Tuesday, December 18, 2007

Urban Dictionary_Eng


www.UrbanDictionary.com

မြန်မာဘန်းစကားဆိုဒ်တစ်ခုဖြစ်တဲ့ ဂေါ်ဒိုင်လိုမျိုး ဆိုဒ်တစ်ခုဖြစ်ပါတယ်။ အင်္ဂလိပ်ဘန်းစကားတွေကို A to Z စုစည်းထားတယ်။ အင်္ဂလိပ်ဘန်းစကားအဘိဓာန်တွေမှာ ရှာမတွေ့တဲ့ စကားလုံးတွေ ခေတ်နဲ့ လိုက်လျောညီထွေ အသစ်ပေါ်လာတဲ့ စကားလုံးတွေကို ရှာနိုင်ပါတယ်။ စကားလုံးတစ်ခုချင်း အသုံးအနှုန်းတစ်ခုချင်းရဲ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတချို့ကိုလည်း သိနိုင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာသုံးဆိုပေမယ့် ဒေသတွေပေါ်မူတည်ပြီး စကားလုံးအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ မတူတော့တာကြောင့် အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ ထပ်ပေါ်လာတဲ့ ဘန်းစကားအသစ်တွေကို အဲဒီမှာ စုစည်းထားတယ်လို့ ဆိုနိုင်ပါတယ်။ Users' Contributions ပေါ်မှာ စကားလုံးတွေကို စုစည်းတာဖြစ်ပါတယ်။ မိမိမှာ အသစ်ထပ်ဖြည့်ချင်တဲ့ စကားလုံး စကားစုတွေကိုလည်း သွားထည့်လို့ရတယ်။ အကောင့်မလိုဘဲ ၀င်ရေးလို့ရတယ်။ အီးမေးလ်လိပ်စာကိုပဲ တောင်းပါတယ်။ ဆိုဒ်မှာ ပြန်လည်ဖော်ပြမှာ မဟုတ်ပါဘူး။ တချို့စကားလုံးတွေကို တည်းဖြတ်ပြုပြင်လိုတယ်ဆိုရင်တော့ အကောင့်ရယူဖို့ လိုပါလိမ့်မယ်။ Chat Link မှာ ၀င်ပြီး Chat လို့ရသေးတယ်။

Urban Dictionary is a slang dictionary with your definitions. Define your world.

Urban Dictionary contains frequent explicit language, and some of the pictures that are submitted may contain nudity, or other explicit imagery.

1 comments:

madyjune December 31, 2007 at 8:36 AM  

မဒီကတော့ urbandictionary.com ကို email နဲ့ subscribe လုပ်ထားလိုက်တယ်။ နေ့စဉ် စကားလုံးအသစ်တွေ သိရအောင်လို့။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP