Friday, July 27, 2007

ဘလော့ဂ် ရပ်ဝန်း

` အထက်တန်းကျတဲ့ ဘလော့ဂ်ဂါ´ဆိုတဲ့ ကဗျာရှည်ကြီးကို စည်းအပြင်က ကိုဖြိုးက နိဒါန်းပျိုးပြီး ဘလော့ဂ်ဂါများက စုပေါင်းရေးသားနေကြပါတယ်။ ကဗျာချစ်သူ ကဗျာဝါသနာပါသူမည်သူမဆို ပါဝင်ရေးသားနိုင်ပါတယ်။ ဘလော့ဂ်အပေါ်ထင်မြင်ချက် ဘလော့ဂ်အပေါ်ခံစားချက်တွေကို စိတ်ကူးပေါက်သလောက် သွန်ချမိသမျှ .....

ခံစားချက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
ယုံကြည်ချက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
တိုင်းပြည်အတွက် စေတနာတွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
တွဲလက်တွေ
ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်
အတွေ့အကြုံ
ပျော်ရွှင်မှု
ဝေမျှမှု
စည်းလုံးမှုနဲ့
ချစ်ကြည်ရင်းနှီးမှုတွေ
သံယောဇဉ်တွေ
...............
........
ကျွန်တော်တို့ ဘလော့ဂ် ရပ်ဝန်းမှာ ရှိတယ်။

ဒီမှာ မိတ်ဆွေ..... ဟေ့လူ
ဘာကို မကျေနပ်ပါသလဲ
ကျွန်တော်တို့ ဘလော့ဂ်ရပ်ဝန်းမှာ နေတယ်။

ခွန်မောင်

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP