Friday, June 22, 2007

Idle for a very long time

ဟုတ်ပါတယ်ဗျာ ...ဘလော့ကိုပစ်ထားတာလည်း ကြာပါပြီ။ ဘယ်ကစလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ကျွန်တော့် သူငယ်ချင်းတွေကိုတော့ ဘယ်မေ့ထားနိုင်ပါ့မလဲ။ ကျွန်တော့် အဆောင်မှာ အင်တာနက်စပိ လိပ်လိုနှေးနေပါတယ်။ သုံးစားလို့မရလောက်အောင်ပဲ။ အဲဒါစိတ်ပျက်ပြီး အင်တာနက်တစ်လစာ ပိုက်ဆံမသွင်းပဲ နေနေလို့ပါ။ အဲဒီတစ်လအတွင်း စာပဲဖတ်လိုက်ဦးမယ်ပေါ့။ စိတ်မပါ လက်မပါ စာတွေတော့ ဖတ်ဖြစ်ပါတယ်။ ဘော်ဘော်တွေနဲ့ အဆက်အသွယ်ဖြတ်ထားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဆက်သွယ်မှု ဧရိယာပြင်ပ၌ ရောက်ရှိနေပါသောကြောင့်ပါ။

ကျွန်တော့ ဘလော့ကို လာရောက်လည်ပတ်တဲ့ သူငယ်ချင်းအားလုံးကို ဒီကပဲ တစုတစည်းထဲ တောင်းပန်ပါတယ်။ သတိတရမေးတဲ့ သူငယ်ချင်းများအားလုံးကို ကျွန်တော်ကလည်း သတိရနေကြောင်းပါ။ လူပျောက်ကြော်ငြာထည့်ထားတာကို ကျွန်တော်ကိုယ်တိုင်ဖတ်ရှုမိပါကြောင်း။ ဆက်သွယ်မှုဧရိယာတွင်းသို့ ယခု ပြန်လည်ချင်းနင်း ၀င်ရောက်လာပြီ ဖြစ်ကြောင်း။ ပိုစ့်အသစ်တင်ရန် စိုင်းပြင်းနေကြောင်း။

စက်ရပ်သတင်းအနေဖြင့် နာလန်ထလာတဲ့ အဆောင်က အင်တာနက်လိပ်ကြီးသည် ကြမ်ပိုးနဲ့ အပြေးပြိုင်ဖို့ စတင်ကြိုးစားနေပြီဖြစ်ကြောင်း ။ :P

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP