Friday, December 21, 2007

New Zawgyi-One Font

New Zawgyi-One Font Released on 04 Dec 2007

ဇော်ဂျီဖွန့်အသစ်ထွက်တာဖတ်မိတော့ ချက်ချင်းပဲ စမ်းသုံးကြည့်လိုက်ပါတယ်။ အရင်ကီးဘုတ်ကိုဖျက်၊ System Reboot လုပ်၊ ကီးဘုတ်အသစ်ထည့်၊ ဖွန့်အသစ်ကို Replace လုပ်၊ ဒီလိုနဲ့ ဖွန့်အသစ်စက်ထဲရောက်လာတယ်။ System Font တွေ အလိုအလျောက်ပြောင်းပါတယ်။ ဇော်ဂျီဖြစ်သွားပါတယ်။ လိုက်ပြောင်းစရာ မလိုပါဘူး။ ဒါပေမယ့် အိုင်ကွန်တွေမှာ ဖွန့်အရွယ်အစား သေးသွားတာကို သတိထားမိတယ်။ အင်တာနက်ဘရောက်ဇာဖွန့်တွေလည်း ဇော်ဂျီအလိုအလျောက်ပြောင်းပါတယ်။ အခုအသစ်က ဇော်ဂျီဖွန့်နဲ့ ရေးထားတာကို ပရင့်ထုတ်လိုက်ရင် သဝေထိုးတွေက A ပြောင်းသွားတာကို ပြုပြင်ထားတာလို့ ဆိုပါတယ်။ အရင်က ဝလုံးရိုက်ဖို့ သုညကိုပဲ ရိုက်ပေမယ့် “ဝလုံး”အတွက် "Shift+," ပြောင်းထားပါတယ်။ ဝလုံး (Shift+,) () နဲ့ သုည (0) (၀) ဖြစ်ပါတယ်။ သုည ()က အပေါ်ပွင့်အောက်ပွင့် ဖြစ်နေသလားလို့။

အခက်အခဲတစ်ခုတော့ တွေ့ရပါတယ်။ ဂျီတော့ခ်မှာ ရိုက်တဲ့အခါမှာပါ။ စာရိုက်ရန်အကွက်မှာ မြန်မာလိုကောင်းကောင်းရိုက်လို့ရတယ်။ ကိုယ်ရိုက်ထားတာကိုလည်း မြင်ရတယ်။ မက်ဆေ့(ခ်ျ)ဘောက်(စ်)ထဲရောက်သွားရင် မြင်ရတော့ဘူး။ လေးထောင့်တုံးတွေဖြစ်သွားတယ်။ သူများရိုက်တာတွေကိုလည်း အတုံးတွေပဲ မြင်ရတယ်။ Messaging Client မှာ ကျွန်တော်က Pidgin ကိုပဲသုံးတော့ အဆင်ပြေတယ်။ မြန်မာလိုရိုက်တာရော ရိုက်နိုင်တယ်။ မြင်ရတယ်။ Gtalk Client မှာပဲ ဖြစ်နေတယ်။ Gtalk လည်း သိပ်မသုံးတော့ သိပ်ပြဿနာမရှိပါဘူး။ လောလောဆယ် အသစ်ကိုပဲ သုံးတော့မယ်။ ပီဒီအက်ဖ်ဖိုင်လုပ်ဖို့၊ Virtual Printer အတွက် ပိုအဆင်ပြေတယ်။

Tuesday, December 18, 2007

Top Pictures of Year 2007

Reuters' List.
Pictures of the Year 2007

Urban Dictionary_Eng


www.UrbanDictionary.com

မြန်မာဘန်းစကားဆိုဒ်တစ်ခုဖြစ်တဲ့ ဂေါ်ဒိုင်လိုမျိုး ဆိုဒ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်ဘန်းစကားတွေကို A to Z စုစည်းထားတယ်။ အင်္ဂလိပ်ဘန်းစကားအဘိဓာန်တွေမှာ ရှာမတွေ့တဲ့ စကားလုံးတွေ ခေတ်နဲ့ လိုက်လျောညီထွေ အသစ်ပေါ်လာတဲ့ စကားလုံးတွေကို ရှာနိုင်ပါတယ်။ စကားလုံးတစ်ခုချင်း အသုံးအနှုန်းတစ်ခုချင်းရဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတချို့ကိုလည်း သိနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာသုံးဆိုပေမယ့် ဒေသတွေပေါ်မူတည်ပြီး စကားလုံးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူတော့တာကြောင့် အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ ထပ်ပေါ်လာတဲ့ ဘန်းစကားအသစ်တွေကို အဲဒီမှာ စုစည်းထားတယ်လို့ ဆိုနိုင်ပါတယ်။ Users' Contributions ပေါ်မှာ စကားလုံးတွေကို စုစည်းတာဖြစ်ပါတယ်။ မိမိမှာ အသစ်ထပ်ဖြည့်ချင်တဲ့ စကားလုံး စကားစုတွေကိုလည်း သွားထည့်လို့ရတယ်။ အကောင့်မလိုဘဲ ၀င်ရေးလို့ရတယ်။ အီးမေးလ်လိပ်စာကိုပဲ တောင်းပါတယ်။ ဆိုဒ်မှာ ပြန်လည်ဖော်ပြမှာ မဟုတ်ပါဘူး။ တချို့စကားလုံးတွေကို တည်းဖြတ်ပြုပြင်လိုတယ်ဆိုရင်တော့ အကောင့်ရယူဖို့ လိုပါလိမ့်မယ်။ Chat Link မှာ ၀င်ပြီး Chat လို့ရသေးတယ်။

Urban Dictionary is a slang dictionary with your definitions. Define your world.

Urban Dictionary contains frequent explicit language, and some of the pictures that are submitted may contain nudity, or other explicit imagery.

Monday, December 17, 2007

New Feature in Google Reader


Google Reader has recently linked with google talk to make one's shared items visible to Google Reader enthusiasts in your google talk friend list. Google Reader users can now see what their friends are sharing; they can see what you are sharing. When you log into the Google Reader , the change will be notified and once you click the button "Continue", you 'll be automatically subscribed to items shared by your friends. Shared items can be seen at the top left navigation area under "Friends' Shared Items" list.

Reader and Talk are Friends now.

Thursday, December 13, 2007

Free Online Translators

Free Online Translator တွေကို စတွေ့ဖူးတာတော့ Google Services တစ်ခုအနေနဲ့ စတွေ့ဖူးပါတယ်။ ဒီရက်ပိုင်းမှာ တခြားဆိုဒ်တွေ တခြား Services တွေကိုလည်း လိုက်ကြည့်မိတယ်။ ကျွန်တော့် ဘလော့ဂ်မှာ ရေးသွားတဲ့ တူရကီဘာသားစကားတစ်ခုကို မသိလို့ လိုက်ရှာကြည့်တာ ဂူဂယ်လ်ကလည်း တူရကီဘာသာစကားအတွက် မပေးထားဘူး။ ကြည့်မိတဲ့ ဆိုဒ်တွေကလည်း တူရကီကို Support မလုပ်ထားသေးဘူး။
ထားပါတော့။ ... မတွေ့လည်း မရှာတော့ဘူး ဆိုပြီး။ ... ၀င်မိတဲ့ ဆိုဒ်တွေမှာ ဘာသာပြန်အလုပ်တွေလုပ်ခိုင်းကြည့်မိတယ်။ အလကားဘာသာပြန်ပေးတဲ့ ဆိုဒ်တွေကိုပဲ ၀င်ပါတယ်။ ပိုက်ပိုက်ပေးရတဲ့ အကောင့်တ်နဲ့မှ ၀င်ရတဲ့ ဆိုဒ်တွေကို ကျော်တယ်။ ကျွန်တော်အဓိက စမ်းတာက ရုစကီးစာရယ်၊ ဂျပန်စာရယ်၊ တရုတ်စာရယ် စမ်းကြည့်တယ်။ အဲဒီထဲကမှ သဒ္ဒါနည်းအရရော ဝေါဟာရအရရော မှန်တယ်လို့ ယူဆတဲ့ Online Translators တွေကို မှတ်ထားလိုက်တယ်။ ဒီဘလော့ဂ်မှာပေါ့ဗျာ။ ဂျပန်တွေ တရုတ်တွေကိုတော့ နားမလည်ပါဘူး။ ဒါပေမယ့် ခန့်မှန်းခြေအားဖြင့် မှန်တယ်ယူဆတာပါ။ Translator Robot က ဆရာကြီးပဲ။ ကိုယ်က ဆရာကြီးမှ မဟုတ်တာ။ အများအားဖြင့် ဘိုလို ခေါင်းစဉ်တပ်ထားပြီး ပို့စ်မှာ ဂျပန် တရုတ်စသဖြင့် ရေးထားတာတွေကို ဘာသာပြန်ခိုင်းကြည့်တာပါ။ ခေါင်းစဉ်အရ အကြမ်းဖျင်းနားလည်တာနဲ့ ပို့စ်ကစာသားတွေကို ဘာသာပြန်ပေါ် နှိုင်းယှဉ်ကြည့်တာ ဖြစ်ပါတယ်။

တချို့ဆိုဒ်တွေမှာတော့ စာသားတွေကိုရော ၀က်ဘ်ဆိုဒ်တစ်ခုလုံးရော အီးမေးလ်တစ်ခုလုံးကို ဘာသာပြန်ခိုင်းလို့ရပါတယ်။ စာလုံးရေ ကန့်သတ်ချက်ထားတဲ့ ဆိုဒ်တွေလည်း ရှိပါတယ်။ အနည်းဆုံး ၁၅၀ တော့ ရပါတယ်။ မိုက်ခရိုဆော့တ်ရဲ့ Beta Translator ကတော့ စာလုံးရေ ၅၀၀ အထိ လက်ခံတယ်။ Google, Worldlingo, နဲ့ Microsoft က အာရပ်ဘာသာတွေကိုပါ ဘာသာပြန်ပေးတာကို တွေ့ရပါတယ်။

Google
Microsoft Live's Translator Beta
Babel Fish
Translation.Paralink
WorldLingo

Friday, December 07, 2007

Amazon's Kindle

Kindle ခေတ်စားနေပုံများတော့။ ဆိုဒ်တော်တော်များများမှာတွေ့နေရတယ်။ RSS Feed တွေမှာလည်း Kindle အကြောင်း ညွှန်းတာတွေ တွေ့တယ်။ အရင်အပတ်လောက်က CNET မှာ စဖတ်ဖူးတယ်။ Specification တွေကောင်းတယ်။ Sony Reader နဲ့ ယှဉ်ကြည့်မယ်ဆိုရင် Sony Reader မှာက Connect ဆော့ဝဲထည့်ထားတဲ့ ပီစီကနေမှ တဆင့် အင်တာနက်ဝင် စာအုပ်ကို ဒေါင်းလုဒ်ချ ပြီးမှ ပီစီကတဆင့် Sony Reader ဆီကို စာအုပ်ပြန်ပို့ လုပ်ရပေမယ့် ... Kindle မှာ EVDO ပိုလာတယ်။ SD Slot ပိုပါလာတယ်။ EVDO Build in ကလည်း အမေဇုံစာအုပ်စတိုးကြီးကို တိုက်ရိုက်ချိတ် စာအုပ်ရောင်းရအောင် ထည့်ထားတာပါ။ ၀ယ်မယ့်စာအုပ်ကို အမြည်းဖတ်ပြီး တိုက်ရိုက်ဝယ်နိုင်တယ် ရေးထားပါတယ်။ Kindle ဒီဇိုင်းကတော့ သိပ်မခမ်းနားပါဘူး။ ပုံတုံးတယ်လို့ ထင်တယ်။ Sony Reader ကမှ ခန့်သေးတယ်။ ဘယ်လိုပဲ ပြောပြော ထွက်တာမကြာသေးခင် အမေဇုံမှာ သွားကြည့်တော့ ကုန်ပစ္စည်းပြတ်လပ်နေပြီ။ အော်ဒါမှာနိုင်ပါတယ်လို့ ရေးထားပါတယ်။ :D


Wednesday, December 05, 2007

Here Comes Another Bubble, Web2.0

Funny and Amazing Video summing up all about the web 2.0 atmosphere. There 's abosolutely no bubble in technology. Above quotation is ridiculed now ,because here comes another bubble. These bubbles nowadays are connected to each other in Webosphere.

Here Comes Another Bubble

blog blog blog it all
blog it if it's big or small

blog in the locker room
babies blogging in the womb
... won't you blog about this song?

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP