Showing posts with label Blogs. Show all posts
Showing posts with label Blogs. Show all posts

Friday, March 07, 2008

Video Collection Widget for Blog

If you sometimes write posts on your blog that includes videos,you can collect your video posts in one place by using a video collection widget called Vodpod.

  • Go to http://vodpod.com and get a free account.
  • Once you have created an account, VodPod tells you to install VodPod button at your browser toolbar or to add its bookmarklet (Save to VodPod).You may ignore it, but it is a very powerful tool to easily collect videos into your VodPod video llist.
  • You can now import your videos by one of these options.
    1. direct clicking the browser button to add a video
    2. entering web address or embed tag
    3. inserting your blog address (a new tool called blog importer....videos@your blog will be automatically imported to VodPod)
    4. uploading from your computer or via ftp
  • You have imported some vids and now customize your widget style and get your widget for your blog.

Thursday, February 21, 2008

Funny Comics

Bloggags.com မှာတွေ့တဲ့ ကာတွန်းတွေ ဖြစ်ပါတယ်။ ဘလော့ဂ်နဲ့ဆိုင်တဲ့ ကာတွန်းတွေကို သဘောကျတယ်။ အဲဒီဆိုဒ်က အသစ်ထပ်တင်တာမတွေ့ဘူး။ ၂၀၀၇ မှာထဲက ရပ်နေတယ်။ ကျွန်တော်အရင်တစ်ခါ တင်ဖူးတဲ့ပို့စ်က Weblogcartoons.com မှာလည်း အသစ်တွေ ထပ်မတွေ့ရဘူး။ အခုကာတွန်းတွေကိုလည်း သဘောကျတယ်။ ပျော်ရွှင်ပါစေ။


Saturday, February 16, 2008

Blogging

Why do we blog?

  • Blogging as a Job?
  • Blogging as fun?
  • Blogging as a pleasure?
  • Blogging for the sake of earning money?
  • Blogging for sharing thoughts, views and knowledge?

And you? why are you blogging? Hmmmmmm !!!!!!

Scheduled Posts in Blogger

Blogger New Feature by Blogger Draft








ဘလော့ဂ်မှာ ပို့စ်တွေကို ကြိုပြီးတင်ထားလို့ ရပါပြီ။ Blogger Draft မှာ ရေးထားပါတယ်။ တင်ချင်သောပို့စ်ကို Publish လုပ်ပြီး ဘလော့ဂ်မှာ ပို့စ်ကို တက်စေချင်သော နေ့ရက် အချိန်ကို ကြိုပြီး ပေးထားလို့ရပါတယ်။ Blogger Text Editor ကို ဝင်ပါ။ ဝင်ပြီးတော့ Post Option မှာ နေ့ရက် အချိန်ကို မိမိပို့စ်ကို Publish လုပ်လိုသော နေ့ရက်၊ အချိန်ကို ပြောင်းထားလိုက်ပါ။ ပြီးရင် Publish လုပ်လိုက်ပါ။ Edit Posts တွေမှာ Scheduled ဆိုပြီး ပေါ်နေပါလိမ့်မယ်။ ကြိုတင်စီစဉ်ထားသော သတ်မှတ်ထားသော အချိန်မှာ ပို့စ်ကို ဘလော့ဂ်မှာ မြင်နိုင်ပါပြီ။

Additional Notes from Blogger Draft

We know that some bloggers currently use future post dates in order to keep one post at the top of their blog for a while. Though we recommend that you use a Text page element for this, you can still get this old behavior with just one additional step. First, publish your post with the current date and time. This will publish it to your blog. Then, once it’s published, edit the post to change the date to the future and publish it again. We don’t re-schedule posts that are already published, so the post will stay on your blog but sort to the very top.

As with published posts, the post editor does not autosave scheduled posts if you go back and edit them. You wouldn’t want the post to publish while you’re in the middle of editing it! You can save the scheduled post as a draft to remove the scheduling and this will turn autosave back on.

In some testing we’ve found that schedule posting is not working for some FTP blogs. If you run across this, please let us know in the comments so we can try to track it down.

:) I have scheduled this post last night.
Works?

Bloggers' Life

အရင်တုန်းက အွန်လိုင်း Chat အတွေ့အကြုံတွေအကြောင်း သီချင်းတွေကို နားထောင်ဖူးကြပြီး ဖြစ်မှာပါ။ Chat သမားဘဝ ပြီးတော့ အခု ဘလော့ဂ်သမား ဘဝ လာတော့မယ်။ မြန်မာဘလော့ဂ်ဂါများရဲ့ ဖြတ်သန်းမှုတွေအကြောင်း သီချင်းများတဲ့။ သီချင်းဖန်တီးသူတွေကလည်း မြန်မာဘလော့ဂ်ဂါတွေပဲ။ အမ်တီဗွီရိုက်ရန် လူစုလျက်ရှိ။ ဖြန့်ချီမည့် အယ်လ်ဘမ်တွင် တစ်ပုဒ်အပါအဝင်ဖြစ်သော "ဒို့ရပ်ဝန်း"သီချင်းအတွက် 14.2.2008 တွင် ဘလော့ဂ်ဂါများကို ဖိတ်ခေါ်ပြီး အမ်တီဗွီရိုက်ပြီး။ သီချင်းများအတွက် တီဝိုင်းကိစ္စ၊ တေးသံသွင်းကိစ္စများ အဆင်ပြေပြီးလျှင် အခွေထွက်လာမည်ဟု သတင်းရရှိ။ သတင်းအစုံအလင်မှာ ....... :D


















Design Created by MyKha
Picture via Barnyars

Tuesday, August 21, 2007

Blog , Blogger , Blogging

MyanmarISP မှာတွေ့တဲ့ ဆရာကျော်ဝင်းရဲ့ ဆိုက်ဘာဓလေ့ အကောက်အယူများဆိုတဲ့ စာအုပ်က ဆောင်းပါးကို ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ ဆရာကျော်ရင်မြင့်အကြံပေးတဲ့ ဘလော့ဂ်ဂါအက်သစ်များအကြောင်းကို ရတနာချိုဆီမှာ ဖတ်မိပြီး ဘလော့ဂ်အကြောင်းဖတ်ဖူးတာကို ဇော်ဂျီဖောင့်နဲ့ စာပြန်စီထားတာပါ။ ဆိုက်ဘာဓလေ့ အကောက်အယူများဆိုတဲ့ စာအုပ်က ၂၀၀၆ နိုဝင်ဘာလမှာ ထုတ်တဲ့ စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ကျွန်တော် အခုတင်တဲ့ ဘလော့ဂ်အကြောင်း အပြင် Community အကြောင်း ၊ Community Memory ၊ Community Networks ၊ Community Informatics(CI) ၊ Community Technology Center အကြောင်းများ ၊ Cyberlibertarianism ၊ Cyberspace ၊ Cybercrime အကြောင်းများ ၊ Information Society ၊ Network Organizations ၊ Netiquitte/Netizen ၊ National Information Infrastructure ၊ Information ၊ Hacker/Hacking/Hactivist ၊ Globalization နဲ့ Free Software Movement တွေ အကြောင်းကို ရေးသားထားတဲ့ ဆောင်းပါးတွေပါပါတယ်။ ဘလော့ဂ်ရေးတဲ့သူတွေ ဘလော့ဂ်ဖတ်နေကျသူတွေ အနေနဲ့ ဘလော့ဂ်ဆိုတာ ဘာလဲဆိုတာ အကျွမ်းတ၀င်ဖြစ်နေပြီးသားပါ။ ဘလော့ဂ်ဆိုတာဘာလဲ မေးဖူးတဲ့သူတွေကို အဓိက ရည်ညွှန်းပါတယ်။ ဘာကြောင့် ဘလော့ဂ်ရေးသလဲဆိုတာကို တချို့ဘလော့ဂ်ဂါတွေ ရေးဖူးကြပါတယ်။ ရည်ရွယ်ချက်ကောင်းနဲ့ ရေးကြတဲ့ ဘလော့ဂ်တော်တော်များများကို ရှိပါတယ်။ ကိုယ့်ဘလော့ဂ်လာဖတ်တဲ့ သူတွေ ဘလော့ဂ်ကနေပြီး နည်းပညာအသစ်အဆန်းတစ်ခုခု ၊ အတွေးအမြင်တစ်ခုခု ၊ ကိုယ်မသိသေးတဲ့ အကြောင်းအရာတစ်ခုခု ၊ အတွေ့အကြုံအသစ်တစ်ခုခု ရသွားစေချင်တဲ့ စေတနာနဲ့ ဖြစ်စေ ၊ ကိုယ်ပိုင်မှတ်တမ်း တစ်ခု ခံစားချက်စုစည်းရာသဘောမျိုးဖြစ်စေ ရေးကြတာကိုလည်း တွေ့နိုင်ပါတယ်။

ဘလော့ ၊ ဘလော့ဂါ ၊ ဘလော့ဂင်း
၁၉၉၇ ခုနှစ်က ရိုးဘော့ဝစ် စဒမ့်ကွမ် ၀က်ဘ်ဆိုဒ်မှာ စတွေ့ရတဲ့ ဝေါဟာရလို့ အဆိုရှိပါတယ်။ စသုံးစဉ်က weblog ပါ။ နောက်မှ အတိုချုံ့ပြီး Blog ဖြစ်ရာကနေတွင်ကျယ်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ အတိအကျ ဘာသာပြန်ဖို့မလွယ်တာမို့ `ဘလော့´လို့ပဲ ထားလိုက်ကြပါစို့။ အဓိပ္ပာယ်က ကွန်ပျူတာကီးဘုတ် ဒါမှမဟုတ် ဆဲလ်ဖုန်းသုံးပြီး ကိုယ်ပြောချင် ရေးချင်တာ ချရေးလို့ ရတဲ့ ၀က်ဘ်ဆိုဒ်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် နိစ္စဓူဝကိစ္စတွေကို မှတ်တမ်းတင်ကြတာမို့ အင်တာနက် ဒိုင်ယာရီလို့လည်း ခေါ်ကြတာရှိတယ်။ တချို့က ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေတင်ပြီး ကိုယ်ပိုင် `ဘလော့´တွေ ထောင်ထားကြတာရှိသလို ဘယ်သူမဆို တပြားမှ ပေးစရာမလိုဘဲ ဖရီးဝင်ရေးလို့ရတဲ့ ၀က်ဘ်ဆိုဒ်တွေလည်း အများကြီး ရှိပါတယ်။ အခု www.MyanmarISP.com ဟာလည်း open library အသေးစားနဲ့ တွဲထားတဲ့ Blog ၀က်ဘ်ဆိုဒ် တစ်မျိုးလို့ ပြောလို့ ရပါတယ်။

ဘလော့ဂါ Blogger ဆိုတာက အဲသလို မိုးပေါ်မှာ စာရေးတဲ့သူတွေကို ခေါ်တာပါ။ နောက်ပိုင်းမှာ အင်တာနက် ဂျာနယ်လစ်လို့ ခေါ်ကြတာလည်း ရှိရဲ့။ သူ့အကြောင်းနဲ့သူလို့ ဆိုရပါလိမ့်မယ်။ ဒီလို အွန်လိုင်းပေါ်မှာ စာရေးကြတာမျိုးကို `ဘလော့ဂင်း´Blogging လို့ခေါ်ပါတယ်။ နောက်ပိုင်းမှာတော့ ဘလော့ဂါတွေစုပြီး အကြောင်းအရာ တစ်ခုခုကို `တည်´ဆွေးနွေးတာမျိုးကိုလည်း `ဘလော့ဂင်း´လို့သုံးလာကြတယ်။

`ဘလော့လှုပ်ရှားမှု´ဟာ စခါစကတော့ သာမန်လို့ ပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူတယ်။ မကွာလှပါဘူး။ ရေးကြပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ `မာမီကပြောတယ်၊ ဒီနေ့ မိုးရွာမယ်´ဆိုတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူ့အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ ဘလော့ လုပ်လာကြတယ်။ ဘလော့ဂါအချင်းချင်းလည်း အပြန်အလှန် ဆွေးနွေးကြတာ ၊ ဝေဖန်ကြတာတွေ ရှိလာတယ်။ ဒါကြောင့်လည်း အင်တာနက် ဂျာနယ်လစ်လို့ ခေါ်လာကြတာ ဖြစ်မယ် ထင်ပါရဲ့။

ဘလော့ လှုပ်ရှားမှုရဲ့ ထူးခြားချက်က ဘာအကန့်အသတ် အထိန်းအချုပ်မှ မရှိတာ။ ဥပဒေနဲ့ ကန့်တာ ထိန်းတာ မပြောနဲ့ ၊ အယ်ဒီတာတောင် မရှိဘူး။ ကိုယ်ရေးချင် ၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာများလို့ မကျေနပ်တဲ့ လူတွေဘက်ကလည်း အရေးယူလို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာ ဖြစ်တာမျိုး ရှိသလောက်ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်းစီးဆင်းမှုကို အားပေးတာတော့ အမှန်ပဲ။ နိုင်ငံသား အခွင့်အရေး(Citizen Right) ကို အပြည့်အ၀ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ်(Citizen Journalist)လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။

မီဒီယာလောကအနေနဲ့ ဘလော့ဂါတွေကို အလေးထားရတဲ့ ကိစ္စကတော့ သူတို့ရဲ့ ခရာမှုတ်သူ(Whistle Blower) အခန်းကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျမီဒီယာကြီးကိုတောင် ဘလော့ဂါတွေက ဖွင့်ချဖူးလို့ မီဒီယာတော်တော်များများက ဖြုံကြတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ် မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့ သတင်းဦး ၊ သတင်းထူးတွေ ပေးနိုင်တာမို့ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်ပြန်တယ်။ `တံခါးဖွင့်စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမတွေ´ (Open-Source Newsrooms) တွေ အွန်လိုင်းပေါ်မှာ အပြိုင်းအရိုင်း ပေါ်လာတော့ ဘလော့ဂါတွေရဲ့ ကျေးဇူးကြောင့်လို့ ပြောနိုင်စရာ ရှိပါတယ်။

အီရတ်စစ်ပွဲ အကြိုကာလလောက်က စပြီး မီဒီယာလောကသာမက နိုင်ငံရေးလောကကပါ ဘလော့ဂါတွေကို အလေးထား စောင့်ကြည့်လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိ ဘလော့ဂါတွေရဲ့ သဘောထားအမြင်တွေဆိုရင် စစ်မဟာဗျူဟာပညာရှင်ဆိုသူတွေတောင် လက်ဖျားခါရတယ်ဆိုပဲ။ ပညာရှင်တချို့ကဆိုရင် ဘလော့ဂါတွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ ကျင့်သုံးနေကြတဲ့ ပထမဆုံး`ခရူဆိတ်တာ´တွေလို့တောင် အမွှန်းတင်ကြတယ်။

ဘာပဲဖြစ်ဖြစ် ဘလော့လှုပ်ရှားမှုဟာ စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် အပြန့်ကျယ်လာတာတော့ သေချာတယ်။ အခုလောလောဆယ် ၀က်ဘ်ဆိုဒ်ပေါ်မှာ ဘလော့ပေါင်း သန်းဝက်ကျော်နေပြီလို့ သိရတယ်။ အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာကိုပဲ ဘလော့ဂါပရိသတ်(၃၂)သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့တိုင်းမ် ဂျာနယ်လစ်`တောမတ်ဖရီးမင်း´ကတော့ ဘလော့လှုပ်ရှားမှုကို `တံခါးမရှိ ဓားမရှိ စူးစမ်းလေ့လာရေး´(Open-Source)လို့ အကဲဖြတ်တယ်။ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့လည်း ဆိုပါတယ်။

Wednesday, July 25, 2007

Myanmar Blogosphere

ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး။ ဟုတ်ပါတယ်။ ချမ်းမြစိုး ပြောသလိုပါပဲ။ ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး ၊ ခွေးဟောင်တိုင်း တောင်မရွေ့ပါဘူး။ မြန်မာဘလော့ဂ်ဂါတချို့ရဲ့ စီဘောက်စ်မှာ သေးသိမ်တဲ့စိတ်ဓာတ်နဲ့ အဆင့်အတန်းမရှိစွာ ပြောသွားတာတွေ ၊ တချို့သော အမျိုးသမီးဘလော့ဂ်တွေမှာ နှမချင်းမစာနာ ပြောသွားတာတွေ တွေ့နေရပါတယ်။ မန္တလေးဘလော့ဂ်ဂါတချို့ရဲ့ ဘလော့ဂ်တွေမှာဆိုရင် ခြိမ်းခြောက်တဲ့ သဘောမျိုးရေးသွားတာတွေတွေ့နေရပါတယ်။ နောက်တစ်ခုက ဆဲလားဆိုလားလုပ်တဲ့ ကိစ္စ ၊ တခြားဘလော့ဂ်ဂါတွေရဲ့ လိပ်စာကိုသုံးပြီး စီဘောက်စ်တွေမှာ ၀င်ရောက်ပြောဆိုနေတာတွေ။ ခံရသူဘလော့ဂ်ပိုင်ရှင်အနေနဲ့ တော်တော်ဒေါသဖြစ်ရမယ့် ကိစ္စပါ။ ကိုယ်ချင်းစာပါတယ်။
တချို့သောသူများ သူများကောင်းကျိုးမလိုလားတတ်ကြသေးဘူး။ ချက်တက်တယ် ၊ အွန်လိုင်းမိတ်ဆွေရှာတယ်(အွန်လိုင်းရည်စားရှာတယ်) ၊ အင်တာနက်ပေါ်တင်ထားတဲ့ အသက်၁၈နှစ်အထက်အတွက် ကန့်သတ်ထားတဲ့ ၀က်ဘ်ဆိုဒ်တွေကို ကြည့်တယ်။ အင်တာနက်သုံးတဲ့ ရည်ရွယ်ချက်က အဲလိုမျိုးရည်ရွယ်ချက်မျိုးပဲ များမယ်ထင်ပါတယ်။

တခြားနိုင်ငံခြားသားဘလော့ဂ်တွေနဲ့ မြန်မာဘလော့ဂ်တွေကို ယှဉ်ကြည့်ရင် မြန်မာဘလော့ဂ်တွေမှာ စီဘောက်စ်ကို ပိုသုံးပါတယ်။ ဘလော့ဂ်တစ်ခုလုပ်ပြီဆိုရင် စီဘောက်စ်ဆိုတာ မပါမပြီးလိုပါပဲ။ တကယ်တမ်းတော့ စီဘောက်စ်မှာ လာရောက်လည်ပတ်သူတွေရဲ့ ဘလော့ဂ်အပေါ် အတွေးအထင်ကို ရေးသားနိုင်သလို မိမိလာရောက်လည်ပတ်တာကို ဘလော့ဂ်ရှင်ကို အသိပေးတဲ့သဘောမျိုး နှုတ်ခွန်းဆက်သွားကြောင်း သိစေနိုင်တဲ့နေရာလေးတစ်ခုပါပဲ။ မိမိဘလော့ဂ်ကတဆင့် ခင်မင်ရင်းနှီးသူတွေ တွေ့ဆုံရာနေရာလေးပါ။ မိတ်ဆွေတိုးပွားရာနေရာလေးပါ။ ကွန်မန့်မှာလည်း မိမိအတွေးအထင် ဝေဖန်ချက်တွေကို ရေးနိုင်ပါတယ်။ဒါပေမယ့် မိမိဘလော့ဂ်ကို ဖွင့်လိုက်တာနဲ့ စီဘောက်စ်မှာ ပြောထားတာတွေကို ဖတ်လို့ရတယ်မဟုတ်လား။ ကွန်နက်ရှင်နှေးတဲ့ နေရာမျိုးမှာ ကွန်မန့်တွေကို ဖတ်ဖို့ အတွက် နောက်ထပ်စာမျက်နှာတစ်ခု ထပ်ဖွင့်နေရဦးမယ်လေ။ အဲဒါကတော့ အဓိကမဟုတ်ဘူးပေါ့လေ။ ကွန်မန့်လည်း လိုသလို စီဘောက်စ်လည်း လိုအပ်လို့ သုံးနေကြတာပါ။

ဘလော့ဂ်ဂါတစ်ယောက်က ကျွန်တော့်ကို ပြောဖူးပါတယ်။ သူ့စီဘောက်စ်မှာ လာပြီးပြောချင်ရာပြော ရေးချင်ရာရေးနေတာတွေကို။ အဲဒီလူ ဘယ်သူဆိုတာ သူလည်း သိတယ်။ အဲဒီလူမှာ ကိုယ်ပိုင်ဘလော့လည်း ရှိတယ်။ အဲဒီလူရေးတာတွေကို ဖတ်ကြည့်သလောက် သူ့အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတာတွေကို ရေးတာ။ သူက သူများစီဘောက်စ်မှာလာပြီး ပြောချင်ရာပြောတယ်။ ကျွန်တော့်ကို ပြောတဲ့ ဘလော့ဂ်ဂါသူငယ်ချင်းစီဘောက်စ်မှာဆိုရင် အဲဒီ အနှောင့်အယှက်လူရဲ့ စကားတွေကပဲ နေရာယူထားသလို ဖြစ်နေတယ်။ သူ့ဘလော့ဂ်မှာ သူ့ဖာသာသူရေးလည်း ရပါတယ်။ သူ့ခံစားချက်တွေကို။ ဝေဖန်အကြံပေးလို့ရပါတယ်။ အနှောင့်အယှက် မဖြစ်ရင် တော်ပြီလေ။

ဘာပဲပြောပြော.....ကျွန်တော်ကတော့ မြန်မာဘလော့ဂ်ဂါအသိုင်းအ၀ိုင်းမှာ ဖြစ်နေတဲ့ အနှောင့်အယှက်ဖြစ်နေတဲ့ မိမဆုံးမ ဖမဆုံးမများ အားလုံးကို လုံးဝ ရှုံ့ချပါတယ်။

ခွေးဘယ်လောက်ဟောင်ဟောင် လမင်းကတော့ သာဆဲပါ။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP