ်ခုခု Alert တက်လာလို့ Action မယူမချင်း ဆက်ပြီး အလုပ်မလုပ်ဘဲ ပေခံနေတာ။ အဲဒါနဲ့ Kaspersky ကိုပဲ ပြောင်းဖြစ်သွားတယ်။ (XP သုံးတုန်းက Antivir နဲ့ Sygate Personal Firewall ကို တွဲသုံးပါတယ်။ Windows XP Firewall မသုံးဘူး။ အခု Vista မှာတော့ Firewall နဲ့ Defender Security ကိုပဲ အားကိုးထားတယ်။)

Players
Windows Media Player 11(already built-in Vista)
Jet Audio 7.0 (mostly used for Video watching)
Real Player 11 Basic (just for downloading some video files which cannot be downloaded by download managers)
VLC Player (ဘာနဲ့မှ ဖွင့်လို့မရတဲ့ media files တွေကို VLC နဲ့ ကိုင်တယ်)
iTunes 7.6.1 (for downloading podcasts) (very admirable invention …. Hee hee … I already have downloaded more than 30 Gbs podcasts from iTunes Store) Thx Apple :D

Downloaders
Internet Download Manager 5.12 Build 8
µTorrent (Mininova and YouTorrent are my friends :D)

Chat Clients
Gtalk
Pidgin (ubuntu မှာ Built-in ပါတာကို စတွေ့ပြီး သုံးဖြစ်ပါတယ်။ Multiple account loggin in feature ရယ်။ Gtalk လိုမျိုး message box တွေ သိပ်မရှုပ်တာကြောင့်ရယ်။ ပိုသုံးဖြစ်ပါတယ်။)

Capture Software
MWSnap version 3.0.0.74 ကို သုံးတယ်။ အခမဲ့ဆော့ဝဲတစ်ခုလည်း ဖြစ်တယ်။ Vista မှာပါတဲ့ Snipping Tool ကို သိပ်မသုံးဖြစ်ဘူး။

Dictionaries
Abbyy Lingvo 12 Multiple languages
Babylon

Media file type converter
Total Video Converter ကိုသုံးပါတယ်။ freeware တော့ မဟုတ်ပါဘူး။ Video Converter ဆိုပေမယ့် Audio Files တွေ ကိုလည်း ကြိုက်ရာ format ပြောင်းပေးနိုင်ပါတယ်။

PDF Reader
အီးဘွတ်တွေကို ပေါ့ပေါ့ပါးပါးဖတ်ဖို့ကတော့ Foxit Reader က အကောင်းဆုံးပါပဲ။ အခမဲ့ဆော့ဝဲဖြစ်ပြီးတော့ သုံးရတာ တအားသွက်တယ်။ PDF Editing နဲ့ Virtual Printing လုပ်ဖို့ ကတော့ Acrobat Professional သုံးပါတယ်။ PDF Creator ကို XP မှာတုန်းက သုံးတယ်။ Vista ကို support မလုပ်ပါဘူး။
ကျွန်တော့်ဆီက တချို့ PDB format နဲ့ စာအုပ်တွေ အတွက်က Isilo Reader သုံးပါတယ်။

Adobe Products
Adobe Dreamweaver CS3
PhotoShop CS3

XAMPP
xampp နဲ့ local WP တစ်ခုလုပ်ထားတယ်။ php, MySQL ကလိဖို့ထည့်ထားတယ်။

Internet Browser
ဟုတ်ကဲ့ …. မီးမြေခွေးပေါ့ခင်ဗျာ။
Slimbrowser ဆိုတဲ့ IE based browser ကိုလည်း သုံးတယ်။ Web Page တွေကို သိမ်းချင်ရင် web page archive, mht file format နဲ့ တစ်ဖိုင်ထဲမှာ သိမ်းလို့ရလို့။ html ဖိုင်ကတစ်ဖိုင်၊ picture ဖိုင်က တစ်ဖိုင် သိမ်းစရာ မလိုတော့ဘူး။

Games
စာဖတ်ရ၊ ဘလော့ဂ်လည်ရ၊ ဘလော့ဂ်ရေးရ၊ ချက်တက်ရနဲ့ ဂိမ်းမဆော့နိုင်ပါ။ :D

10 comments:

Chan Mya Soe March 11, 2008 at 2:07 AM  

မသုံးဘူးတာတွေ စမ်းသုံးကြည့်ဦးမယ် ကျေးဇူးပဲ ကိုခွန်မောင် :)

Myo Kyaw Htun March 11, 2008 at 4:24 AM  

မသိတာတွေ များတယ်။ အပေါ်ကလူကြီး ပြောသလို စမ်းကြည့်ရဦးမယ်

Winkabar March 11, 2008 at 11:54 PM  

ခွန်မောင် လက်ရွေးစင်ပေါ့နော်။ စုံနေတာပဲ။ ကောင်းတယ်ကိုခွန်မောင်ရေ။ ကျေးဇူးနော်။

စိုးထက် - Soe Htet ! March 12, 2008 at 1:04 PM  

ကောင်းတယ် .. လိုက်လုပ်မယ်ဗျို့ :D

KhunMoung March 14, 2008 at 1:56 PM  

I'm just an end user.You can do these better for me :D ... Thx for all your comments.

Anonymous March 18, 2008 at 3:00 PM  

အခွံနဲ့တူတာတွေရှိတယ်။ Antivirus တို့ PDD Reader တို့ပေါ့။ အခွံက မြင့်တယ်... MS Word တော့ ၂၀၀၇ ကို မသုံးဖူးသေးဘူး။ တခြားဟာလေးတွေလည်း သုံးကြည့်ရဦးမယ်။

အေးချမ်းသူ

MELODYMAUNG April 5, 2008 at 10:35 AM  

စုံပလုံ စုံစိ
ဂိမ်းမကစားနာတာချင်းတော့ အတူတူပဲ တနားပါဒယ်

Anonymous May 19, 2008 at 7:28 AM  

If your name Khun Maung,want to know What nation are you?
Khun Myo Nge (Minnesota, U.S.A)

KhunMoung May 19, 2008 at 1:04 PM  

ပအို့ဝ်ပါ ခင်ဗျာ။

Anonymous May 19, 2008 at 11:47 PM  

ဟွန်ဟောင် သရေမွေးသေငါဗာ ခွန်မောင်း နောဝ်သွူ ။
ခွန်မျိုးငယ် Nice to meet you Khun Maung.I realy attributes to you. You're a grate Pa-O blocker.I'm your cousin.

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP