Tuesday, April 24, 2007

မြန်မာဗွီဒီယို ရုပ်ရှင်

ဝေဖန်ရေး လေကန်ရေးတစ်ခုပေါ့ဗျာ ...မြန်မာဗွီဒီယို ရုပ်ရှင်ဇာတ်ကားတွေ အကြောင်း ...မကြိုက်လို့လား ...ဟုတ်တယ်ဗျ ...တချို့သောဇာတ်ကားတွေ ...အများစုပါ ...တော်တော်ဆိုးတယ် ...မကြိုက်ဘူး ...ကျွန်တော်မကြိုက်တာက အသံတွေ ...နောက်ခံတေးဂီတသံတွေ တော်တော်ဆိုးတယ် ...ဇာတ်ဆောင်တွေ ဘာပြောလို့ပြောနေလဲ မသိအောင်ကို ဖျက်သလို ဖြစ်နေတယ် ...မြန်မာတစ်ယောက်အနေနဲ့ မြန်မာစကားပြောဘာပြောနေလဲ ဆိုတာတောင် တော်တော်နားထောင်ရတယ် ...ဘယ်လောက်ကောင်းတဲ့ ဇာတ်ကားမှာပဲ ဖြစ်ဖြစ် နောက်ခံတေးဂီတ အသံနဲ့ မတူဘူး ...ဒိုင်ယာလော့ဂ်တွေကပဲ နောက်ခံစကားပြောတွေလို ဖြစ်နေတယ် ...သရုပ်ဆောင်တစ်ယောက်ရဲ့ လှုပ်ရှားမှုကို ခံစားမှုကို မပေါ်ပေါ်အောင် တီးလုံးတွေနဲ့ အတင်းတွန်းပို့နေသလိုပဲ ...အခု ဗွီဒီယိုဇာတ်ကားတချို့ ကိုးရီးယား ဒရမ်မာကားတချို့ကို ပြန်လည်ခံစားမှု လုပ်ကြတယ် ...ကူးချတယ်ပေါ့ဗျာ ...ဒါပေမယ့် တခြားစီပဲဗျ ...နောက်တစ်ခုရှိတာက ဆူညံသံတွေ ...ဇာတ်ဆောင်၂ ယောက်လောက် သရုပ်ဆောင်ခန်းတွေ မသိသာဘူးဗျ ...၃ ၄ ယောက်ပိုများလာတဲ့ အခါ စကားပြောခန်းက ရန်ဖြစ်နေသလားထင်ရတယ် ...အသံဖမ်း အသံထပ်တွေပဲလိုတာလား ...အသံတည်းဖြတ်မှုတွေမှာလိုတာလား ...ကျွန်တော်ထင်တာတွေပါ ...တချို့ဇာတ်ကားတွေမှာ အသံအတိုးအကျယ် ခဏခဏလုပ်ရတယ် ...တိုးလာလိုက် ကျယ်လာလိုက် တီးလုံးသံကြီးက အူပြီးထွက်လာလိုက် မြန်မာလိုပြောတာကို အားစိုက်ပြီးနားထောင်ရလိုက်နဲ့ ...မြန်မာကားတွေ မြန်မာသရုပ်ဆောင်တွေ မြန်မာဂီတတွေကို မကြိုက်ဘူးလား ...ကြိုက်ပါတယ် ကြည့်ပါတယ် ...အဲဒါနဲ့ပဲ အဲလို အဆင်မပြေမှုတွေ တွေ့နေရတာပါ ...

0 comments:

  © Blogger template 'Darken' by Ourblogtemplates.com 2008

Back to TOP