Sunday, January 06, 2008

Funny Test - Blog Readability Test

cash advance

Online Payday Loans

Blog Readability Test ဆိုတဲ့ Blogtoy ကိုတွေ့ဖူးနေတာကြာပါပြီ။ တခြားဘလော့ဂ်ဂါတွေ စမ်းသပ်ထားတာတွေကို တွေ့ပါတယ်။ ဒါပေမယ့် ဒီစမ်းသပ်ချက်က ဘယ်လိုအလုပ်လုပ်လဲဆိုတာကို မသိတာရယ်၊ သိပ်ပြီး အယုံအကြည်မထားတာရယ်ကြောင့် စမ်းကို မစမ်းဖြစ်ဘူး။ အခုတော့ စမ်းကြည့်လိုက်တာ Genius Level ရှိပါတယ်ဆိုပြီး ပြပါတယ်။ Level တစ်ခုချင်းဟာ ဘလော့ဂ်ရေးသူနဲ့ ဖတ်ရှုသူကြား ပြောင်းပြန်အချိုးလို့ ပြောလို့ရပါတယ်။ အခြေခံပညာရေးအဆင့်နဲ့တင်ဖတ်လို့ရတယ်ဆိုတဲ့ ဆိုဒ်တစ်ခုကို ဘယ်သူမဆိုဝင်ရောက်ဖတ်ရှုနိုင်မှာဖြစ်သလို တက္ကသိုလ်ကောလိပ်အဆင့် ပညာအရည်အချင်းရှိမှ ဖတ်လို့ရမယ့် ဆိုဒ်တစ်ခုကို ဖတ်ရှုသူနည်းပါးသွားမှာပါပဲ။ ယေဘုယျအားဖြင့် ဆိုလိုတာပါ။ ကိုယ့်ဘလော့ဂ်ဘယ်လောက်အဆင့်လဲ ဆိုတာ အဲဒီမှာ စမ်းလိုက်ရင် စက္ကန့်ပိုင်းပဲ ကြာပါတယ်။ အဖြေပြန်ပေးပါတယ်။ ဘလော့ဂ်မှာ မြှုပ်ဖို့ HTML Code တစ်ခုပြန်ပေးပါတယ်။

ဒါပေမယ့် ဒီစမ်းသပ်ချက်ဆိုတာက Just for Fun သဘောမျိုးပါပဲ။ ဆိုဒ်တစ်ခုကို ဖတ်ရှုဖို့ ဖတ်ရှုသူရဲ့ အရည်အချင်း ပညာရေးအဆင့်ကို ဘယ်လို ဆန်းစစ်မှာလဲ။ ဘယ်လို Criteria တွေနဲ့ တိုင်းတာမှာလဲ။ စာလုံးအရေအတွက်နဲ့လား။ စာပိုဒ်ဘယ်လောက်ရှည်လဲဆိုတာနဲ့လား။ ခက်ခက်ခဲခဲစကားလုံးတွေ ပါမပါဆိုတာနဲ့လား။ Page Rank နဲ့တွက်မှာလား။ နောက်တစ်ခုရှိတာက ကျွန်တော်တို့ မြန်မာဖွန့်တွေနဲ့ ရေးတဲ့ ဘလော့ဂ်တွေကိုဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီ Readability Test ဆိုတာကြီးက ဘာမှ Serious ဖြစ်နေစရာ မရှိပါဘူး။ Just 4 Fun ပါပဲ။

ရှာရှာဖွေဖွေ မွှေမွှေနှောက်နှောက် တခြားဆိုဒ်တွေကိုလည်း စမ်းကြည့်လိုက်ပါသေးတယ်။
1)Cnet.com: Junior High School
2)CNN.com: Junior High School
3)Foxnews.com: High School
4)msnbc.msn.com: High School
5)Techchrunch.com: Junior High School
6)Plaent.com.mm: Elementary School
7)Khitpyaing.org: Genius
8)MyanmarMyanmar.com: Genius

Very Funny

3 comments:

Winkabar January 6, 2008 at 5:49 PM  

ဟုတ်တယ် တကယ်ပဲ Just for fun ပဲ။ စမ်းလိုက်ရင်တော်တော်များများက genius ထွက်တာကြီးပဲ။ ဘာပဲဖြစ်ဖြစ်ကိုခွန်မောင်ပြောသလို အပျော်ပေါ့။

hnin January 7, 2008 at 4:28 PM  

အခွံရေ... မတွေ့တာ ကြာပေါ့။ ခုတလော စိတ်ရှုပ်လို့ ဘယ်မှမရောက်ဖြစ်ဘူး။ အခွံကတော့ funny တွေ ဘာတွေ ရေးလို့... :) ခဏလောက်တော့ ပျော်ချင်ပေမဲ့ ဒီကွန်မန့်ရေးဖို့တောင် လေးဆယ့်ငါးမိနစ်လောက်ကြိုးစားခဲ့ရတာလေ။

hnin January 7, 2008 at 4:34 PM  

အခွံရေ... မတွေ့တာ ကြာပေါ့။ ခုတလော စိတ်ရှုပ်လို့ ဘယ်မှမရောက်ဖြစ်ဘူး။ အခွံကတော့ funny တွေ ဘာတွေ ရေးလို့... :) ခဏလောက်တော့ ပျော်ချင်ပေမဲ့ ဒီကွန်မန့်ရေးဖို့တောင် လေးဆယ့်ငါးမိနစ်လောက်ကြိုးစားခဲ့ရတာလေ။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP