Monday, September 03, 2007

Autumn 2007

သြဂုတ်လ ၃၁ ရက် နေ့။ နွေရာသီကာလကုန်ပြီ။ စက်တင်ဘာလ ၁ ရက်နေ့။ ဆောင်းဦးပေါက်ရာသီစပြီပေါ့။ ပညာသင်နှစ်တစ်နှစ် အစပြုတာလည်း စက်တင်ဘာလ ၁ရက်နေ့ပါပဲ။ တိုက်တိုက်ဆိုင်ဆိုင် ဒီမြို့တော်ရဲ့ City Day က ဒီနှစ် စက်တင်ဘာ ၁ ရက်နေ့။ စက်တင်ဘာလရဲ့ ပထမဆုံး စနေကို City Day အနေနဲ့ သတ်မှတ်ထားတာဖြစ်တယ်။ မြို့တော်ရဲ့ နှစ်၈၆၀ပြည့် မွေးနေ့။ အရင်ရက်တွေက မိုးတွေညိုလို့။ အရင်အပတ်တွေက မိုးတွေတောင်ရွာသေး။ ပွဲတော်ကို ကျင်းပဖို့ အားလုံး စီမံထားပြီးခါမှ မိုးရွာရင် မခက်လား။ မြို့တော်ကို အလှဆင်မယ့် အခမ်းအနားတွေလုပ်မှာလေ။ ဒါပေမယ့် ကြိုတင်စီမံမှုတွေ လုပ်ထားပြီးသားပါတဲ့။ မိုးသားတွေကို မြို့တော်ပေါ်မှာ မရွာအောင် လုပ်ပေးမယ့် နည်းပညာတွေ ရှိပြီးသားလေ။ Cloud Seeding လုပ်ဖို့ လေယာဉ်တွေ နေရာယူပြီးသား။ တကယ်ပဲ ဒီရက်ပိုင်း မိုးသားတွေ ကင်းသွားတယ်။ နေသာလာတယ်။ ၁ရက်နေ့ နဲ့ ၂ရက်နေ့ ပွဲတော်တွေ ဆက်တိုက် ကျင်းပတယ်။ အကြောင်းကြောင်းကြောင့် မသွားဖြစ်ပါ။ တနင်္လာ မနက်ဖြန် စက်တင်ဘာ ၃ရက် ကျောင်းဌာန အသီးသီး တရားဝင်ဖွင့်တော့မည်။ နေရောင်အောက် အလင်းရောင်တောက်တောက် နွေရာသီအားလပ်ရက်များမှ နေထွက်နောက်ကျ နေ၀င်စောသော ဆောင်းရာသီ စာသင်ရက်များကို ကြုံဆုံဖြတ်ကျော်ရဦးမည်။ မကြာမီကျတော့မည့် နှင်းတွေအောက်မှာ တစုံတခုကို တမ်းတလွမ်းမောမိနေဦးမည်မှာလည်း သေချာသည်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်ဆိုတာအတွက် အခုအချိန်မှာ ကျွန်တော် ပြင်ဆင်ရဦးမည်။

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP