Wednesday, July 25, 2007

Security

Flash Drive ပြဿနာတွေ အများကြီးတွေ့နေရတယ်ဗျာ ။ အဆောင်က ကွန်ပျူတာတော်တော်များများမှာ ဖိုဒါဖွင့်မရတာတို့ Partition တစ်ခုလုံးကို Double Click နဲ့ ဖွင့်မရတာတို့။ Flash Drive တွေက ပါလာတဲ့ Malicious things တွေက ဒုက္ခပေးတယ်ထင်တာပဲ ။ ကျွန်တော့်စက်မှာတော့ မဖြစ်ဖူးပါဘူး။ ဗိုင်းရပ်စ် နဲ့ Spyware , Adware ကာကွယ်ဖို့အတွက် ကျွန်တော်က NOD32 နဲ့ Super AntiSpyware Professional ကိုသုံးပါတယ်။ အဲဒါနဲ့ အဲဒီစက်တွေကို AntiSpyware နဲ့ Scan တော့ Spyware , Adware တော်တော်များများထွက်လာတယ်။ လစ်ပေတော့ ၊ ဂျောင်း ။ အဲဒီကောင်တွေကို Delete လုပ်ပစ်လိုက်တယ် ။ Quarantine တောင်မလုပ်တော့ဘူး။ အဲဒါအကုန်စစ်ပြီးတော့ ဖိုဒါတွေအကုန်ပြန်ရတယ်။ Partitions တွေအကုန်ပြန်ရတယ်။

တကယ်တော့ NOD32တင်ထားတဲ့ ကွန်ပျူတာမှာ Flashy Fix ထပ်ပြီး Runလိုက်ရင် တချို့စက်တွေတော့ အဆင်ပြေတယ်။ ဒါပေမယ့် တချို့စက်တွေကတော့ မရဘူးဗျ။ အဲဒါနဲ့ AntiSpyware ပါထပ်တင်ထားရတယ်။ကျွန်တော်အခုသုံးနေတဲ့ နောက်ဆုံးဗားရှင်း AntiSpyware Professional Full Version ကို ဒီမှာ ဒေါင်းလုဒ်လုပ်နိုင်ပါတယ် ။ သုံးကြည့်ပါ။ သူက AntiVirus Program နဲ့ တွဲ အလုပ်လုပ်လို့ရပါတယ်။ ကွန်ပျူတာသုံးနေ အင်တာနက်သုံးနေတဲ့သူအနေနဲ့ Virus Definiton Update , Spyware Definition Update မရှိရင် မဖြစ်တာ အမှန်ပါ။ကိုယ့်စက်မှာ ဘာဗိုင်းရပ်စ် စပိုင်ဝဲလ်မှ မရှိဘူးဆိုရင်တောင် Flash Drive လေးနဲ့ သူများစက်ကနေ ဖိုင်ကူးလားပြီး ကိုယ့်စက်မှာ လာတပ်လိုက်ရင် ကိုယ့်ဆီမှာလည်း မဖိတ်ခေါ်တဲ့ ဧည့်သည်ရောက်လာနိုင်တာပဲနော့ ။

SUPERAntiSpyware.Professional.v3.9.0.1008-HERiTAGE.rar Download

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP