Friday, October 26, 2007

Pidgin,Multi-Protocol Instant Messaging Client

Gtalk သုံးလို့ရတဲ့ ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ Gtalk အပြင် yahoo,msn,ICQ,QQ,IRC,AIM စတဲ့ chat programs အများကို Multiple Accounts နဲ့ တပြိုင်တည်း သုံးလို့ရပါတယ်။ နောက်ဆုံးဗားရှင်းကို ဒီမှာ ဒေါင်းလုဒ်ချနိုင်ပါတယ်။ ၀င်းဒိုးမှာသုံးဖို့ပါ။ တခြား system တွေမှာလည်း အလုပ်လုပ်ပါတယ်။ Ubuntu နောက်ဆုံးဗားရှင်း 7.10 မှာ ပါပြီးသား package တစ်ခုဖြစ်ပါတယ်။ အရင်ကတော့ Linux မှာ Gaim ကိုပဲ သုံးရပါတယ်။ အခု Pidgin နဲ့က ပိုအဆင်ပြေပါတယ်။ Ubuntu 7.10 မှာ တွေ့လို့ ၀င်းဒိုးအတွက်လည်း သုံးလို့ရမရ ရှာရင်း တွေ့တာ။ Chat တက်ဖို့အတွက် taskbar မှာ Gtalk,yahoo,msn,qq,icq တွေ စုပြုံနေစရာမလိုတော့ဘူး။ Pidgin တစ်ခုထဲနဲ့ ထိန်းထားလို့ရပြီ။ :)
သူ့ဝက်ဘ်ဆိုဒ်မှာ ရေးထားတာကိုလည်း သွားဖတ်ကြည့်နိုင်ပါတယ်။
Tips n Tweaks တွေကိုတော့ Pidgin Blog မှာ သွားဖတ်နိုင်ပါတယ်။

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP