Friday, April 06, 2007

Morning Coffee

FireFox မှာသုံးဖို့ add-on အသစ်တစ်ခုပါ။အင်တာနက်သုံးသူတစ်ယောက်က နေ့စဉ်ဝင်ရောက်ကြည့်ရှုနေကျ ၀က်ဆိုဒ်တွေကို ဒီ Morning Coffee Extension အသစ်က တပြိုင်တည်း Multiple tabs တွေနဲ့ ဖွင့်ပေးနိုင်ပါတယ်။ဝက်ဘ်ဆိုဒ်တစ်ခုချင်းကို ဖွင့်နေစရာ မလိုတော့ပါဘူးတဲ့။လူပျင်းတွေအတွက်လား ???

ဟဲဟဲ....ဒါပေမယ့် မလိုပါဘူးဗျာ။FireFox ရဲ့ Bookmark Function ကကောင်းပြီးသားပဲ။ကိုယ်ဖွင့်နေကျ ဆိုဒ်တွေ။ဝင်ရောက်လည်ပတ်နေကျ ဘလော့တွေကို Tab တစ်ခုချင်းမှာဖွင့် ... ပြီးတော့ Bookmark Menu ရဲ့ Scroll down List မှာ Bookmark All Tabs (Ctrl+Shift+D) လုပ်လိုက်လည်းရတာပဲ ...နော ... ဘယ်မှာ Bookmark လုပ်မှာလဲ ဆိုတာတော့ New Folder တစ်ခုတည်ဆောက်ပြီးတော့ Daily Visited Sites ဆိုပြီးတော့ နာမည်ပေးလိုက်လည်း ရတာပဲ။
အဲလိုလုပ်ပြီးသွားရင် Bookmarks Menu ထဲက Daily Visited Sites ကို Right Click နဲ့ Open All in Tabs ဆိုရင်အကုန်လုံး တပြိုင်တည်း ကြည့်နိုင်ပါတယ်။Add-on အသစ်တစ်ခု မလိုပါဘူး။
အဲလိုမှ မဟုတ်ဘူး။ကော်ဖီခွက်လေးကို Click လုပ်ပြီးမှ ကြည့်ချင်လည်းရပါတယ်။


ဒီမှာ ..... မောနင်းကော်ဖီ

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP