Friday, November 16, 2007

Kasperskies












Kasperskies တွေအကြောင်းရေးချင်တာကြာပြီ။ မရေးဖြစ်ဘူး။ လူကလည်း Kaspersky, ထွင်လိုက်တဲ့ ကွန်ပျူတာဗိုင်းရပ်စ်တန်ပြန်အသုံးချပရိုဂရမ် အမည်ကလည်း Kaspersky။ ဒါမျိုးမရှိဘူးလေ။ Dr.McAfee, Mr.Norton, Mr.AVG, Mr.Avia, Dr.Avast လို့ ရှိမှမရှိတာ။ မကြားဖူးဘူး။ Kasperskies မောင်နှံတွေက တော်တော်လေးကို တော်ကြပါတယ်လို့ ပြောရမယ်။ ယောက်ျား Eugene Kaspersky ကလည်း တော်သလို၊ ဇနီးဖြစ်တဲ့ Natalya Kaspersky ကလည်း ထိန်းသိမ်းမှုကောင်း စီးပွားရေးဥာဏ်ရှိတယ် ပြောရမှာပဲ။ အခုတော့ သူတို့ ကွာရှင်းလိုက်ပါပြီ။ Kaspersky Lab မှာတော့ တူတူအလုပ်လုပ်နေတုန်းပဲ။ တကယ်တော့ Kaspersky Lab ကို တည်ထောင်တာ Natalya ရဲ့ စိတ်ကူးတွေပါ။ အခုထိ ဒါရိုက်တာ ဘုတ်အဖွဲ့မှာဥက္ကဌရာထူးနဲ့ စီးပွားရေးပိုင်းလုပ်နေတာပဲ။ Eugene Kaspersky ကတော့ ဆော့ဝဲပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူပေါ့။ လေးစားဖို့ကောင်းတဲ့ ရုရှားဇနီးမောင်နှံဖြစ်ပါတယ်။

Kaspersky Lab အကြောင်းရော ဆော့ဝဲအကြောင်းရော လူပုဂ္ဂိုလ်အကြောင်းရော ရေးမယ်ဆို အများကြီးပဲ။ စိတ်ဝင်စားရင် ဆက်ဖတ်လို့ရအောင် လင့်ခ်အညွှန်းတွေ ရေးထားပါတယ်။
Further Reading:
http://usa.kaspersky.com/about-us/management/
http://www.kaspersky.com/directors
http://www.kasperskyclub.com/en/content/section/4/16/

1 comments:

hnin November 17, 2007 at 1:47 PM  

အဲဒီ Kaspersky ပေါ့ သိုးလေးကွန်ပျူတာထဲမှာ ထည့်ထားတာ။ တော်တော် စိတ်ညစ်အောင်လုပ်သေးတယ်။ အဲဒီတုန်းက အခွံကိုမမေးဖြစ်ဘူး။ ကိုဘလူးဖီးနစ်ကို မေးရသေးတယ်။ သုံးရတာ အဆင်ပြေတယ်။

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP