Friday, November 16, 2007

Blogger,Chatter,Gamer,Forumer,Learner,Surfer...etc

အချို့သည် အွန်လိုင်းတွင်ချက်တက်ရင်း အချိန်အများစုကို အသုံးချကြသည်။
အချို့သည် အသိမိတ်ဆွေ ဘလော့ဂ်များတစ်ခုပြီးတစ်ခု လည်ပတ်သွားလာရင်း အချိန်များကို ဖြတ်ကျော်ကြသည်။
အချို့သည် အင်တာနက်တွင် လူမှုဝန်းကျင်မိတ်ဆွေတိုးပွားစေသော ၀က်ဘ်ဆိုဒ်များတည်ထောင်၍ သူငယ်ချင်းတိုးပွားအောင် လုပ်ကြသည်။ အဖော်ရှာကြသည်။
အချို့သည် သတင်းနောက်လိုက်ရင်း အချိန်ကုန်ကြသည်။
အချို့သည် ကွန်ပျူတာတွင် ဂိမ်းဆော့ရင်း အွန်လိုင်းဂိမ်းများဆော့ရင်း အချိန်ကုန်ကြသည်။
အချို့သည် အသက်၁၈အထက် ၀က်ဆိုဒ်များကြည့်ပြီး ကိုယ့်ကိုယ်ကို ဖျော်ဖြေကြသည်။
အချို့သည် အွန်လိုင်းရုပ်ရှင်ဇာတ်ကားများ ကြည့်ပြီး အနားယူကြသည်။
အချို့သည် အင်တာနက်မှ တဆင့် ပညာရှာကြသည်။ အလုပ်ရှာကြသည်။
အချို့သည် အင်တာနက်မှ တဆင့် ဆွေးနွေးပွဲများတွင် ၀င်ရောက်ပြောဆို ဆွေးနွေးကြသည်။
အချို့သည် ကွန်ပျူတာတွင် အင်တာနက် တပ်ဆင်ပြီး ဒေါင်းလုဒ်သာလုပ်ကြသည်။ ဒေါင်းလုဒ်လုပ်ပြီး မဖတ်ဖြစ်သေးသောစာများ၊ မကြည့်ဖြစ်သေးသောရုပ်ရှင်ကားများ၊ မသုံးဖြစ်သေးသောအသုံးချပရိုဂရမ်များကို စုပြုံချောင်သိပ်ထားသည်။

ကျွန်တော်ကရော?
သောက်ကြီးသောက်ကျယ်တွေ လျှောက်ရေးနေတယ်။ သူကတော့ အဲဒါတွေမလုပ်တာ တစ်ခုမှ မရှိဘဲနဲ့။
ဟုတ်ကဲ့။

5 comments:

စိုးထက် - Soe Htet ! November 17, 2007 at 12:46 AM  

အတူတူပဲဗျ အကုန်လုပ်တယ် ...

madyjune November 17, 2007 at 11:35 AM  

ဒေါင်းလုဒ်လုပ်ပြီး မဖတ်ဖြစ်သေးသောစာများ၊ မကြည့်ဖြစ်သေးသောရုပ်ရှင်ကားများ၊ မသုံးဖြစ်သေးသောအသုံးချပရိုဂရမ်များကို စုပြုံချောင်သိပ်ထားသည်။

မဒီ့ကိုများ စောင်းပြီးရေးထားတာလား :)

Layma November 17, 2007 at 6:13 PM  

အန်....ဂလိုဆို လုပ်စရာတွေ အများကြီးကျန်နေသေးပါလား....။

Chaos November 18, 2007 at 6:00 AM  

အင်းမဆိုးပါဘူး
ဒီအကြံလေးကောင်းတယ်

အေးချမ်း November 22, 2007 at 12:54 AM  

အချို့သည် အင်တာနက်မှ တဆင့် ပညာရှာကြသည်။ အလုပ်ရှာကြသည်။
အချို့သည် အင်တာနက်မှ တဆင့် ဆွေးနွေးပွဲများတွင် ၀င်ရောက်ပြောဆို ဆွေးနွေးကြသည်။

အဲဒီ ၂ ခု ကလွဲ ရင် ကျွန်တော် လည်း တစ်ခုမှ မလွတ်ဖူး ...
အဟဲ ...။ အေးချမ်းပါစေ ။ :)

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP