Thursday, May 03, 2007

စစ်ကြီးပြီးဆုံးတဲ့အခါ


Трофим - Когда окончится война (When the War Ends)

စစ်ကြီးပြီးဆုံးတဲ့အခါ
ကောင်လေးတစ်ယောက် ပေါင်မုန့်ယူရန် ပြေးထွက်လာမယ်
ကမ္ဘာကြီးကတော့နားလည်ရခက်တဲ့ကောင်းကင်ကြီးလို တိတ်ဆိတ်ငြိမ်သက်လျှက်ပါ
မတည်မြဲတဲ့ ငြိမ်းချမ်းမှုလေးမှာ ဆိတ်ငြိမ်လျှက်ပေါ့
ကံကြမာ အချိန်ယန္တရား
ဘုရားသခင်က စီမံသွားပါလိမ့်မယ်
ဟိုးအမြင့်က ကြယ်တာရာတွေတိတ်ဆိတ်နေတဲ့ အချိန်မှာ
တစ်စုံတစ်ယောက်ရဲ့ အသံဟာ တိုးတိုးလေးထွက်လာပါတယ်
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ

စစ်ကြီးပြီးဆုံးတဲ့ အခါ
ကျွန်တော်တို့ ရဲဘော်ရဲဖက်တွေဟာ ဒဏ်ရာတွေကို ကုသကြမယ်
အသစ်ပြန်လည် ဖွံဖြိုးလာတဲ့ နိုင်ငံလေးဟာ အင်အားပြန်လည်တောင့်တင်းလာလိမ့်မယ်
တကယ့်ကို အရေးပါတဲ့ ဘ၀လေးတစ်ခုလဲ အဓိပ္ပယ်ရှိစွာဖြစ်လာမှာပါ
ပျက်စီးဆုံးရှုံးမှုတွေကို ကျော်ဖြတ်ပြီး ကိုယ့်ဘ၀ကိုကိုယ် လွတ်လပ်စွာ ရပ်တည်လာနိုင်တော့မှာပါ
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ

စစ်ကြီးပြီးဆုံးတဲ့ အခါ
ကိုးကွယ်ယုံကြည်မှုအားလုံးမှာ တူညီတဲ့
တစ်ခုတည်းသော ခံယူချက်ကတော့ အကြင်နာတရားပါပဲ
ဒီကမ္ဘာငယ်လေးမှာ ရာစုနှစ်ပေါင်းများစွာ အကြင်နာတရား ကင်းမဲ့ခဲ့တယ်
ကျွန်တော်တို့ဟာ ရန်သူတွေ မဟုတ်ကြပါဘူး
ကျွန်တော်တို့ဟာ အစွန့်ပစ်ခံ ကလေးငယ်တွေပါ
မေမေ ...ကျွန်တော်အိမ်ကိုပြန်လာမယ်
မေမေ ...ကျွန်တော်အသက်ရှင်ရက်ပြန်လာပါ့မယ်
ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ခွင့်လွှတ်ပါတယ်
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ
စစ်ကြီးပြီးဆုံးတဲ့ အခါ


0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP