Sunday, August 16, 2009

oh, My Blog

ဘလော့ဂ်က တမ်းပလိတ်လည်း ရွဲ့ စောင်းနေတာပဲ။ မဝင်တာကြာတော့ သူစိမ်းပြင်ပြင်တောင် ကြည့်နေတယ်။ စာမေးပွဲတစ်ခု ရှိသေးတယ်။ စာမေးပွဲပြီးမှပဲ အပြတ်ပြန်ရွှိုင်းတော့မယ်။ တွေ့ကရာ တမ်းပလိတ်တစ်ခုနဲ့ အဆင်ပြေသလို တင်ထားရတယ်။ အလုပ်တွေ စာတွေကိစ္စ မြန်မြန်ပြီးမှပါပဲ။

Monday, March 09, 2009

မင်္ဂလာပါ

ဘလော့ဂ်နဲ့ ပတ်သတ်ပြီး ဘာမှမလုပ်ဖြစ်တာ ကြာပြီ။ ခရီးတွေများပြီး အလုပ်တွေများနေတာနဲ့။ ပြန်ပြီး အသက်သွင်းရဦးမယ်။ တခြားသူတွေရဲ့ ဘလော့ဂ်တွေကို ဂူဂယ်လ်ရီဒါနဲ့ ဖတ်တယ်။ ကိုယ့်ဖာသာပဲ မရေးဖြစ်တာ။

Tuesday, February 24, 2009

Idle for a long time

?????????? ??????? ?????????? ??????????

Monday, September 01, 2008

Anthropological introduction to YouTube

Thursday, July 17, 2008

@Monywa

နာဂစ်သွားမယ် စိတ်ကူးထားပါတယ်။ အကြောင်းကြောင်းကြောင့် မသွားဖြစ်တော့ဘူး။ လိုက်မယ်လို့ပြောထားတဲ့ သူတွေတော့ စိတ်ဆိုးမှာပဲ။ နာဂစ်ကို မသွားဖြစ်ပေမယ့် လေဘေးကို မသွားဖြစ်ပေမယ့် ရေဘေးစောင့်ကြည့်ရေးတော့ သွားလိုက်ရတယ်။ ချင်းတွင်းမြစ်ကမ်းပါးမှာ ရေတက်တာကို ဌာနဆိုင်ရာတွေ သွားရတယ်လေ။ ရေဘေးစောင့်ကြည့်ရေး မြစ်ကမ်းပါး တာတမံ မပြိုအောင် ကာကွယ်ရေး အတွက် အဲဒါတွေ သွားလုပ်ရတယ်။ ကျွန်တော်က အခုမုံရွာမှာ။ မုံရွာမှာ မိုးမရွာပေမယ့် အထက်ဘက် ခန္တီးမိုး များတာကြောင့် မြစ်ရေလျှံတာကိုး။ ပျော်ပျော်ကြီးပဲ။ ငါးရက်လောက်ကြာသွားတယ်။ သူငယ်ချင်းတွေ အားလုံးကို သတိရပါတယ်။ အဆင်ပြေကြပါစေဗျာ။

Wednesday, June 04, 2008

Currently Enjoying Song

Janice Vidal - Never Let You Go


အမ်ပီသရီးဖိုင်ပို့ပေးတဲ့ သူငယ်ချင်းကို ကျေးဇူးတင်တယ်။

Monday, May 19, 2008

Nargis Fake Fotos

နာဂစ်အကြောင်းပြုပြီး ဆူနာမီတုန်းက ဓာတ်ပုံတွေကို အီးမေးလ်တွေကနေ အပြန်အလှန်ပို့နေကြတယ်။ ကျွန်တော့်ဆီလည်း ပုံတွေရောက်လာတယ်။ ရုတ်တရက်ကြည့်ရင်တောင် မြန်မာနိုင်ငံက မဟုတ်မှန်းသိသာတယ်။ ပို့တဲ့သူတွေကလည်း ကိုယ်တိုင်အသုံးမကျမှန်း ကြေငြာနေသလိုပဲ။ နာဂစ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပို့နေတယ်။ သေချာစဉ်းစားကြည့်သင့်ပါတယ်။ ဘာအတွက်မှ အထောက်အကူမပြုပါဘူး။ ရောင်တော်ပြန်နဲ့ ရောလွှတ်နေကြတယ်။ ဘာရည်ရွယ်ချက်မျိုးနဲ့ ဆူနာမီတုန်းက ပုံတွေကို နာဂစ်ဆိုပြီး ပို့နေကြလည်း မသိဘူး။ တစ်ယောက်ပို့တာကို နောက်တစ်ယောက်က ထပ်ပြီး Forward ထပ်လုပ်နေကြတယ်။ ထပ်ပြောရရင် ဘာအတွက်မှ အထောက်အကူ မပြုပါဘူး။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP