Friday, December 21, 2007

New Zawgyi-One Font

New Zawgyi-One Font Released on 04 Dec 2007

ဇော်ဂျီဖွန့်အသစ်ထွက်တာဖတ်မိတော့ ချက်ချင်းပဲ စမ်းသုံးကြည့်လိုက်ပါတယ်။ အရင်ကီးဘုတ်ကိုဖျက်၊ System Reboot လုပ်၊ ကီးဘုတ်အသစ်ထည့်၊ ဖွန့်အသစ်ကို Replace လုပ်၊ ဒီလိုနဲ့ ဖွန့်အသစ်စက်ထဲရောက်လာတယ်။ System Font တွေ အလိုအလျောက်ပြောင်းပါတယ်။ ဇော်ဂျီဖြစ်သွားပါတယ်။ လိုက်ပြောင်းစရာ မလိုပါဘူး။ ဒါပေမယ့် အိုင်ကွန်တွေမှာ ဖွန့်အရွယ်အစား သေးသွားတာကို သတိထားမိတယ်။ အင်တာနက်ဘရောက်ဇာဖွန့်တွေလည်း ဇော်ဂျီအလိုအလျောက်ပြောင်းပါတယ်။ အခုအသစ်က ဇော်ဂျီဖွန့်နဲ့ ရေးထားတာကို ပရင့်ထုတ်လိုက်ရင် သဝေထိုးတွေက A ပြောင်းသွားတာကို ပြုပြင်ထားတာလို့ ဆိုပါတယ်။ အရင်က ဝလုံးရိုက်ဖို့ သုညကိုပဲ ရိုက်ပေမယ့် “ဝလုံး”အတွက် "Shift+," ပြောင်းထားပါတယ်။ ဝလုံး (Shift+,) () နဲ့ သုည (0) (၀) ဖြစ်ပါတယ်။ သုည ()က အပေါ်ပွင့်အောက်ပွင့် ဖြစ်နေသလားလို့။

အခက်အခဲတစ်ခုတော့ တွေ့ရပါတယ်။ ဂျီတော့ခ်မှာ ရိုက်တဲ့အခါမှာပါ။ စာရိုက်ရန်အကွက်မှာ မြန်မာလိုကောင်းကောင်းရိုက်လို့ရတယ်။ ကိုယ်ရိုက်ထားတာကိုလည်း မြင်ရတယ်။ မက်ဆေ့(ခ်ျ)ဘောက်(စ်)ထဲရောက်သွားရင် မြင်ရတော့ဘူး။ လေးထောင့်တုံးတွေဖြစ်သွားတယ်။ သူများရိုက်တာတွေကိုလည်း အတုံးတွေပဲ မြင်ရတယ်။ Messaging Client မှာ ကျွန်တော်က Pidgin ကိုပဲသုံးတော့ အဆင်ပြေတယ်။ မြန်မာလိုရိုက်တာရော ရိုက်နိုင်တယ်။ မြင်ရတယ်။ Gtalk Client မှာပဲ ဖြစ်နေတယ်။ Gtalk လည်း သိပ်မသုံးတော့ သိပ်ပြဿနာမရှိပါဘူး။ လောလောဆယ် အသစ်ကိုပဲ သုံးတော့မယ်။ ပီဒီအက်ဖ်ဖိုင်လုပ်ဖို့၊ Virtual Printer အတွက် ပိုအဆင်ပြေတယ်။

3 comments:

Anonymous December 22, 2007 at 7:25 PM  

Thank you

www.r10.net küresel ısınmaya hayır seo yarışması -
www.r10.net küresel ısınmaya hayır seo yarışması -
www.r10.net küresel ısınmaya hayır seo yarışması -
Toplist
izle , izlesene -
car
izlesene
seo
netlog
Güzel Sözler
oyun
Rize
pusat
hikaye

madyjune December 31, 2007 at 8:56 AM  

မဒီကတော့ အခုထက်ထိ ကိုရီးယားလို ပေးထားတဲ့ file name တွေနဲ့ ဇော်ဂျီနဲ့ ကြောင်နေတုန်းပဲ။ ပေါ်တဲ့အခါပေါ်ပြီး ပြီးရင် လေးထောင့်အတုံးတွေ ပြန်ဖြစ်သွားပြန်ရော။ အဲဒါကို select လုပ်မှ စာသားတွေပေါ်တယ်။ ပြောတော့ တစ်ခါပြောပြီးသားလဲ ဖြစ်တော့ နောက်ထပ်လဲ မပြောဖြစ်တော့ပါဘူး။ စမ်းကြည့်သလောက်တော့ တခြားယူနီကုတ်တွေနဲ့က ဘာပြသနာမှမရှိဘူး။ ဒီ ကိုရီးယားနဲ့မှ အတုံးတွေဖြစ်ကုန်တာ။ အခုတော့ ဒီလိုပဲ select လုပ်ပြီး သီချင်းနာမည်တွေ ကြည့်နေတယ်။

Anonymous August 10, 2008 at 2:12 PM  

sex
sikiş
sexy seyret
adult
hikaye
penis büyütücü
penis büyütücü
klipler
hikaye
muzur kızlar
zayıflama
yükle
liseli kızlar

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP