Wednesday, July 25, 2007

Virus Security

ကျွန်တော် အရင်က စွဲစွဲမြဲမြဲသုံးခဲ့တဲ့ AntiVirus Software ဖြစ်တဲ့ AVIRA or AntiVir Software ကို သုံးကြည့်စေချင်ပါတယ်။ Personal Classic Edition က Free Ware ဖြစ်ပါတယ်။ Premium ဆော့ဝဲလ်က အလကားမရဘူးဗျ။ ၀ယ်ရတယ်။ ဒါပေမယ့်ဗျာ။ သိတဲ့အတိုင်းပဲ။ P2P Software တွေကတဆင့် လိုချင်တာတော်တော်များများကို ရှာလို့ရနေတာပဲ။ Premium Edition ကိုလည်း ဒေါင်းလုဒ်ချပြီးသုံးဖူးပါတယ်။ Personal Classic နဲ့ Premium Edition က ကွာသလားဆိုတော့ အများကြီးကွာပါတယ်။ Premium Edition မှာ Mail Guard , Personal Firewall အပြင် Rootkit Detection လည်းပါပါတယ်။ Hackers , Crackers တွေလက်စွမ်းမပြနိုင်အောင် လုံခြုံမှုပေးပါတယ်။

NOD32 အနေနဲ့ကတော့ လောလောဆယ် Resource Utilization နည်းတာရယ် Scanning Time ပိုမြန်တာရယ်ကြောင့် တချို့အားသာချက်တွေကြောင့် သုံးမိနေတုန်းပဲ။ ကျွန်တော် အကြိုက်ဆုံး ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဝဲလ် သုံးမျိုးရှိပါတယ် ။ NOD32, AntiVir (Avira Premium) နဲ့ Kaspersky တို့ဖြစ်ပါတယ်။

အခု ကျွန်တော်ပြောတဲ့ AntiVir Premium Edition ကို ဒီနေရာ[ 4Vista] [ 4XP]ကနေ ဒေါင်းလုဒ် ချနိုင်ပါတယ်။ ဇစ်ဖိုင်နဲ့တင်ထားပါတယ်။ ဇစ်ဖိုင်ကို ဖြည်ပြီး အင်စတောလုပ်နိုင်ပါတယ်။ License Key ပါပါတယ်။ License Key တောင်းတဲ့အခါ ဇစ်ဖြည်ထားတဲ့ ဖိုဒါကနေပြီးတော့ License Key ကိုထည့်ပါ။ အဆင်ပြေပါစေ။

AntiVir Premium for Windows Vista
AntiVir Premium for Windows XP

1 comments:

Anonymous April 18, 2009 at 9:56 PM  

download loke lo ma ya par

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP