Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

Monday, March 10, 2008

Running Stuffs in My PC

ရေးချင်တာများ လုပ်ချင်တာများပြီး ဘာမှမရေးဖြစ်တာ ကြာပြီ။ လုပ်ချင်တာတွေလည်း မပြီးသေး။ စာတမ်းကိစ္စ လုပ်စရာတွေနဲ့ MS Word နဲ့ပဲ နပန်းလုံးနေရ။ စာဖတ်နေရပါတယ်။ ဖိုးချမ်းရေးထားတာဖတ်ပြီး ကျွန်တော်လည်း ကျွန်တော်သုံးနေတဲ့ OS n Soft တွေ အကြောင်း Share တဲ့ သဘော ရေးဦးမယ် စိတ်ကူးရလာတယ်။ စိတ်ကူးအတိုင်း အကောင်ထည် ဖော်လိုက်ပါတယ်။

OS
Windows Vista 32-bit OS ( Ultimate ) as my main operating system
Ubuntu 7.10 Gusty Gibbon to tamper s/t

MS Office
2007 ကိုသုံးပါတယ်။ Pirate Version ပါပဲ။ ဝယ်မသုံးနိုင်ပါဘူး။ Office XP, 2003 သုံးလာပြီး 2007 ကို စသုံးခါစမှာ မျက်စိနောက်လောက်အောင် ရှာဖွေမွှေနှောက်ရပါတယ်။ အခုတော့ အဆင်ပြေပါတယ်။ GUI တွေလည်း သဘောကျပါတယ်။ ပန်းသီးမှာတော့ ဒီထက်ပိုလှ ပိုကြွတဲ့ interface တွေနဲ့ ထုတ်လိုက်တယ် ဖတ်ဖူးပါတယ်။ ပန်းသီး မသုံးဖူးပါဘူး။ အခြေအနေပေးရင် MacBookPro လေးဖြစ်ဖြစ် သုံးခွင့်ရချင်ပါတယ်။ Steve Jobs ကိုလည်း အားပေးချင်ပါတယ်။

Kaspersky Antivirus

7.0 ထွက်ခါစမှာ စမ်းသုံးဖူးပေမယ့် ကီးတွေက Blacklist ခဏခဏ ပြတာနဲ့ အရင် 6.0 အဟောင်းလေးကိုပဲ ဖုန်သုတ်ပြီး ပြန်သုံးနေတယ်။ Antivirus မှာ Free Version လည်း ရတဲ့ Antivir Classic ကိုတော့ သဘောအကျဆုံးပါပဲ။ Key အတွက် ဘာမှ ဒုက္ခများမနေတော့ဘူး။ သုံးရတာလည်း ပေါ့ပါးပြီး Security လည်း ကောင်းပါတယ်။ ကျွန်တော်နဲ့ အဆင်မပြေတာက…Virus Scan ဖတ်ရင် သူ့ချည်းပဲ လွှတ်ထားလို့ မရတာပဲ။ တစ်ခုခု Alert တက်လာလို့ Action မယူမချင်း ဆက်ပြီး အလုပ်မလုပ်ဘဲ ပေခံနေတာ။ အဲဒါနဲ့ Kaspersky ကိုပဲ ပြောင်းဖြစ်သွားတယ်။ (XP သုံးတုန်းက Antivir နဲ့ Sygate Personal Firewall ကို တွဲသုံးပါတယ်။ Windows XP Firewall မသုံးဘူး။ အခု Vista မှာတော့ Firewall နဲ့ Defender Security ကိုပဲ အားကိုးထားတယ်။)

Players
Windows Media Player 11(already built-in Vista)
Jet Audio 7.0 (mostly used for Video watching)
Real Player 11 Basic (just for downloading some video files which cannot be downloaded by download managers)
VLC Player (ဘာနဲ့မှ ဖွင့်လို့မရတဲ့ media files တွေကို VLC နဲ့ ကိုင်တယ်)
iTunes 7.6.1 (for downloading podcasts) (very admirable invention …. Hee hee … I already have downloaded more than 30 Gbs podcasts from iTunes Store) Thx Apple :D

Downloaders
Internet Download Manager 5.12 Build 8
µTorrent (Mininova and YouTorrent are my friends :D)

Chat Clients
Gtalk
Pidgin (ubuntu မှာ Built-in ပါတာကို စတွေ့ပြီး သုံးဖြစ်ပါတယ်။ Multiple account loggin in feature ရယ်။ Gtalk လိုမျိုး message box တွေ သိပ်မရှုပ်တာကြောင့်ရယ်။ ပိုသုံးဖြစ်ပါတယ်။)

Capture Software
MWSnap version 3.0.0.74 ကို သုံးတယ်။ အခမဲ့ဆော့ဝဲတစ်ခုလည်း ဖြစ်တယ်။ Vista မှာပါတဲ့ Snipping Tool ကို သိပ်မသုံးဖြစ်ဘူး။

Dictionaries
Abbyy Lingvo 12 Multiple languages
Babylon

Media file type converter
Total Video Converter ကိုသုံးပါတယ်။ freeware တော့ မဟုတ်ပါဘူး။ Video Converter ဆိုပေမယ့် Audio Files တွေ ကိုလည်း ကြိုက်ရာ format ပြောင်းပေးနိုင်ပါတယ်။

PDF Reader
အီးဘွတ်တွေကို ပေါ့ပေါ့ပါးပါးဖတ်ဖို့ကတော့ Foxit Reader က အကောင်းဆုံးပါပဲ။ အခမဲ့ဆော့ဝဲဖြစ်ပြီးတော့ သုံးရတာ တအားသွက်တယ်။ PDF Editing နဲ့ Virtual Printing လုပ်ဖို့ ကတော့ Acrobat Professional သုံးပါတယ်။ PDF Creator ကို XP မှာတုန်းက သုံးတယ်။ Vista ကို support မလုပ်ပါဘူး။
ကျွန်တော့်ဆီက တချို့ PDB format နဲ့ စာအုပ်တွေ အတွက်က Isilo Reader သုံးပါတယ်။

Adobe Products
Adobe Dreamweaver CS3
PhotoShop CS3

XAMPP
xampp နဲ့ local WP တစ်ခုလုပ်ထားတယ်။ php, MySQL ကလိဖို့ထည့်ထားတယ်။

Internet Browser
ဟုတ်ကဲ့ …. မီးမြေခွေးပေါ့ခင်ဗျာ။
Slimbrowser ဆိုတဲ့ IE based browser ကိုလည်း သုံးတယ်။ Web Page တွေကို သိမ်းချင်ရင် web page archive, mht file format နဲ့ တစ်ဖိုင်ထဲမှာ သိမ်းလို့ရလို့။ html ဖိုင်ကတစ်ဖိုင်၊ picture ဖိုင်က တစ်ဖိုင် သိမ်းစရာ မလိုတော့ဘူး။

Games
စာဖတ်ရ၊ ဘလော့ဂ်လည်ရ၊ ဘလော့ဂ်ရေးရ၊ ချက်တက်ရနဲ့ ဂိမ်းမဆော့နိုင်ပါ။ :D

Wednesday, February 20, 2008

Be Idle. Be Available. It's Your Choice

Gtalk Idle Maker


သုံးနေကြတာလည်း ကြာပါပြီ။ လိုတဲ့လူတွေဒေါင်းလုဒ်လုပ်လို့ ရအောင် ဘလော့ဂ်မှာ သိမ်းထားလိုက်တယ်။

Thursday, January 10, 2008

New Zawgyi-One 2008

၂၀၀၈ အတွက် လက်ဆောင်ဆိုပြီး ဇော်ဂျီကနေ ပြောင်းလဲမှုဆန်းသစ်မှု များစွာနဲ့ ဖွန့်အသစ်၊ ကီးဘုတ်လက်ကွက်အသစ်တွေကို ထုတ်လိုက်ပါပြီ။ "ဇော်ဂျီကို အမြဲ ဖရီးပေးမည်" ဆိုတဲ့မူအတိုင်း ဖရီးပါ။ ကီးဘုတ်လက်ကွက်ပရိုဂရမ်ကို 32,64 Archi နှစ်ခုလုံးအတွက် အဆင်ပြေအောင် လုပ်ထားပါတယ်။ 20071230ရက်စွဲနဲ့ 2008 ကို ကြိုဆိုလိုက်တာဖြစ်ပါတယ်။

ကီးဘုတ်သွင်းဖို့အတွက် ကီးဘုတ်ဇစ်ကိုဖြည်ပြီး Installer Package သုံးခုပေါ်လာတဲ့အထဲမှာ မိမိကွန်ပျူတာနဲ့ ကိုက်ညီတဲ့ Installer ကို ရွေးပြီး Install ရမှာဖြစ်ပါတယ်။ အများစုသောကွန်ပျူတာများ ဖြစ်တဲ့ Intel x86 family 32-bit CPU တွေအတွက် ZawgyiL_i386 ကိုရွေးပြီး Install ရမှာဖြစ်ပါတယ်။ နောက်ထပ် Installer Package နှစ်ခုကတော့ AMD 64 နဲ့ IA-64(Itanium Family) တွေအတွက်ဖြစ်ပါတယ်။ အလွယ်ဆုံးက Setup (Keyboard Layout Creator Bootstrap) ကိုရွေးပြီး Install လိုက်လည်း ရတာပါပဲ။ ကွန်ပြူတာနဲ့ အဆင်ပြေမယ့် Application Extension ကို အလိုအလျောက် ရှာသွားပါလိမ့်မယ်။

ပြောင်းလဲမှုတွေနဲ့ အသေးစိတ်တွေကို ဇော်ဂျီဒေါ့နက်မှာ ဖတ်နိုင်ပါတယ်။

ဇော်ဂျီဖွန့်အသစ် Zawgyi-One-20071230.ttf
ဇော်ဂျီကီးဘုတ်အသစ် Zawgyi_Keyboard_L.zip
ဇော်ဂျီကီးဘုတ်မြေပုံအသစ် Zawgyi Unicode Keyboard L.pdf

Friday, October 26, 2007

Pidgin,Multi-Protocol Instant Messaging Client

Gtalk သုံးလို့ရတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ Gtalk အပြင် yahoo,msn,ICQ,QQ,IRC,AIM စတဲ့ chat programs အများကို Multiple Accounts နဲ့ တပြိုင်တည်း သုံးလို့ရပါတယ်။ နောက်ဆုံးဗားရှင်းကို ဒီမှာ ဒေါင်းလုဒ်ချနိုင်ပါတယ်။ ၀င်းဒိုးမှာသုံးဖို့ပါ။ တခြား system တွေမှာလည်း အလုပ်လုပ်ပါတယ်။ Ubuntu နောက်ဆုံးဗားရှင်း 7.10 မှာ ပါပြီးသား package တစ်ခုဖြစ်ပါတယ်။ အရင်ကတော့ Linux မှာ Gaim ကိုပဲ သုံးရပါတယ်။ အခု Pidgin နဲ့က ပိုအဆင်ပြေပါတယ်။ Ubuntu 7.10 မှာ တွေ့လို့ ၀င်းဒိုးအတွက်လည်း သုံးလို့ရမရ ရှာရင်း တွေ့တာ။ Chat တက်ဖို့အတွက် taskbar မှာ Gtalk,yahoo,msn,qq,icq တွေ စုပြုံနေစရာမလိုတော့ဘူး။ Pidgin တစ်ခုထဲနဲ့ ထိန်းထားလို့ရပြီ။ :)
သူ့ဝက်ဘ်ဆိုဒ်မှာ ရေးထားတာကိုလည်း သွားဖတ်ကြည့်နိုင်ပါတယ်။
Tips n Tweaks တွေကိုတော့ Pidgin Blog မှာ သွားဖတ်နိုင်ပါတယ်။

Sunday, September 09, 2007

Kaspersky 2007 v 7.0

Anti-Virus new features
· Advanced damage clean-up (against Spyware)
· Check new and changed files option
· HTTP, IMAP and NNTP traffic check
· ODS Scan suspend technology (when user-activity is detected)
· Startup Scan with updateable database
· Differential update (further reduction of the AV database update size)
· Script-Checker with Internet Explorer GUI plug-in
· New scan scope: Scan Critical Areas task
· Scan Startup Objects – full control of the task execution
· TheBat! plugin
· Ban-list of blocked computers by IDS subsystem (with un-block feature)


New technologies
· Proactive Defense module with history and roll-back option
· Anti-Rootkit technology
· Registry monitor with preinstalled database
· Tracking of an application’s component structure; runtime module intrusion detection
· E-Mail event notification option
· Enhanced notification settings
· GUI Skin technology


Download here, FileDEN or zSHARE
(File Size 20.8 Mb Key Included)

Thursday, August 23, 2007

ဘ၀ခရီးအတွက်

အကြိုက်ဆုံးပို့စ် ငါးခုရေးလိုက်ဦးမယ်။ ဘ၀ခရီးTagထားတာကို။ ကိုယ်ရေး၍ ကိုယ်ကြိုက်သောစာစုများ ၄ခုပဲတွေ့လို့ အဲဒါတွေပဲ တင်လိုက်ပါတယ်။ ဆော့ဝဲလ် အကြောင်းတွေချည်းပါပဲ။

၁. Virus Security
၂. Security
၃. NOD 32 ပရိုဂရမ်
၎. NOD32 of ESET

ပို့စ်ရဲ့ခေါင်းစဉ်ကတော့ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ :P

Wednesday, July 25, 2007

Virus Security

ကျွန်တော် အရင်က စွဲစွဲမြဲမြဲသုံးခဲ့တဲ့ AntiVirus Software ဖြစ်တဲ့ AVIRA or AntiVir Software ကို သုံးကြည့်စေချင်ပါတယ်။ Personal Classic Edition က Free Ware ဖြစ်ပါတယ်။ Premium ဆော့ဝဲလ်က အလကားမရဘူးဗျ။ ၀ယ်ရတယ်။ ဒါပေမယ့်ဗျာ။ သိတဲ့အတိုင်းပဲ။ P2P Software တွေကတဆင့် လိုချင်တာတော်တော်များများကို ရှာလို့ရနေတာပဲ။ Premium Edition ကိုလည်း ဒေါင်းလုဒ်ချပြီးသုံးဖူးပါတယ်။ Personal Classic နဲ့ Premium Edition က ကွာသလားဆိုတော့ အများကြီးကွာပါတယ်။ Premium Edition မှာ Mail Guard , Personal Firewall အပြင် Rootkit Detection လည်းပါပါတယ်။ Hackers , Crackers တွေလက်စွမ်းမပြနိုင်အောင် လုံခြုံမှုပေးပါတယ်။

NOD32 အနေနဲ့ကတော့ လောလောဆယ် Resource Utilization နည်းတာရယ် Scanning Time ပိုမြန်တာရယ်ကြောင့် တချို့အားသာချက်တွေကြောင့် သုံးမိနေတုန်းပဲ။ ကျွန်တော် အကြိုက်ဆုံး ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲလ် သုံးမျိုးရှိပါတယ် ။ NOD32, AntiVir (Avira Premium) နဲ့ Kaspersky တို့ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ AntiVir Premium Edition ကို ဒီနေရာ[ 4Vista] [ 4XP]ကနေ ဒေါင်းလုဒ် ချနိုင်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားပါတယ်။ ဇစ်ဖိုင်ကို ဖြည်ပြီး အင်စတောလုပ်နိုင်ပါတယ်။ License Key ပါပါတယ်။ License Key တောင်းတဲ့အခါ ဇစ်ဖြည်ထားတဲ့ ဖိုဒါကနေပြီးတော့ License Key ကိုထည့်ပါ။ အဆင်ပြေပါစေ။

AntiVir Premium for Windows Vista
AntiVir Premium for Windows XP

Security

Flash Drive ပြဿနာတွေ အများကြီးတွေ့နေရတယ်ဗျာ ။ အဆောင်က ကွန်ပျူတာတော်တော်များများမှာ ဖိုဒါဖွင့်မရတာတို့ Partition တစ်ခုလုံးကို Double Click နဲ့ ဖွင့်မရတာတို့။ Flash Drive တွေက ပါလာတဲ့ Malicious things တွေက ဒုက္ခပေးတယ်ထင်တာပဲ ။ ကျွန်တော့်စက်မှာတော့ မဖြစ်ဖူးပါဘူး။ ဗိုင်းရပ်စ် နဲ့ Spyware , Adware ကာကွယ်ဖို့အတွက် ကျွန်တော်က NOD32 နဲ့ Super AntiSpyware Professional ကိုသုံးပါတယ်။ အဲဒါနဲ့ အဲဒီစက်တွေကို AntiSpyware နဲ့ Scan တော့ Spyware , Adware တော်တော်များများထွက်လာတယ်။ လစ်ပေတော့ ၊ ဂျောင်း ။ အဲဒီကောင်တွေကို Delete လုပ်ပစ်လိုက်တယ် ။ Quarantine တောင်မလုပ်တော့ဘူး။ အဲဒါအကုန်စစ်ပြီးတော့ ဖိုဒါတွေအကုန်ပြန်ရတယ်။ Partitions တွေအကုန်ပြန်ရတယ်။

တကယ်တော့ NOD32တင်ထားတဲ့ ကွန်ပျူတာမှာ Flashy Fix ထပ်ပြီး Runလိုက်ရင် တချို့စက်တွေတော့ အဆင်ပြေတယ်။ ဒါပေမယ့် တချို့စက်တွေကတော့ မရဘူးဗျ။ အဲဒါနဲ့ AntiSpyware ပါထပ်တင်ထားရတယ်။ကျွန်တော်အခုသုံးနေတဲ့ နောက်ဆုံးဗားရှင်း AntiSpyware Professional Full Version ကို ဒီမှာ ဒေါင်းလုဒ်လုပ်နိုင်ပါတယ် ။ သုံးကြည့်ပါ။ သူက AntiVirus Program နဲ့ တွဲ အလုပ်လုပ်လို့ရပါတယ်။ ကွန်ပျူတာသုံးနေ အင်တာနက်သုံးနေတဲ့သူအနေနဲ့ Virus Definiton Update , Spyware Definition Update မရှိရင် မဖြစ်တာ အမှန်ပါ။ကိုယ့်စက်မှာ ဘာဗိုင်းရပ်စ် စပိုင်ဝဲလ်မှ မရှိဘူးဆိုရင်တောင် Flash Drive လေးနဲ့ သူများစက်ကနေ ဖိုင်ကူးလားပြီး ကိုယ့်စက်မှာ လာတပ်လိုက်ရင် ကိုယ့်ဆီမှာလည်း မဖိတ်ခေါ်တဲ့ ဧည့်သည်ရောက်လာနိုင်တာပဲနော့ ။

SUPERAntiSpyware.Professional.v3.9.0.1008-HERiTAGE.rar Download

Thursday, June 28, 2007

NOD 32 ပရိုဂရမ်

ကျွန်တော်အရင်တင်ခဲ့တဲ့ပို့စ်မှာ ပြောခဲ့တဲ့ NOD32အတွက် ဒေါင်းလုဒ်လင့်ခ်ပါ။ ဒီမှာဒေါင်းလုဒ် ရယူပါ။ NOD32နဲ့အတူ FlashyFix ပရိုဂရမ်ကိုပါ ရှဲထားပါတယ်။ FlashyFix ဒေါင်းလုဒ်လင့်ခ်။ FlashyFix ကို သုံးဖို့အတွက် NOD32လိုပါတယ်။ သုံးစွဲရတာ ပေါ့ပါးတဲ့အတွက် အခုလောလောဆယ် ဒီပရိုဂရမ်ကိုပဲ ကျွန်တော်သုံးနေပါတယ်။ အခုထိတော့ ကြိုက်နေတုန်းပဲ။ အရင်ကသုံးတာက Antivir Personal Classic Edition ကိုသုံးပါတယ်။ အခုတော့ ESET နဲ့ နှစ်ပါးသွားနေတယ်။
  • Get NOD32 here.
  • Install NOD32.
  • Don't restart when NOD32 installation is completed.
  • Install NOD32 Fix v2.2 exe.
  • Don't restart when NOD32 Fix v.2.0 is completed.
  • Click nod32fix.reg ( Location - Browse to C:\Program Files\Eset\nod32fix.reg ).
  • Restart Now and then you have unlimited version of NOD32.

  • Get FlashyFix here.
  • Run it.

Monday, June 25, 2007

NOD32 of ESET

NOD 32 of ESET





NOD32ရဲ့ စွမ်းဆောင်ရည်ကို တခြားသော ကွန်ပျူတာဗိုင်းရပ်စ်ထိန်းချုပ်ရေး ပရိုဂရမ်တွေနဲ့ နှိုင်းယှဉ်ထားတဲ့ ပုံတွေဖြစ်ပါတယ်။

NOD32 ဆိုတာ ESETဆိုတဲ့ Slovakia ကုမ္ပဏီ တစ်ခုက ထုတ်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲလ်တစ်မျိုးဖြစ်ပါတယ်။ ကွန်ပျူတာဗိုင်းရပ်စ်တွေ စပေါ်လာတဲ့ ၁၉၉၂ ကတည်းက ESETက ထုတ်ခဲ့တာဖြစ်ပါတယ်။ ကနဦး ကွန်ပျူတာဗိုင်းရပ်စ်တွေဟာ ကွန်ပျူတာ HardDiskရဲ့ BootSectorကို အဓိက ဒုက္ခပေးခဲ့တာပါ။ ချက်ဗ်ဘာသာစကား "Nemocnica na Okraji Disku" ("Hospital at the Edge of the Disk"လို့ အဓိပ္ပယ်ရတဲ့)စကားလုံးရဲ့ အတိုကောက် NOD ဖြစ်ပါတယ်။ အဲဒီတုန်းက ချက်ဗ်မှာ ရေပန်းစားနေတဲ့ ရုပ်မြင်သံကြားဇာတ်လမ်း "Nemocnica na Okraji Mesta"(Hospital at the Edge of the City)ကို အကြောင်းပြုပြီး နာမည်ပေးလိုက်တာဖြစ်ပါတယ်။ 16-bit Systemတွေအတွက် NOD-ICEကို ထုတ်လုပ်ခဲ့ပြီး ယခုသုံးနေကြတဲ့ 32 n 64-bit Systemsများအတွက် NOD-32ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

Friday, April 06, 2007

Windows Vista Activation

Windows Vista Pirated ကို Activate လုပ်ဖို့ Software ပါ။Time Freezer , Timer Lock SetUp တွေက Activate လုပ်ဖို့ကို အချိန်အတိုင်းအတာ တစ်ခုလောက်အထိပဲ ဆွဲထားနိုင်ပါတယ်။ကျွန်တော် အခု သုံးထားတဲ့ Software က Vista Activator ပါ။Vista BIOS Emulation Crack Software ကို ကျွန်တော်သုံးပါတယ်။ကောင်းကောင်းအလုပ်လုပ်ပါတယ်။Download လုပ်နိုင်ဖို့ ကျွန်တော် Link Share ထားပါတယ်။
အောက်ပါအတိုင်း ပြုလုပ်ပါ။

၁. အရင်ဆုံး Vista BIOS Emulation Crack ကို ဒီမှာ [ Link1] or [ Link2] ဒေါင်းလုဒ်လုပ်ပါ။
၂. Windows Vista ကို Install လုပ်တဲ့ အခါမှာ Product Key မသုံးပဲ Install လုပ်ပါ။
(Product Key သုံးပြီး Install လုပ်ထားပြီးသား Vista မှာလည်း ဒီSoftware က အလုပ်လုပ်ပါတယ်)
၃. Windows Installation ပြီးတဲ့ အခါမှာ ... Download လုပ်ထားတဲ့ Zip File ကို ဖြေပါ။
(Vista Activator ဆိုတဲ့ Software ကို တွေ့ရမှာ ဖြစ်ပါတယ်)
၎. Vista Activator ကို Run ပါ။
(It may take several minutes လို့ပြောပါတယ်။ဒါပေမယ့် သိပ်မကြာပါဘူး)
(If Windows ask you , select "Allow")
၅. Installing ဆိုတဲ့ Message Box တစ်ခုပေါ်လာပါမယ်။Wait one minute ပါတဲ့။
၆. ပြီးရင် Restart ချပါ။Reboot ပြန်လုပ်တဲ့ အခါမှာ Windows Activated ဖြစ်ပါပြီ။
(Control panel >System and Maintainance>System မှာ Check လို့ရပါတယ်)



Original Article

Vista Embedded Softwares တွေလား

Vista Pirated Versions တွေထွက်ခါစတုန်းက ကျွန်တော်တို့ဆီမှာ DVD ၁ချပ်ကို ၄၀၀ရူဘယ်လောက် ပေးပြီးဝယ်ရတယ်။အဲဒီမှာ ဘာတွေပါလဲဆိုတော့ Software အပိုတွေပါတယ်။တကယ်တော့ Pirated Version ထုတ်လိုက်တဲ့သူတွေက DVD အခွေမှာ အပိုဆားဒါးတွေပါ ထည့်လိုက်တဲ့ သဘောပါ။Vista အစစ်ခွေမှာ ပါတာမဟုတ်ဘူးလေ။Vista ရဲ့ Default Programs တွေမှာ ပါတာမဟုတ်ဘူး။အဲဒီတော့ အပိုဆားဒါး Applications တွေနဲ့ Pirate က 4.5 Gb လောက်နဲ့။DVD တစ်ချပ်မပြည့်ရုံပါပဲ။ကျွန်တော်ကတော့ အဲဒီအခွေကို မ၀ယ်ပါဘူး။Vista ကို Torrent ကနေ Download ချပါတယ်။အဲဒီမှာပါတဲ့ Softwares တွေကတော့ Audio Editors တချို့ နဲ့ Video Editors တချို့ကို Crack Files တွေနဲ့ ထည့်ထားတာပါ။

Audio Editors
1. 4U WMA MP3 Converter v5.6.0
2. 123 Sound Recorder v1.60
3. Absolute Sound Recorder v3.3.8
4. Audio Edit Magic v9.0
5. Audio Editor Express v3.3
6. Cakewalk Music Creator v3.0
7. Cowon JetAudio v6.26
8. Steinberg Cubase SE v1.0.7 Hybrid
9. Steinberg WaveLab v5.01b

Video Editors
1. Adobe After Effects v7.00
2. Blaze Video Magic v2.0.1.1
3. Color7 Video Studio v7.0
4. Sony Vegas 7.0a
5. Ulead VideoStudio v10.0

ကျွန်တော့ဖိုင်းယားဖောက်စ်က ဆော့ဝဲလ်သေးသေးလေးတွေ

1. Del.icio.us -Keep , share and discover all your favourite things, integrates your browser with del.icio.us (http://del.icio.us/), the leading social bookmarking service on the Web
2. Greasemonkey -A user script Manager for FireFox, Allows you to customize the way a webpage displays using small bits of JavaScript
3. FotoFox -Upload pictures to your preferred photo sharing services
4. IE Tab -Enables you to use the embedded IE engines within Mozilla/FireFox
5. IDM CC -Internet Download Manager Integration for Mozilla
6. VideoDownloader -Download videos from goggle, youtube, Metacafe, iFilm, DailyMotion, ...and other 60+ video sites. And all embedded objects on a webpage(movies, mp3, flash, quicktime, etc
7. Download Helper -Download videos and images from many sites
8. Fast Video Download -Allows to save videos from sites such as YouTube and most of embedded objects on any other pages
9. Download Embedded -Downloads all embedded objects on a webpage
10. ImageShack Toolbar -It integrates with both Internet Explorer 6.0 and WindowsXP and has drag-and-drop, right-click-upload, and many other feathers
11. Ook?Video Ook? -Downloads embedded videos from several sites
12. PDF Download -Allows to choose what do you want to do with PDF file: download it , view it with external viewer or view it as HTML!
13. POW -Personal Web Server(Plain Old Webserver which adds a server to your browser)
14. Server Spy -Indicates what brand of HTTP server runs on the visited site
15. Anglais -Provides proverbs and jokes to better learn english
16. Addblock Plus - If annoyed by all those ads and banners on the internet that often take longer to download than everything else on the page

Morning Coffee

FireFox မှာသုံးဖို့ add-on အသစ်တစ်ခုပါ။အင်တာနက်သုံးသူတစ်ယောက်က နေ့စဉ်ဝင်ရောက်ကြည့်ရှုနေကျ ၀က်ဆိုဒ်တွေကို ဒီ Morning Coffee Extension အသစ်က တပြိုင်တည်း Multiple tabs တွေနဲ့ ဖွင့်ပေးနိုင်ပါတယ်။ဝက်ဘ်ဆိုဒ်တစ်ခုချင်းကို ဖွင့်နေစရာ မလိုတော့ပါဘူးတဲ့။လူပျင်းတွေအတွက်လား ???

ဟဲဟဲ....ဒါပေမယ့် မလိုပါဘူးဗျာ။FireFox ရဲ့ Bookmark Function ကကောင်းပြီးသားပဲ။ကိုယ်ဖွင့်နေကျ ဆိုဒ်တွေ။ဝင်ရောက်လည်ပတ်နေကျ ဘလော့တွေကို Tab တစ်ခုချင်းမှာဖွင့် ... ပြီးတော့ Bookmark Menu ရဲ့ Scroll down List မှာ Bookmark All Tabs (Ctrl+Shift+D) လုပ်လိုက်လည်းရတာပဲ ...နော ... ဘယ်မှာ Bookmark လုပ်မှာလဲ ဆိုတာတော့ New Folder တစ်ခုတည်ဆောက်ပြီးတော့ Daily Visited Sites ဆိုပြီးတော့ နာမည်ပေးလိုက်လည်း ရတာပဲ။
အဲလိုလုပ်ပြီးသွားရင် Bookmarks Menu ထဲက Daily Visited Sites ကို Right Click နဲ့ Open All in Tabs ဆိုရင်အကုန်လုံး တပြိုင်တည်း ကြည့်နိုင်ပါတယ်။Add-on အသစ်တစ်ခု မလိုပါဘူး။
အဲလိုမှ မဟုတ်ဘူး။ကော်ဖီခွက်လေးကို Click လုပ်ပြီးမှ ကြည့်ချင်လည်းရပါတယ်။


ဒီမှာ ..... မောနင်းကော်ဖီ

Wednesday, March 21, 2007

Adobe Acrobat 8 Professional

Adobe Acrobat 8 Professional ကထွက်တာ ကြာပါပြီ .. Full Version ကို Torrent ကနေ Download ပြီးယူထားတယ် .... မသုံးဖြစ်ဘူး .... Version 7 နဲ့လည်း အဆင်ပြေနေတာပဲ .... သုံးလို့ရနေသေးတာပဲ ... ဆိုတာကြောင့်လည်း ပါတယ် ... ပြီးတော့ Version 7 မှာတောင် ကိုယ်မသုံးဖူးသေးတဲ့ Functions တွေ ရှိသေးတယ် ... နောက်တစ်ခုရှိတာက Application Software ပဲဖြစ်ဖြစ် System Software ပဲဖြစ်ဖြစ် စပြီးတော့ Release လုပ်လုပ်ချင်းမှာ ပြီးပြည့်စုံအောင် ကောင်းမွန်ပြီးသားတွေ မဟုတ်သေးဘူးလေ ... ဟိုတစ်နေ့ကတော့ ဘယ်နားထားမိမှန်းတောင် မသိတော့တဲ့ Acrobat 8 ကို ပြန်ရှာပြီး Install လုပ်လိုက်တယ် ... Torrent ကဒေါင်းလုဒ် လုပ်ထားတဲ့ SetUp.exe က သုံးလို့ မရဘူးဗျာ ... Installation Process 26.2% လောက်မှာ ထစ်ထစ်သွားတယ် ... ၂ ကြိမ် ၃ ကြိမ် ကြိုးစားလည်း မရဘူး ... အဲဒါနဲ့ ဂူဂယ်လ်ရတော့တာပေါ့ ... Torrent File တွေရော .... တခြား Software WebSite တွေရော ရှာတယ် ... တွေ့တယ်ပေါ့ဗျာ ..... ဒါပေမယ့် Adobe မိခင်ဆိုဒ်ကြီးကိုပဲ ၀င်လိုက်တော့တယ်.... သူ့ဆိုဒ်မှာ Adobe Acrobat 8 Professional 30-day trial ပါတဲ့ ... ဒီအတိုင်းမရသေးဘူး .... Register and Download ပါတဲ့ .... ထုံးစံအတိုင်းပေါ့ဗျာ .... ဟိုဖြည့်ဒီဖြည့် နောက်ဆုံး E mail ထဲကို Information about your Trial Download ဆိုပြီးတော့ Download လုပ်ဖို့ Link တစ်ခု ရောက်လာတယ် ... 263 MB ဗျ .... ကျွန်တော့် ကွန်နက်ရှင်နဲ့ ၂ နာရီကျော်ဆွဲလိုက်ရတယ် ....အဲဒါကို Install လုပ်တော့ ရှောရှောရှုရှုပဲ .... Trial Version ကို Install ပါတယ် .... ပြီးတော့ အရင်က ဒေါင်းလုဒ်လုပ်ထားတဲ့ Crack File ထဲက .dll File တစ်ခုကို Program Directory မှာ သွားပြီးတော့ Overwrite ပါတယ် ..... Now my program is fully activated .......
ကျွန်တော် သေသေချာချာ မသုံးကြည့်ရသေးဘူး .... အခု Version 8 မှာ PDF File type ကို Word Document နဲ့ Picture Format တချို့ရယ် Web Page Format တချို့ရယ် Text Format တွေအဖြစ် Export လုပ်နိုင်လာတယ် .... Version 7 မှာ မပါဘူးလေ ... အင်း သုံးကြည့်ကြပေါ့ဗျာ .... exe File ကတော့ File Size အရမ်းများပါတယ် .... Crack File ကိုတော့ ဒေါင်းလုဒ် လုပ်ဖို့ ကျွန်တော် ရှဲလ်ထားပါတယ် ....
Crack File Zip (753 Kbs) Download Here [Link 1] [Link 2]

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP