Showing posts with label မှတ်စုများ. Show all posts
Showing posts with label မှတ်စုများ. Show all posts

Monday, March 10, 2008

Running Stuffs in My PC

ရေးချင်တာများ လုပ်ချင်တာများပြီး ဘာမှမရေးဖြစ်တာ ကြာပြီ။ လုပ်ချင်တာတွေလည်း မပြီးသေး။ စာတမ်းကိစ္စ လုပ်စရာတွေနဲ့ MS Word နဲ့ပဲ နပန်းလုံးနေရ။ စာဖတ်နေရပါတယ်။ ဖိုးချမ်းရေးထားတာဖတ်ပြီး ကျွန်တော်လည်း ကျွန်တော်သုံးနေတဲ့ OS n Soft တွေ အကြောင်း Share တဲ့ သဘော ရေးဦးမယ် စိတ်ကူးရလာတယ်။ စိတ်ကူးအတိုင်း အကောင်ထည် ဖော်လိုက်ပါတယ်။

OS
Windows Vista 32-bit OS ( Ultimate ) as my main operating system
Ubuntu 7.10 Gusty Gibbon to tamper s/t

MS Office
2007 ကိုသုံးပါတယ်။ Pirate Version ပါပဲ။ ဝယ်မသုံးနိုင်ပါဘူး။ Office XP, 2003 သုံးလာပြီး 2007 ကို စသုံးခါစမှာ မျက်စိနောက်လောက်အောင် ရှာဖွေမွှေနှောက်ရပါတယ်။ အခုတော့ အဆင်ပြေပါတယ်။ GUI တွေလည်း သဘောကျပါတယ်။ ပန်းသီးမှာတော့ ဒီထက်ပိုလှ ပိုကြွတဲ့ interface တွေနဲ့ ထုတ်လိုက်တယ် ဖတ်ဖူးပါတယ်။ ပန်းသီး မသုံးဖူးပါဘူး။ အခြေအနေပေးရင် MacBookPro လေးဖြစ်ဖြစ် သုံးခွင့်ရချင်ပါတယ်။ Steve Jobs ကိုလည်း အားပေးချင်ပါတယ်။

Kaspersky Antivirus

7.0 ထွက်ခါစမှာ စမ်းသုံးဖူးပေမယ့် ကီးတွေက Blacklist ခဏခဏ ပြတာနဲ့ အရင် 6.0 အဟောင်းလေးကိုပဲ ဖုန်သုတ်ပြီး ပြန်သုံးနေတယ်။ Antivirus မှာ Free Version လည်း ရတဲ့ Antivir Classic ကိုတော့ သဘောအကျဆုံးပါပဲ။ Key အတွက် ဘာမှ ဒုက္ခများမနေတော့ဘူး။ သုံးရတာလည်း ပေါ့ပါးပြီး Security လည်း ကောင်းပါတယ်။ ကျွန်တော်နဲ့ အဆင်မပြေတာက…Virus Scan ဖတ်ရင် သူ့ချည်းပဲ လွှတ်ထားလို့ မရတာပဲ။ တစ်ခုခု Alert တက်လာလို့ Action မယူမချင်း ဆက်ပြီး အလုပ်မလုပ်ဘဲ ပေခံနေတာ။ အဲဒါနဲ့ Kaspersky ကိုပဲ ပြောင်းဖြစ်သွားတယ်။ (XP သုံးတုန်းက Antivir နဲ့ Sygate Personal Firewall ကို တွဲသုံးပါတယ်။ Windows XP Firewall မသုံးဘူး။ အခု Vista မှာတော့ Firewall နဲ့ Defender Security ကိုပဲ အားကိုးထားတယ်။)

Players
Windows Media Player 11(already built-in Vista)
Jet Audio 7.0 (mostly used for Video watching)
Real Player 11 Basic (just for downloading some video files which cannot be downloaded by download managers)
VLC Player (ဘာနဲ့မှ ဖွင့်လို့မရတဲ့ media files တွေကို VLC နဲ့ ကိုင်တယ်)
iTunes 7.6.1 (for downloading podcasts) (very admirable invention …. Hee hee … I already have downloaded more than 30 Gbs podcasts from iTunes Store) Thx Apple :D

Downloaders
Internet Download Manager 5.12 Build 8
µTorrent (Mininova and YouTorrent are my friends :D)

Chat Clients
Gtalk
Pidgin (ubuntu မှာ Built-in ပါတာကို စတွေ့ပြီး သုံးဖြစ်ပါတယ်။ Multiple account loggin in feature ရယ်။ Gtalk လိုမျိုး message box တွေ သိပ်မရှုပ်တာကြောင့်ရယ်။ ပိုသုံးဖြစ်ပါတယ်။)

Capture Software
MWSnap version 3.0.0.74 ကို သုံးတယ်။ အခမဲ့ဆော့ဝဲတစ်ခုလည်း ဖြစ်တယ်။ Vista မှာပါတဲ့ Snipping Tool ကို သိပ်မသုံးဖြစ်ဘူး။

Dictionaries
Abbyy Lingvo 12 Multiple languages
Babylon

Media file type converter
Total Video Converter ကိုသုံးပါတယ်။ freeware တော့ မဟုတ်ပါဘူး။ Video Converter ဆိုပေမယ့် Audio Files တွေ ကိုလည်း ကြိုက်ရာ format ပြောင်းပေးနိုင်ပါတယ်။

PDF Reader
အီးဘွတ်တွေကို ပေါ့ပေါ့ပါးပါးဖတ်ဖို့ကတော့ Foxit Reader က အကောင်းဆုံးပါပဲ။ အခမဲ့ဆော့ဝဲဖြစ်ပြီးတော့ သုံးရတာ တအားသွက်တယ်။ PDF Editing နဲ့ Virtual Printing လုပ်ဖို့ ကတော့ Acrobat Professional သုံးပါတယ်။ PDF Creator ကို XP မှာတုန်းက သုံးတယ်။ Vista ကို support မလုပ်ပါဘူး။
ကျွန်တော့်ဆီက တချို့ PDB format နဲ့ စာအုပ်တွေ အတွက်က Isilo Reader သုံးပါတယ်။

Adobe Products
Adobe Dreamweaver CS3
PhotoShop CS3

XAMPP
xampp နဲ့ local WP တစ်ခုလုပ်ထားတယ်။ php, MySQL ကလိဖို့ထည့်ထားတယ်။

Internet Browser
ဟုတ်ကဲ့ …. မီးမြေခွေးပေါ့ခင်ဗျာ။
Slimbrowser ဆိုတဲ့ IE based browser ကိုလည်း သုံးတယ်။ Web Page တွေကို သိမ်းချင်ရင် web page archive, mht file format နဲ့ တစ်ဖိုင်ထဲမှာ သိမ်းလို့ရလို့။ html ဖိုင်ကတစ်ဖိုင်၊ picture ဖိုင်က တစ်ဖိုင် သိမ်းစရာ မလိုတော့ဘူး။

Games
စာဖတ်ရ၊ ဘလော့ဂ်လည်ရ၊ ဘလော့ဂ်ရေးရ၊ ချက်တက်ရနဲ့ ဂိမ်းမဆော့နိုင်ပါ။ :D

Saturday, February 16, 2008

Search Engines War

ခေါင်းစဉ်က SE War လို့သာ တင်လိုက်တယ်။ အများကြီး ကျယ်ပြန့်သွားပြီ။ တကယ်တမ်းပြောချင်တာက အခုမှသိတဲ့ SE အသစ်တစ်ခု အကြောင်းပြောချင်ရုံသက်သက်ပါ။ ATNIO ( founded in Feb 2007) ... တခြား SE search results တွေပေါ်မှာ တည်ဆောက်ထားတယ်။ SE အားလုံးကို မွှေရှာပြီး Results ထုတ်ပေးပါတယ်။ Google နဲ့ ယှဉ်ပြီး ရှာကြည့်ရင် ရှာဖွေချိန် နည်းနည်းလေးပိုပေးရတယ်။ Results တွေကို ပိုထုတ်ပေးတယ်။ ဒါပေမယ့် ဒါတွေကို စာမျက်နှာ ၃ ၄ မျက်နှာထက်ဘယ်သူက ပိုကြည့်မှာလဲ။ :) သူ့ဖာသာ ဘယ်နှမျက်နှာ ဘယ်လောက်အရေအတွက် ရှာပေးပေး။ ဟုတ်ဘူးလား။ နောက်တစ်ခုက Preferences အပိုင်း Family Filter ... On ထားလို့ရတာ။ ပြန်ဖွင့်လို့ ရတာပဲ။ Advanced Search ကိုလည်း Google လောက်မကြိုက်ပါဘူး။ My Folder ဆိုတဲ့ Search History သိမ်းထားစရာ တစ်ခု ပါတယ်။ History Enabled လုပ်ထားလို့ရတာ သူတစ်ခုထဲ မဟုတ်ပါဘူး။ ဘယ်ဟာမှ Perfect မဖြစ်တာတော့ အမှန်ပါပဲ။
SE တွေအကြောင်းပြောလို့ Search Results တွေကို လူတွေသိပ်ပြီး Rely မလုပ်တော့တဲ့ အကြောင်း ရေးထားတဲ့ "Search Atheism on the Rise" ဆိုတဲ့ စကားလုံး(ဘယ်မှာဖတ်ဖူးလဲ မမှတ်မိတော့ပါ) အဲဒါကို သတိရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ အဓိက သုံးဖြစ်တဲ့ SE တွေကတော့ Google နဲ့ Searchmash ပါပဲ။ အစွဲပဲ ပြောရမလားပဲ။ :D

Info via JohnChow (shared item of CMSMdy)

Friday, November 16, 2007

"Ubuntu" "oo-BOON-too"

Ubuntu သုံးနေပြီး အသံထွက်မှန်အောင်မထွက်တဲ့ ခွန်မောင်သိဖို့။ "oo-BOON-too" လို့ အသံထွက်တယ်။ အာဖရိကန်စကားလုံး။ အာဖရိကန် ကျင့်ဝတ်နီတိဆိုင်ရာ လူမှုဆက်ဆံရေး အယူဝါဒဆိုင်ရာ ဝေါဟာရဖြစ်တယ်။ သူတို့ ရိုးရာ အတွေးအခေါ် အယူအဆတွေကနေ မြစ်ဖျားခံလာတာ။ တောင်အာဖရိက နိုင်ငံသစ်ရဲ့ အုတ်မြစ်စည်းမျဉ်းတွေနဲ့ဆိုင်တဲ့ နီတိသဘောတရားတွေမှာပါဝင်ပြီးတော့ လူဝင်စားယုံကြည်မှုနဲ့လည်း ဆက်စပ်ပါတယ်တဲ့။ အဓိပ္ပာယ်က “လူသတ္တ၀ါအချင်းချင်း ညှာတာကြင်နာမှု”လို့ပြောလို့ရတယ်။ Ubuntu Project တစ်ခုလုံးကို Sponsor လုပ်နေတာက တောင်အာဖရိက ဘီလျံနာသူဌေးကြီး Mark Shuttleworth ပါတဲ့။
"Humanity towards others"
"The Belief in a universal bond of sharing that connects all humanity"
"We are people because of other people"
"I am who I am because of who we all are,"

Ubuntu - Linux for Human Beings!

Friday, November 02, 2007

Gratitude,Gratefulness,Indebtedness

ကျေးဇူးတရားကို ကျေးမစွပ်ခြင်းသည် မင်္ဂလာတရားဖြစ်သည်။
ကျေးဇူးတရားကို သိတတ်ခြင်းသည် မင်္ဂလာတရားဖြစ်သည်။
ကျေးဇူးတရားကို မမေ့လျော့ခြင်းသည် မင်္ဂလာတရားဖြစ်သည်။
ကျေးဇူးတရားကို အမှတ်အသားရှိခြင်းသည် မင်္ဂလာတရားဖြစ်သည်။
ကျေးဇူးတရားကို ဖော်ညွှန်းခြင်းသည် မင်္ဂလာတရားဖြစ်သည်။
ကျေးဇူးတရားကို တုံ့ပြန်ခြင်းသည် မင်္ဂလာတရားဖြစ်သည်။

Saturday, October 27, 2007

Disabling Error Report

ဘာကြောင့်ဖြစ်မှန်းမသိဘဲ တစ်ခုခုဖွင့်လိုက်ရင် Send , Don't Send စတဲ့ Error Report နဲ့တိုးလို့ စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ဒီလိုလုပ်လို့ရပါတယ်။
[Start] [Run] [gpedit.msc]
[Local Computer Policy]
Computer Configuration နဲ့ User Configuration နှစ်မျိုးကို တွေ့ရပါမယ်။
User Configuration > Administrative Templates > Windows Components > Windows Error Reporting
Windows Error Reporting ကို ညာကလစ်ထောက်ပြီး Properties ကိုသွားရင်ဖြစ်ဖြစ် ... ကလစ်နှစ်ချက်ခေါက်ရင်ဖြစ်ဖြစ် Message Box တစ်ခုတက်လာပါမယ်။
Not Configured / Enabled / Disabled မှာ Enabled ကိုရွေးပါ။ OK.
ဒါက Group Policy Editor ကိုသုံးပြီး Error Report ကိုပိတ်တာပါ။

နောက်တစ်ခုက Registry ပြင်တာ။
[Start] [Run] [Regedit]
Registry Key: HKEY_LOCAL_MACHINE\SOFTWARE\Microsoft\PCHealth\ErrorReporting
ညာဘက်ဝင်းဒိုးလွတ်တဲ့နေရာမှာ Right Click လုပ်ပါ။ New > DWORD Value ကိုရွေးပါ။
Value Name ကို DoReport လို့နာမည်ပေးပါ။
Value Data: [0 = Don’t Send Reports / 1 = Do Send Reports]
Exit Registry and Reboot
ဒါဆိုရင် Error Report တွေကို ပိတ်ပြီးသား ဖြစ်ပါပြီ။

Sunday, September 09, 2007

Autoplay Option in Right Click Menu of HDD

ဘာဖြစ်တာလဲ...ဘာဖြစ်တာလဲ “နှာခေါင်းမီးလောင်လို့...အဲ မဟုတ်ပါဘူး။ ကျွန်တော့် ကွန်ပျူတာက Cတို့ Dတို့ Eတို့ ဖွင့်လို့မရလို့။ Double Click နဲ့ ဖွင့်တာမရဘူး။ Right Click ထိပ်ဆုံးမှာ Autoplay ဆိုပြီးပေါ်နေတယ်။ Open or Explore နဲ့မှ ရတယ်။” သြော်...

ဘာလုပ်ရမလဲတော့ သိတယ်။ ဘာကြောင့်လဲတော့ မသိဘူး။ Trojan Horse ကြောင့်လို့တော့ ထင်တယ်။ အရင်တစ်ခါ ကြုံဖူးတာမှာ AntiVirus AntiSpyware သွင်းပြီး Update လုပ် Scan ပြီး ရှင်းထုတ်လိုက်တာတော့ အကုန်ပြန်ရတယ်။ ဘာမှထပ်မဖြစ်တော့ဘူး။ အခုကွန်ပျူတာမှာက Scan ဖတ်ပြီး အကုန်အဆင်ပြေတယ်။ ဘာမှ မပြဘူး။ နည်းနည်းထပ်ပြီး ကလိပါတယ်။

. Folder Options ကို ဖွင့်ပါ။ (In Vista ... Alt နှိပ်ပြီး Tools မှတဆင့် -သို့မဟုတ်- Control Panel မှတဆင့်)
In View Menu > Choose Show Hidden Files and Folders
Uncheck Hide extensions for known file types
Uncheck Hide protected operating system files
Ok.
. Drive တစ်ခုချင်းကို Open or Explore လုပ်ပါ။ အောက်ပါဖိုင်များကို တွေ့ပါက ဖျက်ထုတ်ပစ်ပါ။
autorun.inf
MS32DLL.dll.vbs or MS32DLL.dll
. C:\Windows ကို Open or Explore လုပ်ပါ။ အောက်ပါဖိုင်ကို တွေ့ပါက ဖျက်ထုတ်ပစ်ပါ။
MS32DLL.dll.vbs or MS32DLL.dll
. Registry Tweaks
Run > Regedit
HKEY_LOCAL_MACHINE > SOFTWARE > MICROSOFT > Windows > Current Version > Run
MS32DLL ကိုတွေ့ပါက ဖျက်ထုတ်ပါ။
. Group Policy Editor Tweaks
Run > gpedit.msc
User Configuration > Administrative Templates > Windows Components > AutoPlay Policies> Turn off Autoplay
Turn off Autoplay ကို Double Click နှင့်ဖွင့်ပါ။ အောက်ပါတို့ကို ဆောင်ရွက်ပါ။
- Select Enabled
- Select All Drives
- Click Apply , then Ok.
. System Configuration
Run > msconfig
Start Up Tab ကို သွား၍ MS32DLL ကို Uncheck လုပ်ပါ။ Ok ။ Don't restart now.
. Folder Options Setting ကို နဂို အတိုင်းပြန်ထားပါ။
. Recycle Bin ကို Empty လုပ်ပါ။
. Restart now.Have Fun!

Wednesday, July 25, 2007

Life Cycle of a Domain Name

ကိုယ်တိုင် ဒိုမိန်းနိမ်းတစ်ခု လုပ်မယ်စိတ်ကူးနေတုန်းမှာ ဖတ်လိုက်မိတဲ့ ဆောင်းပါးတစ်ခုပေါ့ဗျာ။ Source Link ကိုတော့ မမှတ်မိတော့ဘူးဗျ ။ ဒိုမိန်းတစ်ခုလုပ်ချင်နေတယ်။ ပိုက်ပိုက်တော့ မတတ်နိုင်သေးဘူးပေါ့ဗျာ ။ SubDomain အနေနဲ့ အလကား FOC လုပ်လို့ရတဲ့ Hosting တချို့တော့ တွေ့ဖူးတယ်။ Loading ကြာတယ်လို့ထင်တယ်။ နောက်တစ်ခုက သူ့ဆိုဒ်ရဲ့ ကြော်ငြာတွေ များတယ်။ ကျွန်တော်သိတဲ့ ဆိုဒ်တချို့ကို ပြောတာပါ။ Domain Name Life Cycle နဲ့ ပတ်သတ်ပြီး ကျွန်တော်ဖတ်လိုက်ရတာကို မိတ်ဆွေတို့လည်း ဖတ်ကြည့်ပါဦး ။


How Domains Expire
In the early days of the Internet when a domain name expired it was already available for other people to register it. Nowadays the process is more complex; the ICANN (Internet Corporation for Assigned Names and Numbers) created what is called “Grace Period” to protect the registrants.

The Daily Domainer blog has an interesting article titled “Expired – But Not Gone” describing the process in detail. Basically once a domain expires it enters into the “Auto Renew Grace Period”. This period usually lasts 30 days and the owner of the domain is able to renew anytime during that time frame. Should the owner fail to renew the domain it will enter into the Redemption period.

The registrar becomes the owner of the domain on this period, and it will try to sell the domain through auctions or retain it in the case it generates PPC revenues. Finally if the domain is not sold through an auction and if it is also not generating revenues the registrar will release it.

Monday, June 25, 2007

Force Firefox to make itself the default

Firefoxကို Default Browserလုပ်ဖို့ Firefox > Tools > Options > Main > System Defaults > (checkmark) Always check to see if Firefox is the default browser on startup -> "Check Now" ကနေ မသွားပဲ Run Commandကနေ လုပ်တဲ့နည်းပါ။ လိုအပ်ရင်ပြန်သုံးနိုင်အောင် ဘလော့ဂ်မှာမှတ်ထားလိုက်တယ်။

၁. Exit Firefox completely
၂. Run Command
၃. firefox.exe -silent -nosplash -setDefaultBrowser

About This Blog

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP