Friday, November 16, 2007

Plagiarism

Plagiarism နှင့်ပတ်သတ်၍

Term Paper တွေကို copy-paste လုပ်ထားခြင်း ရှိ မရှိ အသုံးချပရိုဂရမ်တစ်ခုနဲ့ စစ်ဆေးပြီး စာတမ်းရဲ့ အဆင့်အတန်းကို ထိန်းသိမ်းတယ်ဆိုတာကို အကိုစိုးထက်နဲ့ တစ်ခါစကားပြောတုန်းမှာ စပြီးသိပါတယ်။ ဘယ်လိုဆော့ဝဲလဲဆိုတာကို စိတ်ဝင်တစားရှာကြည့်မိတော့ Software for Detecting Plagiarism ဆိုတာကို တွေ့တယ်။ ဆရာသုံးဆော့ဝဲပဲလို့ပြောရမလားတော့ မသိဘူး။ ဒါပေမယ့် ကိုယ်တိုင်လည်း မိမိစာတမ်းကို မိမိပြုစုရေးသားတဲ့ စာစုကို စစ်ဆေးလို့ရပါတယ်။ ပွဲမ၀င်ခင် ကြိုစစ်လို့ရတယ်ပေါ့ဗျာ။ plagiarized content တွေပါလို့ စာတမ်းကို ပြန်ပြင်ရေးရမှာနဲ့စာရင် တကယ်ကြပ်မတ်တဲ့ တက္ကသိုလ်တွေက ကျောင်းသားတွေအတွက် အသုံးဝင်ပါတယ်။ မိမိအရင်ရေးခဲ့ဖူးတဲ့ စာတမ်းက စာသားတွေကိုတောင် တချို့တက္ကသိုလ်တွေမှာ ပြန်လည် ကူးချခွင့် Self-plagiarise လုပ်ခွင့်မပေးပါဘူး။ စာတမ်းရဲ့တန်ဖိုး တက္ကသိုလ်ရဲ့ဂုဏ်သိက္ခာ အတွက် Plagiarism နဲ့ ကင်းလွတ်ဖို့လိုပါတယ်။
နောက်တစ်ခုက Plagiarism ဆိုတာ စာတမ်းဆိုင်ရာ တက္ကသိုလ်အသိုင်းအ၀ိုင်းတစ်မျိုးထဲနဲ့ သက်ဆိုင်တာမဟုတ်ဘူးဆိုတာပါပဲ။ အနုပညာဆိုင်ရာ စီးပွားရေးဆိုင်ရာ နိုင်ငံရေးသဘောတရား မူဝါဒပိုင်းဆိုင်ရာ အစရှိသဖြင့် တော်တော်များများနဲ့ သက်ဆိုင်ပါတယ်။
အရင်ဖတ်မှတ်ထားဖူးတာတွေကို မိမိကိုယ်ပိုင် own work တစ်ခုအနေနဲ့ ဖန်တီးတဲ့ အခါမျိုးမှာ copied idea, copied literature သဘောမျိုးဖြစ်သွားတတ်ပါတယ်။ တိုက်ရိုက် ဖြတ်ညှပ်ကပ် လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပေမယ့်လည်း ဖြစ်တတ်တာကိုပြောတာပါ။ အဲဒီအမျိုးအစားက Unintentional plagiarism ထဲမှာပါပါတယ်တဲ့။ ရှာဖတ်ကြည့်သလောက် တကယ့်ပုဂ္ဂိုလ်ကြီးများလည်း မကင်းခဲ့ကြပါဘူးတဲ့။
Plagirism နဲ့မကင်းခဲ့တဲ့ ကမ္ဘာကျော်များ (၀ီကီပီးဒီးယားအဆိုအရ)
Martin Luther King, Bruce Lee, Stephen Ambrose, William H. Swanson, Lyle Menendez, Helen Keller, Dan Brown, Vladimir Putin.
Source: http://en.wikipedia.org/wiki/Plagiarism#Examples_of_purported_or_actual_plagiarism

Plagiarism ဆိုတာနဲ့ ပတ်သတ်ပြီး အဓိပ္ပယ်က “အခြားသူတစ်ဦး၏ စိတ်ကူး စာပေ တို့ကို မိမိပိုင်အဖြစ် ရယူသုံးစွဲခြင်း ခိုးချခြင်း၊ မူရင်းစာရေးသူ သို့ စာတမ်းပြုစုသူကို အသိအမှတ်ပြု credit မပေးဘဲ ရယူအသုံးချခြင်း၊ မူရင်း စာပေ စာစု အကြံဥာဏ် တို့ကို တည်းဖြတ်ပြီး မိမိကိုယ်တိုင် ဖန်တီးမှုအသစ်တစ်ခုအဖြစ် ဖော်ပြပြောဆိုခြင်း” လို့ Merriam-Webster Online Dictionary က ဖွင့်ဆိုထားပါတယ်။ Copyright infringement မူပိုင်ခွင့်ချိုးဖောက်ခြင်းနဲ့ တူသယောင်ရှိပေမယ့် မူပိုင်ခွင့်ချိုးဖောက်တယ်ဆိုတာမှာ မူပိုင်ရယူထားသူရဲ့ ခွင့်ပြုမှုမပါဘဲ တိုက်ရိုက်ကူးယူသုံးစွဲလိုက်တာပဲ ဖြစ်ပါတယ်။ ကွာတော့ကွာတယ် ဒါပေမယ့် ဒီဘူတာပဲ ဆိုက်တာပဲလို့ ပြောလို့ရတာပါပဲ။

Related Terms:
Plagiarism, Self-plagiarism, Intentional Plagiarism, Unintentional Plagiarism, Online Plagiarism, Blog Plagiarism, Plagiarize, Plagiarism Prevention, Academic Dishonesty or Academic Fraud, Quotation, Citation, Paraphrase, Violation, Consent, Copyright Infringement, Author's Reputation, Intellectual Property

Further Reading:
Wiki
Aboout Plagirism
Learning Center
Plagirism Resource Site
Software for Detecting Plagiarism

4 comments:

စိုးထက် - Soe Htet ! November 16, 2007 at 2:39 PM  

ဖတ်ပြီးသွားပြီ ကို ခွန်မောင်ရေ ... ကောင်းတယ်ဗျို့ .. :P

Winkabar November 16, 2007 at 4:43 PM  

ဟုတ်တယ်ကိုခွန်မောင်ရေ။ အဲဒီ software အကြောင်းတော့ကြားဖူးတယ်။ ဒီက ဆရာမတွေပြောတာလေ။ နင်တို့ အဲလိုကူးရင် စစ်လို့ရတယ်ဆိုပြီး ပြောပြောနေတာလေ။ မိရင် စာမေးပွဲအအောင်မပေးဘူးလေ။
အဲဒါကိုရှောင်ဖို့ ဆရာမတွေက paraphrasing ဆိုတာကိုသင်ပေးတယ်လေ။ အဲဒါနဲ့ ရေးလိုက်ရင်တော့
တိုက်ရိုက်ကူးချရာမရောက်တော့ဘူးပေါ့။ အဲဒီ software လိုချင်ရင် ဘယ်ကနေယူရမလဲ။

KhunMoung November 16, 2007 at 5:09 PM  

ဝင်္ကပါရေ ... ကျွန်တော် ဆော့ဝဲလင့်တင်ထားပေးပါတယ်ဗျ။ http://plagiarism.phys.virginia.edu/Wsoftware.html မှာ သွားကြည့်လိုက်ပါ။ အဆင်ပြေပါစေ။

Ye-Mon December 11, 2007 at 4:59 AM  

ကိုခွန်မောင်ရေ
ဒီပို့စ်လေး ကောင်းတယ်ဗျ။ public health blog မှာ ပြန်တင်ပေးနိုင်မလား။ public health ဘွဲ့လွန် တက်သူတွေ အတွက် သိသင့်တဲ့ ကိစ္စပဲ။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP