Thursday, February 21, 2008

ကြိုးပျက်နေသော ဂစ်တာဆီမှ တေးသွားတစ်ပုဒ်

ကောင်းကင်ပြာကို
တိမ်ညစ်တို့ အုပ်စိုး
ပြီးတော့ ...
အက်စစ်မိုးတို့ ရွာချ
ဘဝတွေ နစ်မွန်းသွားကြတယ်။

ကျေးငှက်တွေက အတောင်ပံတွေကို တမ်းတ
ပန်းပွင့်တွေက ရနံ့တွေကို သတိရ
စမ်းချောင်းတွေက စီးဆင်းခွင့်တွေကို မျှော်လင့်ကြရင်း
စိတ်ကူးတွေကို မျိုသိပ်
တိတ်တဆိတ် ခရီးဆက်ကြတယ်။

တစ်နေ့နေ့ပေါ့ ...
တိမ်ညစ်တို့ ဖရိုဖရဲ
မိုးစက်တွေ စဲမယ့် တစ်နေ့
ငြိမ်းချမ်းခြင်းရဲ့ ရှေ့မှာ
ငါတို့ ပြန်တွေ့ကြမယ်။

ကိုမျက်လုံး ဘလော့ဂ်မှာ ဒီကဗျာကို စပြီးဖတ်ဖူးပါတယ်။ freenpl မှာ ထပ်ပြီးဖတ်ရတယ်။
ရင်ထဲကို သီချင်းတစ်ပုဒ်ရောက်လာတယ်။
~ မိုးသားမည်းမည်းတွေ ကင်းရှင်းသွားတဲ့ တစ်နေ့တော့ လှပလွန်းတဲ့ ကောင်းကင်ပြာ ~~~

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP