Thursday, December 13, 2007

Free Online Translators

Free Online Translator တွေကို စတွေ့ဖူးတာတော့ Google Services တစ်ခုအနေနဲ့ စတွေ့ဖူးပါတယ်။ ဒီရက်ပိုင်းမှာ တခြားဆိုဒ်တွေ တခြား Services တွေကိုလည်း လိုက်ကြည့်မိတယ်။ ကျွန်တော့် ဘလော့ဂ်မှာ ရေးသွားတဲ့ တူရကီဘာသားစကားတစ်ခုကို မသိလို့ လိုက်ရှာကြည့်တာ ဂူဂယ်လ်ကလည်း တူရကီဘာသာစကားအတွက် မပေးထားဘူး။ ကြည့်မိတဲ့ ဆိုဒ်တွေကလည်း တူရကီကို Support မလုပ်ထားသေးဘူး။
ထားပါတော့။ ... မတွေ့လည်း မရှာတော့ဘူး ဆိုပြီး။ ... ၀င်မိတဲ့ ဆိုဒ်တွေမှာ ဘာသာပြန်အလုပ်တွေလုပ်ခိုင်းကြည့်မိတယ်။ အလကားဘာသာပြန်ပေးတဲ့ ဆိုဒ်တွေကိုပဲ ၀င်ပါတယ်။ ပိုက်ပိုက်ပေးရတဲ့ အကောင့်တ်နဲ့မှ ၀င်ရတဲ့ ဆိုဒ်တွေကို ကျော်တယ်။ ကျွန်တော်အဓိက စမ်းတာက ရုစကီးစာရယ်၊ ဂျပန်စာရယ်၊ တရုတ်စာရယ် စမ်းကြည့်တယ်။ အဲဒီထဲကမှ သဒ္ဒါနည်းအရရော ဝေါဟာရအရရော မှန်တယ်လို့ ယူဆတဲ့ Online Translators တွေကို မှတ်ထားလိုက်တယ်။ ဒီဘလော့ဂ်မှာပေါ့ဗျာ။ ဂျပန်တွေ တရုတ်တွေကိုတော့ နားမလည်ပါဘူး။ ဒါပေမယ့် ခန့်မှန်းခြေအားဖြင့် မှန်တယ်ယူဆတာပါ။ Translator Robot က ဆရာကြီးပဲ။ ကိုယ်က ဆရာကြီးမှ မဟုတ်တာ။ အများအားဖြင့် ဘိုလို ခေါင်းစဉ်တပ်ထားပြီး ပို့စ်မှာ ဂျပန် တရုတ်စသဖြင့် ရေးထားတာတွေကို ဘာသာပြန်ခိုင်းကြည့်တာပါ။ ခေါင်းစဉ်အရ အကြမ်းဖျင်းနားလည်တာနဲ့ ပို့စ်ကစာသားတွေကို ဘာသာပြန်ပေါ် နှိုင်းယှဉ်ကြည့်တာ ဖြစ်ပါတယ်။

တချို့ဆိုဒ်တွေမှာတော့ စာသားတွေကိုရော ၀က်ဘ်ဆိုဒ်တစ်ခုလုံးရော အီးမေးလ်တစ်ခုလုံးကို ဘာသာပြန်ခိုင်းလို့ရပါတယ်။ စာလုံးရေ ကန့်သတ်ချက်ထားတဲ့ ဆိုဒ်တွေလည်း ရှိပါတယ်။ အနည်းဆုံး ၁၅၀ တော့ ရပါတယ်။ မိုက်ခရိုဆော့တ်ရဲ့ Beta Translator ကတော့ စာလုံးရေ ၅၀၀ အထိ လက်ခံတယ်။ Google, Worldlingo, နဲ့ Microsoft က အာရပ်ဘာသာတွေကိုပါ ဘာသာပြန်ပေးတာကို တွေ့ရပါတယ်။

Google
Microsoft Live's Translator Beta
Babel Fish
Translation.Paralink
WorldLingo

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP